ဆေးခန်းမသွားချင်လို့ ဖြစ်ပျက်နေတဲ့ တိလေးတွေရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မျက်နှာအမူအရာများ

မင်္ဂလာပါ။လူတွေဟာ မိမိနေမကောင်းဘူး ဆိုရင်တောင် ဆေးခန်းကို သွားချင်မှသွားကြလေ့ရှိပေမယ့် ကိုယ်ချစ်လို့မွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ ကိုတော့ ပိုပြီးဂရုစိုက်ကြလေ့ရှိပါတယ်။ ဒါကြောင့်သူတို့ကျန်းမာရေးနဲ့ ပတ် သက်ပြီး တစ်ခုခုတော့မှားနေပြီလို့ သံသယဝင်လာတာနဲ့ ချက်ချင်းသူတို့ကို ဆေးခန်းခေါ်သွားလေ့ရှိပါတယ်။ သူတို့မှာနေမကောင်းတာ မဟုတ်ဘူးဆိုရင်လည်း တခြားအရာတွေအများကြီး ရှိနိုင်ပါသေးတယ်။လက်သည်းညှပ်တာမျိုးတွေ၊ ကာကွယ်ဆေးထိုးတာမျိုးတွေ၊ အခြားကာကွယ်ခြင်းတွေလုပ်ဖို့ ဆေးခန်းကို ခဏခဏခေါ်သွားခံရတာကြောင့် တိလေးတွေက ဆေးခန်းတွေကို ကြောက်စရာကောင်းလှချည်လား တွေးတတ်ပါတယ်။ ဆေးခန်းသွားမယ်ဆိုတာသိရင် မလိုက်ချင်ပဲ ပေကပ်ကပ်တွေ လုပ်တော့တာပါပဲ။

(၁)

ငါ့ကိုဘယ်ခေါ်သွားမလို့လဲနော်…ငါတို့ ပန်းခြံကို သွားနေတယ်လို့ မျှော်လင့်ပါတယ်လို့ ပုံလေးက ဖော်ပြနေပါတယ်။

(၂)

ပန်းခြံသွားနေတာလား..တိဆေးခန်းသွားနေတာလား မသေချာဘူးနော်။ မသေချာရင် မလိုက်ဘူး။ ဒီနေရာမှာပဲ ကုတ်ကပ်ပြီးတော့ကို နေမှာပဲ။

(၃)

ငါ့ကြောင်နှစ်ကောင် ကိုက်ကြတယ်။ အရှုံးသမားကို ဆေးခန်းသွားပြီး အမြီးရိတ်ဖို့ ဆုံးဖြတ်လိုက်တယ်။

အခုပုံထဲကကြောင်လေးဟာ ရန်မဖြစ်ဖို့ အတန်တန်ဆုံးမထားတဲ့ကြားက ရန်ဖြစ်ပြီး အမြှီးမှာ ဒဏ်ရာရရှိသွားခဲ့တဲ့အတွက် သခင်က ဆေးခန်းကိုခေါ်သွားပြီး အမြှီးရိတ်ပြီးဆေးကုခဲ့ရတာဖြစ်ပါတယ်။

(၄)

နေမကောင်းဘူး..ဒါပေမယ့်ဆေးခန်းတော့ မသွားချင်ဘူးနော်။ နေမကောင်းဖြစ်နေလို့ ဆေးခန်းသွားပြဖို့ သူ့ကိုထည့်မယ့်ခြင်းလေး ပြင်လိုက်တုန်းရှိသေး..အခုလို ဖင်ပူးတောင်းထောင်ပြီး လုံးဝမလိုက်ချင်ဘူးဆိုတဲ့ အမူအယာနဲ့ ပြနေတော့တာပဲ ဖြစ်ပါတယ်။

(၅)

ငါ့ကို ပိုပြီးတော့ ဝလာပြီလို့ ပြောပြန်ပြီနော်။ တော်တော်ဇယားရှုပ်တဲ့ လူတွေနော်။ သူတို့ပဲကျွေးတုန်းက ကျွေးပြီးတော့ ဝလာတော့မှ ဝိတ်ချဖို့လိုတယ်တဲ့လား။ မသိဘူး..စားမယ်။

(၆)

ကုန်သွားပြန်ပြီ…ငါ့မှာ ဘာမှစားဖို့မရှိတော့ပြန်ဘူး။ ဒီခန္ဓာကိုယ်နဲ့လိုက်အောင် ကျွေးကြပါဟဲ့ ဆိုတာကို သိပ်ပြောရတာပဲ။

(၇)

ဆေးခန်းမသွားခင်တုန်းက ရုပ်တစ်မျိုး၊ ဆေးခန်းသွားမယ်လည်းဆိုရော ဖြစ်ပျက်သွားတဲ့ ရုပ်ကတစ်မျိုး။ ဒီနှစ်ပုံအား နှိုင်းယှဉ်ကြည့်ပေးကြပါကုန်လော့။

(၈)

အေးအေး ခန္ဓာကိုယ်ကြီးနဲ့မှမလိုက် အဲဒီမှာကြောက်နေလိုက်။ အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ သူ့ရဲ့မျက်နှာလေးကိုကြည့်ပြီး ကိုယ်တွေတောင် သနားလိုက်ပါဘိတော့..။

