ယာဉ်တော်တဆမှုဖြစ်ပြီးနောက် မိသားစုကို ကယ်တင်ဖို့ ခြေဗလာဖြင့် ပေ ၄၀ နက်တဲ့ ချောက်ထဲကနေ လမ်းမကြီးပေါ်တက်ကာ အကူအညီတောင်းခဲ့တဲ့ ၅ နှစ်အရွယ် ကလေးမလေး (ရုပ်သံ)

Angela Shymanski အမည်ရှိမိခင်တစ်ဦးနှင့် သူမ၏ကလေးများဖြစ်တဲ့ သမီးကြီး Lexi နှင့် သားငယ် Peter တို့ဟာ Calgary မြို့ရှိ မိသားစုအားလပ်ရက်ခရီးမှ အိမ်အပြန်လမ်းမှာ ကားမောင်းရင်း တချက်အိပ်ငိုက်သွားတဲ့ Angela ကြောင့် ၎င်းတို့မိသားစုဟာ ကားမတော်တဆမှုဖြင့် အသက်အန္တရာယ်ရှိတဲ့အခြေအနေသို့ရောက်ရှိသွားခဲ့ပါတယ်။ အိပ်ငိုက်သွားတဲ့မိခင်ဖြစ်သူဟာ ကားကို ထိန်းမချုပ်နိုင်တော့တာကြောင့် ၎င်းတို့ကားဟာ Canadian Rockies ရှိ ပေ ၄၀ အရှည်ရှိသော တာတမံချောက်တစ်ခုထဲသို့ ထိုးကျသွားခဲ့ပါတယ်။ ထို့နောက် အသက်ငါးနှစ်အရွယ် Lexi ဟာ သူမရဲ့ကားခါးပတ်ကြိုးကြောင့် အနည်းငယ် အရှေ့ဘက်ကိုသာ ယိမ်းနေခဲ့ပေမဲ့ သူမမိခင်၏အသက်ဟာ ဟန်ချက်မညီတော့ဘဲ ကျောရိုးကျိုးခြင်း၊ နံရိုးကျိုးခြင်းနှင့် အတွင်းဒဏ်ရာများဖြင့် သတိလစ်တော့မဲ့အခြေအနေမှာရှိနေခဲ့ပါတယ်။

ထို့ပြင် Lexi ၏ 10 ပတ်အရွယ်မောင်လေး Peter က ဦးခေါင်းဒဏ်ရာနှင့်သွေးထွက်နေခဲ့ပါတယ်။ ထိုအချိန်မှာ ၅နှစ်အရွယ် Lexi လေးဟာ သူမရဲ့ကားခါးပတ်ကြိုးမှ လွတ်မြောက်နိုင်ခဲ့ပြီး ဖြတ်သွားဖြတ်လာများကို အကူအညီတောင်းဖို့ ခြေဗလာဖြင့် ပေ ၄၀ နက်တဲ့ ချောက်ထဲကနေ အပေါ်သို့ တက်သွားခဲ့ကြောင်း Angela က Metro ကို ပြောကြားခဲ့ပါတယ်။ ထို့နောက် ၎င်းကားလမ်းကနေ ကားမောင်းလာတဲ့ သူစိမ်း Loni နှင့် Jeremiah Jirik တို့က တစ်ယောက်ထဲ လမ်းမကြီးပေါ်ရောက်နေတဲ့ Lexi ကို မြင်တော့ မယုံမကြည်ဖြစ်ခဲ့ကြပါတယ်။ ထို့နောက် လာသမျှကားကို အကူအညီတောင်းဖို့ ဝှေ့ယမ်းနေခဲ့တဲ့ Lexi ဟာ သူမအား Loni နှင့် Jeremiah Jirik တို့ကြောင့် အကူအညီရသွားခဲ့ပါတယ်။

