မိမိရဲ့ ကြင်ယာဘက်အပေါ်ကို သစ္စာရှိစွာ သက်ဆုံးတိုင်ပေါင်းသင်းနေထိုင်ကြတဲ့ တိရိစ္ဆာန် ( ၇ ) မျိုး

သစ္စာရှိခြင်းဟာ ဘာလဲဆိုတာကိုပြသနိုင်တဲ့ တိရစ္ဆာန်တွေကတော့ အများကြီးမရှိပါဘူး။ တိရစ္ဆာန်များစွာထဲမှ ၃ကနေ၅ရာခိုင်နှုန်းအတွင်းသာ မိမိရဲ့ဘဝတစ်လျှောက်လုံးကို အဖော်တစ်ယောက်ထဲနဲ့သာ နေထိုင်တတ်ကြတာပါ။ ပြီးတော့ အချို့စုံတွဲများဟာ ကိုယ်ပိုင်ဆက်နွယ်မှုဓလေ့တွေရှိကြပြီး သူတို့ရဲ့စစ်မှန်လှတဲ့ သံယောဇဉ်ကြီးမားမှုကို တစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ထားကြပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့အားလုံး စံနမူနာယူထိုက်တဲ့ သစ္စာကြီးမားလှတဲ့ တိရစ္ဆာန်၇မျိုးရဲ့ အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁)သူတို့ရဲ့ အသက်၄-၅ လ လောက်ကတည်းက အဖော်နဲ့အတူနေထိုင်ကြတဲ့ ရွှေကျေးတမာ

ဒီသေးငယ်လှတဲ့ ကြက်တူးရွေးမျိုးနွယ်တွေကတော့တောင်အမေရိကရဲ့ အရှေ့မြောက်ပိုင်းမှာနေထိုင်ကြပါတယ်။ သူတို့တွေဟာ အလွန်လူမှုရေးရှိကြပြီး အုပ်စုဖွဲ့အတူတကွနေထိုင်တတ်ကြကာ ကျယ်လောင်သောအသံများနဲ့ တစ်ဦးကိုတစ်ဦးဆက်သွယ်ကြပါတယ်။သူတို့တွေ တစ်ဦးနဲ့တစ်ဦးလေးနက်တဲ့ဆက်ဆံရေးတွေမစခင်မှာလည်း တစ်ကောင်နဲ့တစ်ကောင် အစာကျွေးကာ ပြုစုစောင့်ရှောက်တတ်ကြပါတယ်။

(၂) အထူးမင်္ဂလာအခမ်းအနားတွေရှိကြတဲ့ မီးခိုးရောင် သရဖူပိုင်ရှင် ကြိုးကြာငှက်များ

နေထိုင်ကြတဲ့ထိုငှက်များဟာသူတို့ရဲ့ဆက်ဆံရေးကိုအလွန်အလေးအနက်ထားကြပါတယ်။သူတို့ရဲ့သစ္စာရှိမှုကိုပြသရန်အတွက်ထိုငှက်များဟာ အသိုက်ကနေအဝေးကို ထွက်မသွားခင်မှာ မိမိအဖော်နဲ့အတူ ငှက်အုပ်စုကြီးအရှေ့မှာ အတူတကွ ကခုန်တတ်ကြပါတယ်။

(၃)မနာလိုအောင်ဖြစ်ရတဲ့အထိချစ်ကြတဲ့ Coppery titi မျောက်များ

ဒီမျောက်တွေကတော့ တောင်အမေရိကရဲ့ မိုးသစ်တောအတွင်းမှာနေထိုင်ကြပါတယ်။သူတို့ရဲ့ ဆက်ဆံရေးဟာ တိရစ္ဆာန်တွေထဲမှာအထူးခြားဆုံးဖြစ်ပါတယ်။ဘာကြောင့်ဆို သူတို့ဟာတစ်ကောင်နဲ့တစ်ကောင် ခွဲခွာရတဲ့အခါမှာ အလွန်စိတ်ထိခိုက်ကြလို့ပါ။သူတို့တွေဟာ မိတ်လိုက်တဲ့ရာသီကုန်သွားတာတောင်အတူတကွနေထိုင်ကြကာ သူတို့ရဲ့ ရိုဆန်လှတဲ့ အခိုက်အတန့်ကတော့ အတူတကွဘေးချင်းကပ်ထိုင်နေရင်းတောင်မှ တစ်ကောင်နဲ့တစ်ကောင် အမြီးတွေကိုချည်နှောင်ထားတတ်ပါတယ်။

(၄)တစ်ကောင်နဲ့တစ်ကောင်နမ်းနေသကဲ့သို့ နှုတ်သီးအမြဲပွတ်နေတတ်ကြတဲ့ အတ္တလန္တိတ် ပင်လယ်ပျော်ငှက်

ဒီငှက်တွေဟာသူတို့ရဲ့အဖော်ကိုပြောင်းလဲတတ်တာကတော့ အလွန်ရှားလှပါတယ်။နှစ်စဉ်နှစ်တိုင်းသူတို့ဟာသူတို့ချစ်ရတဲ့သူရဲ့ အသိုက်ဆီကို ပြန်လာတတ်ကြပါတယ်။အမငှက်မှ မိမိရဲ့ ဥကိုဥချလိုက်တဲ့အခါ ထိုဥကိုသေချာဂရုတစိုက်စောင့်ရှောက်တတ်ပြီး အထီးဖြစ်သူမှ အစာရှာကျွေးကာ အသိုက်ကိုလည်း အပြည့်အဝကာကွယ်ပေးပါတယ်။