(၉)

အေး…ဆေးခန်းသွားရမယ့် အန္တရာယ်က လွတ်မြောက်ဖို့ဆို ငါဘာပဲလုပ်ရလုပ်ရနော်။ ဒီအပေါက်လေးနဲ့ ငါ့ခန္ဓာကိုယ်ဆံ့ဆံ့ မဆံ့ဆံ့ ဝင်ပုန်းမှာပဲ။ လာမခေါ်ကြနဲ့။ မလိုက်ဘူးဆိုမှ မလိုက်ဘူးပဲ။

(၁၀)

ဆေးခန်းသွားဖို့လာခေါ်ရင် သူတို့မလိုက်နိုင်တဲ့ အမြင့်ကိုတက်နေမှ…ဒါမှ သူတို့ကြာရင် ငါ့ကိုမေ့သွားမှာ။ တိလေးတွေတိုင်းက အဲဒီလိုထင်တတ်ကြပါတယ်တဲ့နော်…။

(၁၁)

ဘာတဲ့..ဆေးခန်းပြမယ် ဟုတ်စ။ ပုန်းစရာနေရာ အမြန်ရှာစမ်း။ ငါ့ကိုယ်နဲ့ဆံ့တာလည်း ဒီဘေစင်ပဲရှိတာ။ ဒီလိုပုန်းနေတာ လုံခြုံဆုံးဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ပြီးတော့ ဘယ်သူများတွေ့သွားမလဲလို့ ရင်တထိတ်ထိတ်နဲ့ ပြန်ကြည့်နေသေးတာ မျက်လုံးကြီးကို ပြူးလို့။

(၁၂)

ကယ်ကြပါ။ ကယ်ကြပါဦး။ မီမီတို့ ဖီဖီတို့ရေ။ ဆရာမကို သားသားချုပ်ထားပြီ။ အားလုံးအိမ်ပြန်ကြစို့။

(၁၃)

ဒရာမာနည်းနည်းချိုးပြလိုက်မယ်..ငါ့ကိုသနားကြစမ်း။ ငါ့ကိုသူတို့ ခေါ်လို့မရအောင် ခုံကိုအသေဖက်ထားလိုက်မယ်…။ ကြိုက်တဲ့လူ ရအောင်လာခေါ်ကြည့်လိုက်စမ်းပါ။

(၁၄)

ငါကြောက်ပါတယ်ဆိုမှ။ တစ်စုံတစ်ဦးက ငါ့အခြေအနေကို ပိုပြီးဆိုးအောင် လုပ်နေတာများလား။ တံခါးမှန် ကနေချောင်းနေတဲ့ ကောင်ကသနားစရာမျက်နှာနဲ့ အပြင်ကို ထွက်ချင်နေပါလား။အမလေး.. ငါ့သခင်ကပြီးရင် ငါ့ကိုအဲဒီအခန်းထဲပို့ ဦးမှာ ကယ်ကြပါဦး။

(၁၅)

ဆေးခန်းသွားနေပြီဆိုတာ ငါ့ကြောင်လေး သိသွားတဲ့အခိုက်အတံ့။ တိလေးတွေက ဆေးခန်းသွားတဲ့လမ်းကို မှတ်မိတတ်ပါတယ်တဲ့နော်။ ဆေးခန်းမှန်းသေချာတာနဲ့ တိုက်ခိုက်ဖို့ ကြိုးစားတော့တာပါပဲ။

(၁၆)

ကြောင်လေးကို သားကြောဖြတ်ပြီးအိမ်ပြန်ခေါ်လာတဲ့အခါ…..။ သူ့ကိုဘာလုပ်လိုက်တယ်ဆိုတာ သိတဲ့အလားပဲ…သခင်ဖြစ်သူကို မကျေမနပ်တွေဖြစ်ပြီး အပေါက်ထဲကနေ မမှီ မှီရာကို လှမ်းကုတ်ဆွဲနေတာပဲ ဖြစ်ပါတယ်။ သခင်ဖြစ်သူကတော့ အိမ်ရောက်မှပဲ သူ့တိလေးကို ပြန်ချော့တော့မယ်လို့ ပြောပါတယ်။

(၁၇)

ဘယ်သူ့မှ ဆရာဝန်ဆီကို သွားဖို့မကြိုက်ပါဘူးနော် မီမီ။ သားလည်းမကြိုက်ဘူးဆို…မီမီတို့ဆိုသည်မှာလည်း နည်းနည်း ဘာမှမဖြစ်ရဲဘူး။ အမြဲဆေးခန်းသွားဖို့ပဲ လုပ်နေတာပဲ။ မပြောချင်ဘူး။

(၁၈)

