ကြောင်နဲ့ကြွက် (Tom & Jerry) ကာတွန်းဇာတ်ကားလေးတွေကိုတော့ ရွှေခေတ်ပရိသတ်တွေအနေနဲ့ မကြည့်ဖူးတဲ့သူ မရှိလောက်ဖူးလို့ထင်ပါတယ်။ Tim & Jerry ကာတွန်းလေးတွေက ကလေးတွေအပြင် လူကြီးတွေလည်း ကြိုက်နှစ်သက် ကြပါတယ်။ ဒီနေ့ဖော်ပြပေးချင်တာကတော့ Tom & Jerry ကာတွန်းဇာတ်ကား လေးတွေထဲက အဓိကဇာတ်ကောင်လေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်ပါဦးနော် …..
Tom
Tom ကတော့ အားလုံးသိပြီးသားဖြစ််မှာပါ။ ဇာတ်လမ်းတစ်ခုလုံးရဲ့ အဓိက ဇာတ်ဆောင်လည်းဖြစ်ပါတယ်။ စစ်တမ်းတစ်ခုအရဆိုရင်တော့ Tom နဲ့ Jerry မှာ Tom ရဲ့ ပရိသတ်ကပိုများတယ်လို့ ဆိုပါတယ်။
Jerry
Jerry ကတော့ Tom နဲ့ မတည့်အတူနေ ကမ္ဘာ့ရန်ဘက်တွေပါ။ မတည့်အတူနေ Tom ကို ဘယ်လိုဒုက္ခပေးရမလဲ အမြဲစဥ်းစားနေတဲ့ ကြွက်ကလေးပေါ့။
Spike
သူ့ရဲ့သားလေးကိုအလွန်ချစ်တဲ့ ခွေးဘီလူးကြီး တစ်ကောင်ဖြစ်ပါတယ်။ သူကတော့ အင်အားကြီးပေမယ့် တုံးအပြီး ကြောင်တွေကို သိပ်ကြည့်ရတဲ့သူမဟုတ်ပါဘူး။
Tyke
Tyke ကတော့ Spike ရဲ့သားဖြစ်ပါတယ်။ ဝဝကစ်ကစ်နဲ့ ချစ်ဖို့ကောင်းတဲ့ ခွေးဘီးလူးလေးပေါ့။
Muscle (Freedie)
Muscle (Fredie) ကတော့ Jerry ရဲ့ အစ်ကိုဝမ်းကွဲတော်စပ်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်။ ခွန်အားကြီးမားပြီး ကြောင်တွေကိုတောင်မှ အေးဆေး ဆော်ပလော်တီးနိုင်တဲ့ကောင်လည်းဖြစ်ပါတယ်။
Nibbles (Tuffy)
အမြဲတမ်းစားဖို့ သောက်ဖို့သာ မျက်လုံးထဲမြင်တဲ့ ကြွက်ကလေးဖြစ်ပါတယ်။ ဘယ်လောက်ကြီးတဲ့ အစာ(မုန့်) ဖြစ်ဖြစ် တစ်လုပ်ထဲစားပစ်နိုင်တာက သူ့ရဲ့စူပါ ပါဝါဖြစ်ပါတယ်။ အစာငမ်းလွန်းလို့ Tom ရဲ့ လက်ကနေ Jerry အမြဲလိုက်ကယ်နေရတဲ့ ကြွက်ကလေးပေါ့။
Uncle Pecos
Cowboy စတိုင်နဲ့ ဂစ်တာအမြဲတီးနေတက်တဲ့ Jerry ရဲ့ ဦးလေးဖြစ်ပါတယ်။ သူ့ဂစ်တာကြိုးပြတ်အောင်လုပ်ရင် အရမ်းဒေါသထွက်တဲ့သူဖြစ်ပြီး သူ့နှုတ်ခမ်းမွှေးနဲ့ ပြန်တပ်လေ့ရှိတဲ့သူလည်းဖြစ်ပါတယ်။ Cowboy ဦးထုပ်ကို မျက်လုံးတွေဖုံးအောင် အမြဲဆောင်းထားတာက သူ့အထာဖြစ်ပါတယ်။
Toodles Galore
