မင်္ဂလာဆောင်တဲ့နေ့မှာ လူတွေက ရွှေတွေ ဝတ်ဆင်ကြပြီး သူတို့ရဲ့ ဇိမ်ခံမှုနဲ့ စည်းစိမ်ဥစ္စာတွေကို ပြသလေ့ရှိပါတယ် ။ ဒါပေမဲ့ လက်ရှိရွှေဈေးကြီးမြင့်နေသဖြင့် ရွှေအမြောက်အများ ပြသလာတဲ့သတို့သမီးကြောင့် လူများကို အထင်ကြီးလေးစားစေပါတယ် ။ ဒီမင်္ဂလာပွဲမှာ သတို့သမီးက ဆွေမျိုး၊သူငယ်ချင်းတွေ အလှဓာတ်ပုံရိုက်ဖို့ ရွှေများစွာရှိတဲ့ ခြင်းတောင်းတစ်တောင်းကို ယူလာပြီး ဝတ်ဆင်စေခဲ့တာကို တွေ့ရပါတယ် ။ ခြင်းတောင်းထဲမှာ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားကပ် အမျိုးမျိုးရှိတဲ့ ရွှေအမြောက်အမြားကို တွေ့လိုက်ရတော့ အားလုံးက စိတ်အားထက်သန်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်အနှံ့ စမ်းကြည့်ဖို့ ကြိုးစားကြပါတယ် ။ သတို့သမီးက လူတိုင်းကို ဝတ်ဆင်ဖို့ တိုက်တွန်းခဲ့ပါတယ် ။ အဆိုပါ “ဇိမ်ခံချောမွေ့တဲ့” ဖြစ်ရပ်ကြောင့် လူတိုင်းက တောက်ပပြီး လှပနေကြပါတယ် ။ ဒီရတနာတွေ အားလုံး အစစ်အမှန်ဆိုရင် ခြင်းတောင်းတစ်ခုလုံး ဝယ်ရတဲ့ အရေအတွက်က ဈေးအရမ်းကြီးမှာ သေချာပါတယ် ။
JRose (Mckzone daily)
Reference : yan
Zawgyi
JRose (Mckzone daily)