မင်္ဂလာပါ။နတ်ဘုံနတ်နန်းလို ခမ်းနားတင့်တယ်တဲ့ နေရာတွေကို ရောက်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီလိုနေရာမျိုးတွေရောက်ရင် အရာရာက စိတ်ဝင်စားစရာကောင်းပြီး ကြည့်မဝတဲ့ ခံစားချက်တွေကိုလည်း ခံစားစေနိင်ပါတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ ပြည့်စုံကောင်းမွန်လွန်းတဲ့ နေရာတွေတင်မဟုတ်ဘဲအဖြစ်အပျက်တွေကိုပါ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဆက်လက်ဖတ်ရှုလိုက်ကြပါအုံးနော်
(၁)
ညဘက်ရောက်ရင် တံတားနဲ့ ရေထဲက အရိပ်တို့ ပေါင်းသွားပြီး
လပုံစံလေး ပေါ်နေတာပဲဖြစ်ပါတယ်။
(၂)
ကနေဒါမှာရှိတဲ့ ကွန်ဖက်ဒရေးရှင်းတံတားကတော့ အံ့သြစရာကောင်းလောက်အောင်ကို
ရေခဲတွေကို ခွဲနေသလား ထင်ရလောက်အောင်ပါပဲ။
(၃)
အကွက်စုံဖော်ထားတဲ့ ကျောက်ပြားမဟုတ်ရပါဘူး။
မီးရောင်ကြောင့် သံတိုင်တွေရဲ့ အလင်းက ကြမ်းပြင်ပေါ် အရိပ်ကျတာဖြစ်ပါတယ်။
(၄)
အလုပ်ကို ပြီးစလွယ်မလုပ်ဘဲ သေသေသပ်သပ်လုပ်တတ်သူတစ်ယောက်ရဲ့ လက်ရာ
(၅)
အထပ်ပေါင်း ၂၁ ထပ်ဖြင့် ပြုလုပ်ထားတဲ့
ဂျယ်လီကျောက်ကျော
(၆)
ဂမ်မီသကြားလုံးလေးတွေကို အရောင်အသွေးစုံစုံနဲ့
ပုံဖော်ထားတာပဲဖြစ်ပါတယ်။
(၇)
စမ်းချောင်းလေးထဲမှာရှိတဲ့ ရေဝဲက
အမြုပ်တွေထလာပြီး အခုလိုပုံစံမျိုးပေါ်နေတာပါ။
(၈)
အများသုံးစာကြည့်တိုက်က စာအုပ်တွေနဲ့ ပြုလုပ်ထားတဲ့
ခရစ်စမတ်သစ်ပင်..
(၉)
ဒိန်ချဉ်ဘူးကို အခွံခွာလိုက်တိုင်း အခွံမှာ ဒိန်ချဉ်တော်တော်များများ ကပ်ပါသွားတာကို ကြုံဖူးသူဆိုရင်
အခုလို မပေမကျန်ဘဲ အခွံ့ခွာလိုက်နိုင်တာက ဝမ်းသာစရာတစ်ခုပါပဲ။
(၁၀)
ကေဘယ်ကြိုးကို တပ်ဆင်သူက
ပြီးပြည့်စုံအောင် လုပ်ကိုင်တတ်သူဖြစ်မယ်
(၁၁)
ကြောင်လေးတွေဟာလည်း
သဘာဝအတိုင်း ပြည့်စုံသူလေးတွေပါပဲ။
(၁၂)
ရထားဟာ ရှုခင်းအလှကို မဖျက်စီးတဲ့အပြင်
သူ့ကြောင့်တောင် ပိုလှသွားပါသေးတယ်။
(၁၃)
ကြမ်းတစ်ပြေးတည်းမှာ ခင်းကျင်းထားတဲ့ မတူညီတဲ့ ကြမ်းခင်းဒီဇိုင်းတွေပါ။
ဒါပေမယ့် အရမ်းကို သေသပ်လှပပြီး လျို့ဝှတ်အခန်းတစ်ခုကို ဝင်ရောက်နိုင်မယ့် အပေါက်တစ်ခုလို့ တောင် ခံစားမိစေပါတယ်။
(၁၄)
အရောင်တွေ မသိမသာနဲ့ တဖြေးဖြေး
