ဇနီးဖြစ်သူရဲ့ ထားသွားခြင်းကို ခံရပြီးနောက် အထီးကျန်ဘဝကနေ လွတ်မြောက်ရန် ခွေးအကောင်၂၀ကို မွေးစားခဲ့သော အမျိုးသား

ဗီယက်နမ်နိုင်ငံမှ အသက်၅၀ကျော်အရွယ် အမျိုးသားကြီးတစ်ဦးသည် ၄နှစ်အကြာလက်တွဲခဲ့သော ဇနီးဖြစ်သူမှာ သားသမီးမရနိုင်လို့ဆိုပြီး ကွာရှင်းခွင့်တောင်းခဲ့သည်။

အမျိုးသားကြီးသည် ဇနီးသည်ကို ချစ်လျက်နဲ့ကွာရှင်းပေးလိုက်ရတာကြောင့် အိမ်မှာတစ်ယောက်တည်း အထီးကျန်ကာ စိတ်ဓာတ်တွေကျပြီး နေ့စဥ်ဘီယာသောက်ကာ အထီးကျန်နေခဲ့သည်။

တစ်နေ့တွင် အမျိုးသားကြီးသည် သောက်စားမူးယစ်နေမည့်အစား အဖော်လည်းရ သစ္စာလည်းရှိသည့် ခွေးလေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူကာ သူတို့လေးတွေနဲ့ အချိန်ကုန်ရင်း ပျော်ရွှင်စွာဖြတ်သန်းခဲ့သည်။

အမျိုးသားကြီးသည် ခွေးလေးတွေကို တစ်ကောင်ပြီးတစ်ကောင် မွေးစားရင်းနဲ့ အကောင်၂၀ထိဖြစ်သွားသော်လည်း သူ့ရဲ့လုပ်အားခကို ခွေးလေးတွေအတွက် လိုအပ်တာဝယ်ပေးရင်း တူတူအိပ် တူတူစားကာ အထီးကျန်ဘဝကနေ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

  • Leave a Comment

Categories