“ ကျွန်မတို့သားအမိကို ကြိုးတွေနဲ့ ချိတ်ဆွဲပြီးကယ်တယ်ခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေက အဲ့ဒီနေရာကို ခြေဗလာနဲ့တက်ခဲ့တဲ့ သမီးလေးကို အံ့ဩနေခဲ့ကြတယ် ” ဟု မိခင် Angela က ၎င်းအကူအညီရောက်လာတဲ့အခိုက်အတန့်ကို ပြန်ပြောပြခဲ့ပါတယ်။ နောက်ဆုံးမှာ ကယ်ဆယ်ရေးသမားများက ၎င်းတို့သားအမိကို အချိန်မီကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့မိသားစုကို လေကြောင်းလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကာ Edmonton မြို့ရှိ Alberta ဆေးရုံ၌ ဆေးကုသမှု ခံယူစေခဲ့ပါတယ်။ Lexi ရဲ့မောင်လေးဟာ အသက်ကယ်ဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး သူမရဲ့မိခင်မှာ ကျောရိုးကျိုးသွားသည့်အတွက် ကုသမှုခံယူခဲ့ခဲ့ရပါတယ်။

Lexi ကတော့ သူမရဲ့မိသားစုကို ကယ်တင်ဖို့ကြိုးစားရင်း ရလာတဲ့ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ်။ ” Peter ရဲ့ကုသမှုက ကလေးအထူးကုဆရာဝန်တွေ ၊ အာရုံကြောဆိုင်ရာ ပညာရှင်တွေနှင့် သူ့ကို ပြန်လည်ကောင်းမွန်ရန် အကောင်းဆုံးအခွင့်အရေးပေးတဲ့ ကျွန်တော်တို့ရရှိခဲ့တဲ့ကုထုံးတွေရဲ့ ကျေးဇူးကြောင်းပါဘဲ ” ဟု မိခင်ဖြစ်သူက Prince George Citizen သို့ ပြောကြားခဲ့ပါတယ်။ အခြေအနေတွေ အားလုံးပြီးဆုံးသွားပြီးနောက်မှာ Royal Canadian Humane Association မှ Lexi အား ဆုတံဆိပ်တစ်ခု ချီးမြှင့်ခဲ့ပြီး ၎င်းဆုတံဆိပ်ဟာ အထူးသဖြင့် ဘေးဒုက္ခကြုံရချိန်မှာ ရဲရင့်မှု စံနမူနာပြသည့် ကနေဒါနိုင်ငံသားများအတွက် သီးသန့် အသိအမှတ်ပြုမှုတစ်ခုဖြစ်ပါတယ်။

ထိုနေ့မှာ Lexi ဟာ သူမရဲ့ ပန်းရောင်မင်းသမီးဝတ်စုံဖြင့် ဆုတံဆိပ် လက်ခံရယူခဲ့ပြီး သူမနှင့် အနီးနားရှိ လူများရဲ့ ဂုဏ်ပြုကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။ ” လွန်ခဲ့တဲ့ငါးနှစ်က သူမလုပ်နိုင်ခဲ့တဲ့ Lexi ရဲ့ထူးခြားမှုတစ်ခုအတွက် ဆုတံဆိပ်တစ်ခုရှိပါတယ် ” ဟု မိခင်ဖြစ်သူက 2020 ခုနှစ်ရဲ့အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါသေးတယ်။ Lexi ရဲ့မိသားစုအတွက် လုပ်ဆောင်နိုင်မှုက မယုံနိုင်စရာပါဘဲ ။ ငါးနှစ်သားအရွယ်တွင် သူမဟာ အရွယ်ရောက်ပြီး သူအများစု မအောင်မြင်နိုင်သော အရာတစ်ခုကို ပြုလုပ်ခဲ့သလို ကယ်ဆယ်ရေးလုပ်သားများက ကြိုးဖြင့်အသုံးပြုခဲ့ရပေမဲ့ သူမကတော့ ၎င်းချောက်ပေါ်ကို ခြေဗလာဖြင့် တက်နိုင်ခဲ့ပါတယ်။ Lexi ဟာ တကယ်ကို ထူးခြား ၊ရဲရင့်တဲ့ ကလေးမလေးတစ်ယောက်ပါဘဲဗျာ ။

Mia (Mckzone daily)

Reference : newsner

  • Leave a Comment

Categories