အဝလွန်နေသည့် ချစ်သူမိန်းကလေးကို သူငယ်ချင်း အပေါင်းအသင်းတွေက လှောင်ပြောင်လေလေ သူမကိုပိုပြီးဂရုစိုက် ချစ်ပေးလေဖြစ်နေသော ကောင်လေး

ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ဝိတ်ချဖို့မတွေးပဲ အစားအသောက်များကို စိတ်ကြိုက်စားခဲ့ရင်း အဝလွန်ကာ ကိုယ်အလေးချိန် ၉၄ကီလိုဂရမ်ထိ ဖြစ်ခဲ့ပြီး ချစ်သူကောင်လေးရဲ့ ဖက်တီးမဆိုပြီး လှောင်ပြောင်ရယ်မောခြင်းကို ခံရကာ မတူသလိုမတန်သလို ဆက်ဆံခံရပြီး လမ်းခွဲခြင်းကိုလည်း ခံခဲ့ရသည်။

မိန်းကလေးသည် အဝလွန်မှုကြောင့် ချစ်သူရည်းစားထားသော်လည်း ကြာရှည်မခံပဲ အဆက်အသွယ်ဖြတ် ထားခဲ့ခြင်းကိုသာ ခံခဲ့ရကာ သူမရဲ့ ကိုယ်ရေးကိုယ်တာအကောင့်တွင် အသဲကွဲရင်ဖွင့်ခြင်းတွေကို မျှဝေခဲ့သည်။

ထိုစဥ် အသက်၂၃နှစ်အရွယ် ကောင်လေးတစ်ဦးသည် ဝနေတာကအပြစ်တစ်ခုမဟုတ်ကြောင်းနှင့် ရုပ်ရည်သွင်ပြင်ထက် စိတ်ထားလှဖို့ကသာအဓိကဖြစ်ကြောင်း အားပေးနှစ်သိမ့်စကားများ ပြောဆိုခဲ့သည်။

သိပ်မကြာခင်မှာပဲ သူတို့နှစ်ဦးသည် ချစ်သူအဖြစ်ရောက်ရှိခဲ့ပြီး မိန်းကလေးသည် ကံကောင်းစွာပဲ ချစ်သူကောင်လေးဆီကနေ အရင်လူတွေနဲ့မတူသည့် စစ်မှန်သောချစ်ခြင်းမေတ္တာကို ရရှိကာ ၂နှစ်အတွင်း အလေးချိန်၁၀ကီလိုဂရမ်ထိ ဝိတ်လျှော့ချနိုင်ခဲ့ပြီး ကောင်လေးဆီကနေ သဲသဲလှုပ်အချစ်ခံနေရမှုကြောင့် အများမှ အားကျခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

  • Leave a Comment

Categories