လှုပ်လှုပ်ရှားရှားလဲ သိပ်မလုပ် စကားလည်းသိပ်ပြောလေ့မရှိတဲ့ တည်ငြိမ်သူ ကြောင်မလေးပါ။ Tom အပါအဝင် ကြောင်တွေအားလုံး အပြိုင်အဆိုင်ငမ်းတာကို ခံရတဲ့သူဖြစ်ပြီး ဖဲကြိုးလေးတွေကို လည်ပင်းမှာ အမြဲဆင်ယင်ထားတက်တဲ့ ကြောင်မလေးဖြစ်ပါတယ်။
Butch
ညဏ်နီညဏ်နက် များတဲ့ ကြောင်ဇိုးကြီးဖြစ်ပြီး Tom ဆီကနေ Toodles လေးကိုအမြဲလုဖို့ ချောင်းနေတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လည်း သူနဲ့ Tom ဟာအမြဲလိုလို မတည့်ကြပါဘူး။
Meathead
သူကတော့ တစ်ချို့တစ်လေ ဇာတ်လမ်းတွေမှာ ရံဖန်ရံခါ ပါဝင်တက်တဲ့ နောက်ဖေးလမ်းကြားက ပိန်းတိန်းတိန်း ကြောင်ကြီးဖြစ်ပါတယ်။
Lightning
သူကလည်း လမ်းဘေးကကြောင်တစ်ကောင်ဖြစ်ပြီး Tom ကိုအမြဲနှောင့်ယှက်တက်တဲ့ သူဖြစ်ပါတယ်။ အရမ်းလျှင်မြန်လို့ သူ့ကို Lightning လို့အမည်ပေးထားတာလို့သိရပါတယ်။
Cuckoo
Jerry ရဲ့သူငယ်ချင်းလေးတွေထဲကတစ်ကောင်ဖြစ်တဲ့ စာဝါငှက်ကလေးရဲ့ အမည်ကတော့ Cuckoo ဖြစ်ပါတယ်။ Cuckoo နဲ့ Jerry ပေါင်းပြီး Tom ကြီးကို ဆော်ပလော်တီးခဲ့တာကတော့ မရေမတွက်နိုင်အောင်ပါပဲ။
Quacker
အသံစွာစွာနဲ့ ဘဲကလေး Quacker ကလည်း Jerry ရဲ့ သူငယ်ချင်းဖြစ်ပါတယ်။ Tom & Jerry ဇာတ်ကားတွေထဲမှာ စကားအများဆုံး ဇာတ်ကောင်ဆိုရင်လည်းမမှားပါဘူ။ တစ်ဖက်သားကို အရမ်းယုံလွယ်တဲ့ကောင်လေးဖြစ်ပြီး သူ့ကိုစားဖို့ချောင်းနေတဲ့ Tom ရဲ့ အကြံအစည်တွေကိုလည်း ဘယ်တော့မှ မသိခဲ့တဲ့ ကောင်လေးပေါ့။
Mommy Two Shoes
အမြဲတမ်းလိုလို ခြေထောက်ပဲမြင်ရတဲ့ အိမ်တော်ထိန်းကြီးရဲ့ အမည်ကတော့ Mommy Two Shoes ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့ သူ့က အိမ်ပိုင်ရှင်လည်းဖြစ်နေတက်ပါတယ်။ တာဝန်မကျေပဲ အမှားအမြဲလုပ်တက်တဲ့ Tom ကိုအမြဲရိုက်တက်လေ့ရှိပြီး အိမ်ကမောင်းမောင်းထုတ်တက်တဲ့သူပေါ့။
အခုဖော်ပြပေးခဲ့တာက ကြောင် နဲ့ ကြွက် (Tom & Jerry ) ကာတွန်းဇာတ်လမ်းတွေထဲက အဓိကပါဝင်လေ့ရှိတဲ့ ဇာတ်ကောင်အချို့အကြောင်းဖြစ်ပါတယ်။ ဒီဇာတ်ကောင်တွေအပြင် တစ်ခါတစ်ရံ မှသာပါဝင်တဲ့ အခြားဇာတ်ကောင်လေးတွေလည်း ရှိပါသေးတယ်။
အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် ….
Credit-ShweKhitOnlineTv