အလုပ်ရှင်များနှင့် တစ်ဝိုင်းတည်းအတူ ထိုင်နေခဲ့ပေမဲ့ ၎င်းတို့နှင့်အတူ စားသောက်ခွင့်မရှိခဲ့တဲ့ အိမ်အကူမိန်းကလေးရဲ့စိတ်မကောင်းဖွယ်မြင်ကွင်း

“ မညီမျှခြင်း ” ဆိုတဲ့သဘောတရားက ကျိုးကြောင်းဆီလျော်မှုလား ဒါမှမဟုတ် တရားမျှတမှုလားဗျာ ။ ကျွန်တော်တို့တွေဟာ ကမ္ဘာပေါ်မှာ ဉာဏ်ရည် အမြင့်မားဆုံးသော သက်ရှိများအဖြစ် သတ်မှတ်ခံထားရတဲ့ လူသားတွေဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့မိဘများဟာ ကျွန်တော်တို့အား ဘာသာရေးအရ ကြီးပြင်းလာစေရန် ပံ့ပိုးပေးထားပြီး လက်တွေ့ကမ္ဘာကို ရင်ဆိုင်ရန် ကျွန်တော်တို့ကို ကူညီပေးသည့် ကိုယ်ကျင့်တရားတန်ဖိုးများနှင့် ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ အချင်းချင်း အပြန်အလှန် လေးစားမှု ၊ သည်းခံမှု ၊ ပရဟိတဖြစ်စေရန် စသည့်တို့ကို သင်ကြားပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ၊ လှပသည်ဖြစ်စေ ဒါမှမဟုတ် အခြား ဘယ်လိုဘဲဖြစ်နေပါစေ တစ်ဦးနှင့်တစ်ဦးအပေါ် ညီတူညီမျှ ဆက်ဆံသင့်ပါတယ်။

အကယ်လို့ သင်ဟာ ချမ်းသာပြီး သင့်အိမ်အတွက် အိမ်အကူ ဒါဇင်များစွာကို ငှားရမ်းရန် တတ်နိုင်တယ်ဆိုရင်တောင် ၎င်းတို့ဟာ ကျွန်တော်တို့လို လူသားတစ်ဦးဖြစ်တာကြောင့် ၎င်းတို့ကို ကျွန်ကဲ့သို့ မဆက်ဆံသင့်ပါဘူး။ အောက်ကပုံကိုကြည့်လိုက်ရအောင်ပါ။ ပျော်ရွှင်စရာကောင်းတဲ့ထမင်းစားချိန်ကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ မိသားစုတစ်စုဟာ ငှားရမ်းထားသော အိမ်အကူတစ်ဦးကို ၎င်းတို့နှင့်အတူ တစ်ဝိုင်းထဲထိုင်စေခဲ့ပေမဲ့ သူမအား ၎င်းတို့နှင့်အတူ ထမင်းစားရန် မပါဝင်ပါစေခဲ့ကြပါဘူး။ ဒီမြင်ကွင်းဟာ စိတ်မကောင်းစရာကောင်းစရာပါဘဲဗျာ ။ ဒီအိမ်အကူမိန်းကလေးဟာ ၎င်းရဲ့အလုပ်ရှင်တွေ စားလို့ပြီးမဲ့အချိန်ကိုထိုင်စောင့်ရင်း သူမရဲ့အလုပ်ရှင်တွေက ပျော်ရွှင်စွာ စားသောက်နေကြတာကိုသာ ဘေးကနေ ထိုင်ကြည့်နေခဲ့ရပါတယ်။