(၅)မိမိရဲ့အဖော် သေဆုံးချိန်အထိဘေးနားမှာအတူတူရှိနေတတ်တဲ့ ကိုယ်ဝန်ဆောင် ရေနဂါးလေးများ

ထိုရေနဂါးမိဘနှစ်ပါးလုံးဟာ အလွန်တာဝန်ကြီးလှတဲ့ မျိုးစိတ်တွေဖြစ်ကြပြီး အမရေနဂါးကတော့ မိမိရဲ့ ကိုယ်ဝန်နဲ့ပက်သက်ပြီးသဘာဝအရလှည့်ကွက်အနည်းငယ်ရှိပါတယ်။ထိုရေနဂါးစုံတွဲမှာ အမရေနဂါးဟာ အထီးရေနဂါးအားဆွဲဆောင်ရန်အားထုတ်မှုတွေလိုအပ်ပြီး အကယ်၍သာ အထီးဖြစ်သူကချစ်မိသွားခဲ့ပါက သူကိုယ်တိုင်ကိုယ်ဝန်ဆောင်ကာ ကလေးတွေကို ရက်ပေါင်းများစွာသယ်ဆောင်ထားတတ်ပါတယ်။

(၆)တိရစ္ဆာန်များရန်ကနေအဖော်ကိုကာကွယ်ပေးတတ်ကြတဲ့ သမင်ပုံစံတူတောဆိတ်တစ်မျိုး

ထို တိရစ္ဆာန်ကတော့ ခန္ဓာကိုယ်အရွယ်အစားကသာသေးငယ်ပေမယ့် နှလုံးသားကတော့ကြီးမားလှပါတယ်။မိမိရဲ့ အဖော်နဲ့ ပဋိပက္ခဖြစ်တာကတော့ရှားလွန်းလှပြီး အထီးတစ်ကောင်းသူရဲ့အချစ်အတွက် တိုက်ခိုက်ဖို့အမြဲအသင့်ရှိနေပါတယ်။အကယ်၍မိမိရဲ့အဖော်နားကိုအခြားတောဆိတ်တစ်ကောင်ချည်းကပ်လာပါက ထိုအထီးနှစ်ကောင်ဟာ တစ်ယောက်နဲ့တစ်ယောက်ပြင်းထန်စွာ တိုက်ခိုက်ကြပြီး တစ်ကောင်ကောင်မှလက်မလျော့မချင်းအသေအကြေတိုက် ခိုက်တတ်ကြပါတယ်။

(၇)တစ်ယောက်နဲ့တစ်ယောက်ခွဲခွာရမှာကြောက်လို့အိပ်နေချိန်မှာ လက်ကိုကိုင်ထားကြတဲ့ ဖျံများ

ထိုဖျံများဟာ မြစ်မကြီး‌တွေမှာ နေထိုင်ကြပြီးသူတို့ရဲ့မိသားစုကိုလည်းချစ်ခင်ကြသလို အစုအဖွဲ့ဖြင့်လည်းအတူတကွနေထိုင်တတ်ကြပါတယ်။အခြားဖျံများနဲ့လည်းအတူ‌‌နေထိုင်ကြသလို သူတို့တွေနဲ့ရတဲ့ သားပေါက်တွေတောင်ရှိကြပါတယ်။သူတို့တွေဟာမိသားစုတာဝန်တွေကိုလည်းအညီအမျှခွဲထားကာတစ်ခါတရံမှာအခြားဖျံများဟာ ဖျံငယ်ပေါက်စလေးတွေထိန်းဖို့အတွက်ပါ ကူညီတတ်ကြပါတယ်။

ဖြည့်စွက်ချက်အနေနဲ့

မြန်မာနိုင်ငံ ချင်းပြည်နယ်ရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ သစ္စာအရာမှာ စံထားရတဲ့ အောက်ချင်းငှက်များ

အထီးနဲ့အမ ချစ်မိသွားရင် သစ်ပင်အမြင့်ကြီးတွေ ‌တောင်စောင်းအမြင့်ကြီးတွေပေါ်မှာအသိုက်တည်ကာ အတူတကွနေထိုင်ကြပြီး အမ ဥချချိန်ဆို အထီးက စာရှာကျွေးကာ အသိုက်ကိုစောက်ရှောင့်ပါတယ်။ အထီးအစာရှာတုန်း အသိုက်ဆီပြန်မလာရင် အမက အပြင်ထွက်ပြီးသူ့ကလေးတွေအတွက် အစာမရှာပဲ အထီးပေါ်သစ္စာရှိတဲ့အနေနဲ့ ဟိုးအမြင့်ကြီးပျံပြီး အရှိန်နဲ့ မြေကြီးပေါ့ ပြုတ်ကြပြီး အဆုံးစီရင်တယ်လို့ ချင်းသမိုင်းမှာမှတ်တမ်းတင်ကြပါတယ်။ ( စာသား Credit ပါ )

  • Leave a Comment

Categories