သင့်ကို ခေါင်းစားသွားစေမယ့် အမြင်အာရုံကို လှည့်စားထားတဲ့ ဓာတ်ပုံများ

မင်္ဂလာပါ။ ရိုးရှင်းတဲ့ လှုပ်ရှားမှုတွေချည်း နေ့စဉ် တွေ့နေရတာ ရိုးနေပြီဆိုရင် ဦးနှောက်ကို အလုပ်ပေးတဲ့အနေနဲ့ စဉ်းစားစရာလေးတွေကိုလည်း ကြည့်သင့်ပါတယ်။ ဓာတ်ပုံကိုကြည့်ရင်း အဖြေရှာရတာ ကြိုက်တဲ့ သူတွေအတွက် အမြင်အာရုံကို လှည့်စားထားတဲ့ ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁)

ရုတ်တရက် ကြည့်လိုက်ရင် အမျိုးသမီးရဲ့ လက်က တစ်ခုခုတော့ မှားယွင်းနေသလိုပါပဲ..

(၂)

စာလုံးတွေကိုဆက်ရေးထားတာ ဖတ်တတ်သူတစ်ယောက်ရှိရင်တော့ ဒီမှာ ဘာရေးထားတယ်ဆိုတာ အဖြေကူရှာပေးခဲ့ပါအုံး

(၃)

ပရိသတ်တွေထောင်ပေါင်းများစွာနဲ့ နာမည်ကြီးအဆိုတော်တစ်ဦးရဲ့ ရှိုးပွဲကြီးလို့ထင်လိုက်တာလေ…သေချာကြည့်မှမြက်ခင်းကြီးတဲ့လား

(၄)

ဒီလူကြီးကတော့ မကြီးမငယ်နဲ့….ဟယ် မဟုတ်ပါဘူး.. ညာဘက်ကအမျိုးသမီးရဲ့ လက်ထဲက တူရဲ့ အရိပ်က သူ့ရဲ့ ဘောင်းဘီပေါ်မှာ ကျနေလို့ပါနော်

(၅)

စားပွဲခုံပေါ်ကို ရိုးရိုးတန်းတန်းတင်ထားတဲ့ ခွက်တွေလား…ဒါမှမဟုတ် နံရံပေါ်မှာ ခွက်က ကပ်နေတာလား…ကိုယ်တိုင်ပဲ ရှုထောင့်အမျိုးမျိုးကနေ အဖြေရှာကြည့်လိုက်အုံးပါနော်။

(၆)

ဒီဓာတ်ပုံဟာ ဓာတ်ပုံ ၄ပုံကို ဆက်ထားတာမဟုတ်ဘူးဆိုတာကို မြင်အောင်ကြည့်ကြည့်နော်…သေချာကြည့်ရင် နေရာတစ်ခုထဲကို ပဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်မှန်းအဖြေတွေ့မှာပါ။

(၇)

ဒီမှာလည်း ၄ပုံဆက်ထားတာမဟုတ်ရပါဘူး။ ပရိသတ်တွေကို အမြင်လှည့်စားထားရုံသက်သက်ပါပဲ။

ဒါကတော့ သက်သေပြထားတဲ့ ဓာတ်ပုံပါ။

(၈)

ဒါက ပရိဘောဂပစ္စည်းမဟုတ်ဘူးဆိုတာကို သိရဖို့ အချိန်ဘယ်လောက်လောက် ကြည့်ပြီး အဖြေရှာလိုက်ရလဲ

(၉)

ကောင်မလေးဝတ်ထားတဲ့ ဘောင်းဘီကိုရော တခြား အမြင်လှည့်စားမှု မခံရဘဲ ကြည့်ုနိုင်လား

(၁၀)

အံ့သြဘနန်းဖြစ်သွားစေရမယ့် စပါး စိုက်ခင်း

(၁၁)

တိုးဂိတ်ကို ဖြတ်သန်းသွားလာနေတဲ့ ကားတန်းကြီးကို အမြင့်ကနေ ရိုက်လိုက်တဲ့အခါမှာတော့ အမြင့်တစ်နေရာကနေ မောင်းလာတဲ့ ကားတွေလိုမျိုး အမြင်အာရုံကို လှည့်စားနိုင်ပါတယ်။

(၁၂)

ဒီလိုဲကြည့်လိုက်တော့ အကောင်သေးသေး ရှဉ့်လေးတောင်မှ ကားနဲ့အရွယ်အစားအတူတူဖြစ်သွားတယ်

(၁၃)

နေပါအုံး..ဒီဓာတ်ပုံမှာကော ဘယ်လိုတွေဖြစ်နေရတာလဲ…လက်ကကော ဘေးကလူရဲ့ လက်လား…သူ့ရဲ့လက်လား

(၁၄)

ကောင်မလေးတစ်ယောက်တည်း ဓာတ်ပုံထဲမှ မြင်ရတော့ ခြေထောက်တွေက သူ့ခြေထောာက်တွေပဲလား

(၁၅)