ဓာတ်ပုံထဲအရ သူမဟာ မစားချင်လို့လား ဒါမှမဟုတ် သူမဟာ အိမ်အကူတစ်ဦးသာဖြစ်တာကြောင့် အလုပ်ရှင်တွေနဲ့ ထမင်းအတူ စားဖို့ တားမြစ်ခံထားရတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိခဲ့ရပါဘူး။ သို့ပေမဲ့လည်း သူမဟာ ငှါးရမ်းထားတဲ့ အိမ်အကူဆိုပေမဲ့လည်း သူမဟာ လူသားတစ်ဦးဖြစ်နေဆဲပါဘဲ။ ဤအခြေအနေအရ ငှါးရမ်းထားတဲ့အိမ်အကူဟာ ကလေးထိန်းတစ်ဦးအဖြစ်သာ သဘောထားခြင်းဟာ ပုံမှန်ဘဲလားဗျာ။ ဒီတော့ တန်းတူညီမျှမှုနဲ့ ကျင့်ဝတ်တွေက ဘယ်ကလာတာလဲဗျာ။ ဒါဟာ စိတ်မကောင်းစရာမြင်ကွင်းပါဘဲ။

ဝမ်းနည်းစရာမှာ၊ ယနေ့ခေတ်လိုကြီးမှာ ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ လူ့အဖွဲ့အစည်းတွေမှာတောင် ဤကဲ့သို့သောအခြေအနေများ ရှိနေပါသေးတယ်။ အခြားသူတွေလည်း ဗိုက်ဆာနေမှာကို မစဉ်းစားဘဲ ကျွန်တော်တို့ရဲ့ဆာလောင်မှုအတွက်ကိုသာ ဦးစားပေးခြင်းက မမှန်ဘူးလို့ ယူဆသင့်ပါတယ်။ အထူးသဖြင့် နှမြောတတ်ရင်တောင် လူတိုင်းကို ကျွန်တော်တို့ရဲ့ ထမင်းစားချိန်တွေမှာ ပါဝင်ဖို့ခွင့်ပေးခြင်းက ကျင့်ဝတ်တစ်ခုဘဲဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်ယောက်ချင်းစီက တစ်ယောက်ယောက်နဲ့အတူ ထမင်း လက်ဆုံစားချင်ကြတာတော့ အမှန်ပါဘဲ။ တစ်ခါက အမျိုးသားတစ်ဦးဟာ ညဘက်လည်းအလုပ်လုပ်ပြီး သူ့အလုပ်ရှင်ကပေးတဲ့ အမိန့်တိုင်းကို လိုက်နာလေ့ရှိပေမယ့် အလုပ်ရှင်က သူ့ရဲ့တန်ဖိုးကိုမသိနေခဲ့ပါဘူး။

သူဟာ ကောင်းကောင်းအလုပ်လုပ်ပြီး ရွာမှာရှိတဲ့ တခြားမိသားစုတွေကိုလည်း တတ်နိုင်သလောက် ကူညီပေးနေသူဖြစ်ပေမဲ့လည်း သူ့အလုပ်ရှင်အတွက်ကတော့ သူလုပ်ပေးသမျှ အရာအားလုံးအတွက် နည်းနည်းလေးမှပင် တန်ဖိုးထားခြင်းမခံခဲ့ရပါဘူး။

ကံကောင်းစွာပဲ၊ ၎င်းက သူ့အတွက် စိုးရိမ်မှုအနည်းဆုံးအရာဖြစ်နေခဲ့ပါတယ်။ ဤဆောင်းပါးဟာ မိမိတို့၏ အဆင့်အတန်းကြောင့် အခြားသူများကို နှိမ့်ချစော်ကားခြင်း မပြုရန် ၊ လူမှုရေးအဆင့်အတန်းရှိ ပုဂ္ဂိုလ်များအားလုံးအတွက် သင်္ကေတတစ်ခုဖြစ်လိမ့်မည်ဟု မျှော်လင့်မိပါတယ်။ ဤကမ္ဘာကြီးဟာ လူတိုင်း နေထိုင်ရန် လုံခြုံပြီး သဟဇာတဖြစ်စေရန် ကျွန်တော်တို့အားလုံးအတွက် သတိပေးချက်တစ်ခု ဖြစ်ပါစေလို့လည်း မျှော်လင့်မိပါတယ်ဗျာ။

Mia (KB Chimmy One)

Reference : goodtimes

  • Leave a Comment

Categories