ပြောင်းလဲသွားတဲ့ ပါဇယ်ချပ်လေး
(၁၅)
နံရံပေါ်မှာ ပန်းချီကားတစ်ချပ်တင်ထားသလိုမျိုး
သဘာဝအတိုင်း လှပနေတဲ့ အပြင်က ရှုခင်း
(၁၆)
အချိန်အကြာကြီး အသုံးပြုထားတဲ့ ဓာတ်ပြားချပ်ရဲ့
အရောင်ပြောင်းလဲမှု
(၁၇)
ခရီးဆောင်အိတ်တွေကို ခုလို စီစီရီရီတင်ထားတာ
ဘယ်လောက်တောင် ကြည့်ကောင်းလိုက်သလဲနော်။
(၁၈)
ဒီစင်ပေါ်မှာ သပ်သပ်ရပ်ရပ် စီပေးတဲ့သူ ဘယ်သူမဆို
ဒီထပ်ပိုကောင်းတဲ့ နေရာတစ်ခုရောက်သင့်ပါတယ်။
(၁၉)
ကားပေါ်မှာ ကျနေတဲ့ နှင်းဟာ ထူထူထဲထဲနဲ့
ပုံမပျက်နေဘဲ သေသပ်လှပနေတာပဲဖြစ်ပါတယ်။
(၂၀)
ကောင်းကင်ပေါ်က တိမ်တွေဟာ သဘာဝအတိုင်း
ပင်လယ်လှိုင်းလုံးကြီးတွေ နဲ့ တူနေတာပါ။
(၂၁)
သွားကြားထိုးတံနဲ့ ခရင်းတွေကို အရောင်စုံဖန်တီးပြီး
လှပစွာ ပုံဖော်ထားတာပဲဖြစ်ပါတယ်။
(၂၂)
ဒီအင်္ကျီဆိုင်ကတော့ သူတို့ရဲ့ဆိုင်က အင်္ကျီတွေကို
ဘယ်လိုမျိုး ပြသရောင်းချရမလဲဆိုတာကို ကောင်းကောင်းသိကြပါတယ်။
(၂၃)
ရေဘူးထဲမှာ ရေခဲနေတာက
တမင်ဖန်တီးနေသလို လှနေတာပါပဲ။
(၂၄)
နို့နှစ်ရောင်အိမ်သုတ်ဆေးဘူးအကြီးကြီးထဲကို ဆေးစက်အစိမ်းရောင် ချလိုက်တာပါ။
ရလဒ်ကတော့ အခုလိုမျိုး သေသပ်လှပနေတာပဲဖြစ်ပါတယ်။
(၂၅)
ကမ်းခြေကို ကပ်လာတဲ့ လှိုင်းလုံး အဖြူလေးတွေနဲ့ ခွေးလေးရဲ့
ကုတ်က အမွှေးဖြူလေးတို့က တစ်တန်းတည်းဖြစ်နေတာပါ။
(၂၆)
အလွှာလေးတွေ အထပ်ထပ်နဲ့အလှဆုံးသော
ဂျပန်ပန်းလေး ဖီဘွန်နာချီ
(၂၇)
ခူးလိုက်တာ ပုံမပျက် ပန်းမပျက်တဲ့အပြင်
အသီးလည်း လှတဲ့ စတော်ဘယ်ရီသီး
(၂၈)
နောက်တွဲယာဉ်ပေါ်မှာ လာရောင်ထင်ဟပ်နေတဲ့ ညနေခင်းဆည်းဆာရဲ့ အရိပ်ဟာ
ကြည်နူးစရာမြင်ကွင်းလေးဖြစ်နေတာပဲဖြစ်ပါတယ်။
(၂၉)
ကမ်းခြေပေါ်က သဲတွေပေါ်မှာ ယောဂကျင့်နေသူတစ်ဦး..
ရေပြင်အရိပ်မှာထင်ဟပ်နေတဲ့ သူ့ရဲ့အရိပ်ကြောင့် ဓာတ်ပုံဟာ ပိုပြီး အသက်ဝင်လှပနေတာပါ။
(၃၀)
ဖယောင်းတိုင်က ကျတဲ့ ဖယောင်းစက်လေးက
အဲ့လောက်ထိ ကြည့်ကောင်းလိမ့်မယ်လို့ ထင်မထားဘူးနော်။
ပရိသတ်တွေရဲ့ အာရုံကိုဖမ်းအစားနိုင်ခဲ့ဆုံး ဓာတ်ပုံတွေကဘာတွေဖြစ်မလဲ..ကိုယ်အကြိုက်ဆုံးဓာတ်ပုံတွေကိုလည်း ပြန်လည်ပြောပြပေးခဲ့အုံးနော်။
Ref:Brightside
Credit-Shwenyanshin