ဒီဓာတ်ပုံထဲမှာ နွားကို ရအောင် ရှာနိုင်လား….စက္ကန့်ပိုင်းအတွင်းမှာ အဖြေရရင်တော့ တော်တော်လေး အာရုံစူးစိုက်မှုကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

(၁၆)

တကယ်လို့ အခုမြင်နေရတာက ရေချိုးခန်းပါလို့ ပြောရင်ကော ယုံမလား

(၁၇)

ရေကန်ရှုခင်းက ဘာကြောင့် ဂျူပီတာ ဂြိုလ်နဲ့ သွားတူနေရတာပါလိမ့်

(၁၈)

တော်လိုက်တဲ့ အမြင်အာရုံလှည့်စားမှုပါလား

(၁၉)

ရုတ်တရက်ကြည့်လိုက်တော့ မြင်းနှစ်ကောင် အစာစားနေတယ်လို့ မမြင်ဘဲ လျှောက်မြင်ကြတယ်မလား..

(၂၀)

ဒီမှာပြေးနေတဲ့ သူကို သေးသွားအောင် ဘယ်သူလာလုပ်လိုက်တာလဲ…

(၂၁)

ဘယ်ခြေထောက်က ဘယ်သူ့ရဲ့ ခြေထောက်လဲဆိုတာကို စက္ကန့်ပိုင်းအတွင်း ရအောင်ရှာနိုင်လား

(၂၂)

ကြည့်ရင်း ကြည့်ရင်း ရှုပ်လာတာ ဒီဓာတ်ပုံပဲရှိမယ်ထင်တယ်။

(၂၃)

၂၁ရာစုရောက်မှ ဒိုင်နိုစော တွေကနောက်တစ်ခေါက်ပြန်ပေါ်လာတာလား…

(၂၄)

သူ့မှာ လက်အရှည်ကြီးရှိတယ်ဆိုတိုင်း သူများအိတ်ကပ်ထဲကို ပေါ်တင်နှိုက်စရာလားလို့ ထင်လိုက်ပေမယ့် တိုက်တိုက်ဆိုင်ဆိုင် အမြင်လှည့်စားလိုက်နိုင်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

(၂၅)

ဖိုတိုရှော့နဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံလို့ ထင်ရပေမယ့် ဖိုတိုရှော့လုံးမဝမလုပ်ထားဘဲ မိတ်ကပ်ပညာရှင်ရဲ့ အမြင်လှည့်စားထားတဲ့ အစွမ်းကြောင့်ပဲဖြစ်ပါတယ်။

(၂၆)

ခန္ဓာကိုယ်လေးက ကလေးအရွယ်အစားပါ ဘာကြောင့် လူကြီး မျက်နှာနဲ့ဖြစ်နေတာလဲ…

(၂၇)

ကောင်မလေးက လူသေးသေးလေးကို နောက်ကျောအိတ်ထဲ ထည့်ပြီး လျှောက်သွားနေတာတော့ မဟုတ်လောက်ပါဘူးနော်။

(၂၈)

ဓာတ်ပုံထဲကလူအတွက် စိုးရိမ်စိတ်တွေ ပေါ်သွားကြလား..တကယ်တော့ သူက မြေကြီးပေါ်မှာတင် ကျွန်မတို့ကို အမြင်အာရုံလှည့်စားပြီး ဓာတ်ပုံရိုက်လိုက်တာပါ။

(၂၉)

ကော်ဇောပျံတွေလို သစ်သားပြားချပ်ပျံတွေလည်း ရှိနေပြီထင်ပါတယ်။..ဒီဓာတ်ပုံရဲ့ လျှိုဝှတ်ချက်ကို ပရိသတ်တွေ တွေ့ကြတယ်မလား

(၃၀)

အားလုံး ထင်သလို ဖိုတိုရှော့မဟုတ်သလို ဓာတ်ပုံ ၂ပုံ ဆက်ထားတာလည်း မဟုတ်ပါဘူး။

(၃၁)

ရှုထောင့်တစ်နေရာကနေ သေချာရိုက်လိုက်တော့ ပင်လယ်ရေပြင်ကြီးနဲ့ သင်္ဘောတွေက ကောင်းကင်မှာ အရုပ်တွေ ချိတ်ဆွဲထားသလိုပါပဲ။

ပရိသတ်တွေအနေနဲ့ ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အမြင်အာရုံလှည့်စားခြင်းမခံလိုက်ရဘဲ အဖြေတန်းသိလိုက်တဲ့ ပုံတွေရောရှိလား..ဒါမှမဟုတ် အဖြေရဖို့ တော်တော်လေး စဉ်းစားလိုက်ရတာကော ရှိလား ပြန်ပြောပေးခဲ့ကြပါအုံးနော်။

Ref:buzzfeed

Credit-Shwenyanhsin

  • Leave a Comment

Categories