မင်္ဂလာဆောင်ဖို့အတွက် သတိုးသမီးဝတ်စုံကိုမှ လိုင်းပေါ်ကနေဝယ်ယူခဲ့သည့် အသက်၂၃နှစ်အရွယ်ကောင်မလေး ပစ္စည်းရောက်မှ မလှုပ်မရှက်ဘဲ ကျောက်ရုပ်လိုရပ်နေခဲ့ရသည့်အဖြစ်

ယခုခေတ်တွင်တော့ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတို့နှင့်အတူ ကြော်ငြာများဟာလည်း အလွန်အင်မတန်မှ ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။အပြောကောင်းလှသော ကြော်ငြာများကြောင့် လိုင်းပေါ်မှတစ်ဆင့် ပစ္စည်းများကို ဝယ်ယူသူတွေဟာလည်း များပြားလာခဲ့ကြပြီး အချို့ကတော့ လိုင်းပေါ်ကနှင့် တလွဲမတူညီသော ပစ္စည်းများကို ရရှိကြရပါတယ်။

ယခုတွင်လည်း အမေရိကန်နိုင်ငံမှ Meaghan Taylorဆိုသည့် အသက်၂၃နှစ်အရွယ်ကောင်မလေးဟာ လိုင်းပေါ်မှ သတိုးသမီးဝတ်စုံလေးကို သဘောကျနေပြီး ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။လိုင်းပေါ်က ကြော်ငြာတွင်တော့ ကောင်မလေးတစ်ဦးဟာ ချစ်စဖွယ်ကောင်းအောင် သတိုးသမီးဝတ်စုံလေးဖြင့် လှနေခဲ့ပါတယ်။

သို့သော်လည်း ကောင်မလေး၏အိမ်သို့ ရောက်ရှိလာသော ဝတ်စုံကတော့ ဘယ်လိုကြည့်ကြည့်အဆင်မပြေဘဲ လွှင့်ပစ်ရမလိုပင် ဖြစ်နေခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories