သမီးမိန်းကလေးမွေးထားပေမယ့်လည်း မျက်စိအောက်ကနည်းနည်းလေးပျောက်တာနဲ့ ခေါင်းမွေးပြောင်အောင် ဆော့လွန်းသည့်အတွက် ကြေကွဲနေရသော မိခင်တစ်ဦး

ကလေးငယ်တိုင်းသည် အရာရာကို တက်ကြွစွာ စူးစမ်းလေ့လာချင်ကြပြီး ပွေလီနေအောင် ဆော့တတ်လွန်းကာ မိဘတိုင်းကို ခေါင်းကိုက်စေသည်မှာအမှန်ပါ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိခင်တစ်ဦးသည် ခင်ပွန်းဖြစ်သူအလုပ်သွားစဥ် အိမ်မှာနေရင်း ကလေးထိန်းကာ ချက်ပြုတ်ရင်းနဲ့ အချိန်ကုန်စေခဲ့သည်။

သမီးလေးသည် ၄နှစ်အရွယ်ဖြစ်ပြီး အရမ်းဆော့လွန်းတာကြောင့် မိခင်ဖြစ်သူမှာ မျက်ခြေမပျက်စောင့်ကြည့်ခဲ့ရပြီး နည်းနည်းလေးလစ်တာနဲ့ တစ်အိမ်လုံးဗြောင်းဆန်အောင် ဖြစ်နေတတ်သည်။

တစ်နေ့တွင် မိခင်ဖြစ်သူသည် သမီးလေးကို ချော့တိတ်ကာ အိပ်ပြီအထင်နဲ့ မီးဖိုချောင်ဝင်ပြီး ထမင်းဟင်းချက်ပြုတ်နေခဲ့ရာ သမီးလေးသည် မအိပ်သေးပဲ မိခင်ဖြစ်သူရဲ့ အလှပြင်ပစ္စည်းနှင့် နှုတ်ခမ်းနီတို့ကို တစ်ကိုယ်လုံးလိမ်းကျံကာ ဆော့ခဲ့သည်။

မိခင်ဖြစ်သူလည်း တစ်ကိုယ်လုံးနီရဲပြီး ညစ်ပေနေသော သမီးလေးကို မြင်လိုက်သောအခါ လန့်သွားပြီး ရယ်ရမလို ငိုရမလိုဖြစ်ကာ သမီးလေးရဲ့ဆော့တတ်လွန်းပုံကို လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Hlaing (Love Feeling)

Zawgyi

သမီးမိန္းကေလးေမြးထားေပမယ့္လည္း မ်က္စိေအာက္ကနည္းနည္းေလးေပ်ာက္တာနဲ႔ ေခါင္းေမြးေျပာင္ေအာင္ ေဆာ့လြန္းသည့္အတြက္ ေၾကကြဲေနရေသာ မိခင္တစ္ဦး

ကေလးငယ္တိုင္းသည္ အရာရာကို တက္ႂကြစြာ စူးစမ္းေလ့လာခ်င္ၾကၿပီး ေပြလီေနေအာင္ ေဆာ့တတ္လြန္းကာ မိဘတိုင္းကို ေခါင္းကိုက္ေစသည္မွာအမွန္ပါ။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ အသက္၂၀ေက်ာ္အ႐ြယ္ မိခင္တစ္ဦးသည္ ခင္ပြန္းျဖစ္သူအလုပ္သြားစဥ္ အိမ္မွာေနရင္း ကေလးထိန္းကာ ခ်က္ျပဳတ္ရင္းနဲ႔ အခ်ိန္ကုန္ေစခဲ့သည္။

သမီးေလးသည္ ၄ႏွစ္အ႐ြယ္ျဖစ္ၿပီး အရမ္းေဆာ့လြန္းတာေၾကာင့္ မိခင္ျဖစ္သူမွာ မ်က္ေျခမပ်က္ေစာင့္ၾကည့္ခဲ့ရၿပီး နည္းနည္းေလးလစ္တာနဲ႔ တစ္အိမ္လုံးေျဗာင္းဆန္ေအာင္ ျဖစ္ေနတတ္သည္။

တစ္ေန႔တြင္ မိခင္ျဖစ္သူသည္ သမီးေလးကို ေခ်ာ့တိတ္ကာ အိပ္ၿပီအထင္နဲ႔ မီးဖိုေခ်ာင္ဝင္ၿပီး ထမင္းဟင္းခ်က္ျပဳတ္ေနခဲ့ရာ သမီးေလးသည္ မအိပ္ေသးပဲ မိခင္ျဖစ္သူရဲ႕ အလွျပင္ပစၥည္းႏွင့္ ႏႈတ္ခမ္းနီတို႔ကို တစ္ကိုယ္လုံးလိမ္းက်ံကာ ေဆာ့ခဲ့သည္။

မိခင္ျဖစ္သူလည္း တစ္ကိုယ္လုံးနီရဲၿပီး ညစ္ေပေနေသာ သမီးေလးကို ျမင္လိုက္ေသာအခါ လန္႔သြားၿပီး ရယ္ရမလို ငိုရမလိုျဖစ္ကာ သမီးေလးရဲ႕ေဆာ့တတ္လြန္းပုံကို လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

Hlaing (Love Feeling)

  • Leave a Comment

Categories