ဆေးခန်းနဲ့နီးလာတာနဲ့အမျှ လူနားကနေ လုံးဝမခွာတော့တဲ့ ငလည်လေး။ အဲဒီငှက်လည်လေးက ကျန်တဲ့အချိန်ဆိုရင် ဘယ်လိုမှ လူနားကိုခေါ်လို့မရပဲ လူနဲ့လည်း နီးနီးကပ်ကပ်သိပ်မနေဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သခင်ဖြစ်သူက သူ့ကိုဆေးခန်းပြဖို့ လုပ်ပြီဆိုရင်တော့ လုံးဝကိုသခင်နားက မခွာတော့ပဲ သခင်သည်သာ သူ့ဘ၀ ဆိုတဲ့ အချိုးမျိုး ချိုးနေတာလည်း ဖြစ်ပါတယ်။

(၁၉)

တိလေးတွေထင်နေတာက ဒီလိုလုပ်လိုက်တာနဲ့ လူတွေသူ့ကို မမြင်ဘူးလို့ ထင်နေတာပါ။ သူတို့ ခန္ဓာကိုယ် ဘယ်လောက်ကြီးကြီး သေးသေး လူတွေကိုကျောခိုင်းလိုက်ပြီး နံရံဖက်ကိုလှည့်နေလိုက်ပြီဆိုတာနဲ့ လူတွေက သူတို့ကိုမတွေ့တော့ဘူးလို့ ထင်တာပါ။ အခုလည်း ဆေးခန်းမလိုက်ချင်လို့ ပုန်းတာပါတဲ့နော်။ အရမ်းတွေ လုံခြုံလွန်းနေပါပြီနော်။

(၂၀)

လာပြန်ပြီနောက်ထပ် တစ်ကောင်နော်။ တိလေးတွေတော်တော်များများ အဲဒီအမူအရာလုပ်ကြလေ့ ရှိပါတယ်။ ပုန်းတယ်။ စိတ်ကောက်တယ်ဆိုရင် နံရံဖက်ကိုလှည့်ပြီးနေကြတော့တာပါပဲ။ ဒါကပဲ သူတို့စတိုင် ဖြစ်နေရှာတာပေါ့လေ။

(၂၁)

ဒီခွေးလေးက သူ့ကိုဆေးခန်းခေါ်သွားတိုင်း ကြောင်လေးတစ်ကောင်လိုပုံစံ ဟန်ဆောင်နေတာပါတဲ့နော်။ သူထင်နေတာက ကြောင်လိုဟန်ဆောင်လိုက်ရင် ဆေးကုမခံရတော့ဘူးလို့ ထင်နေတဲ့ပုံပါပဲ။ ဒါကြောင့် ဆေးခန်းရောက်တိုင်း အမြဲ ကြောင်လေးတွေပုံစံ လိုက်လုပ်တယ်လို့ သခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

(၂၂)

အရေးကြီးဆုံးကတော့ ဆေးခန်းမသွားရဖို့ လုံအောင်ပုန်းဖို့။ ပုန်းဖို့နေရာကိုလည်း ကြိုတင်တွေးတော ဖန်တီးနိုင်ဖိုပဲ ဖြစ်ပါတယ်။

(၂၃)

အမလေး..အမလေး…ဒါဘယ်နေရာပါလိမ့်…ငါသိတယ်နော်…ဘုရား..ဘုရား..ဒါဆေးခန်းသွားတဲ့လမ်း။ အိမ်ကထွက်တုန်းကတော့ ဆေးခန်းမဟုတ်ဘူးဆိုပြီး ပျော်နေရှာတာပါ။ ဆေးခန်းသွားတဲ့ လမ်းထဲလည်းချိုးဝင်လိုက်ရော ဖြစ်ပျက်သွားတဲ့ ရုပ်ကိုသာ ကြည့်ကြပါတော့။

(၂၄)

သူလေးကတော့ အချေတလိုင်းပါနော်။ အမြဲဆေးခန်းသွားရင်ဖြစ်ဖြစ် အလှအပပြုပြင်ရင်ဖြစ်ဖြစ် သူလေးဟာ အားလုံးကို မတူမတန်သလိုကို ချေမိုးသွားတာပါတဲ့နော်။

(၂၅)

တချို့ကတော့ ဆေးခန်းကိုလာရောက်လည်ပတ်တာကို နှစ်သက်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူငယ်ချင်းအသစ်တွေ ရနိုင်လို့ပါတဲ့နော်။

(၂၆)

အခုချိန်မှာ ငါ့ကိုဆေးခန်းကို ခေါ်လာတယ်ဆိုတာ သေချာသွားပြီဆိုပြီး သဘောပေါက်သွားတဲ့ရုပ်။

(၂၇)

မကြောက်နဲ့သူငယ်ချင်း ဆေးခန်းသွားတာမဟုတ်ဘူးရယ်…ပန်းခြံကိုသွားနေတာပါ..သေချာပါတယ်.. ပန်းခြံကိုလည်းကျော်သွားပါပြီ..ဆေးခန်းဆိုတာ သေချာနေပြီ..ဖက်ငိုကြစို့။

(၂၈)

ဟဲ့..ငါ့ရဲ့အနောက်ပိုင်းကို ဘာလုပ်နေတာလဲ…ကြောက်ပြီး မျက်လုံးတွေတောင် ဝိုင်းစက်နေပါရောလား။

(၂၉)

ဆေးခန်းမှာ ကြောက်လို့တုန်နေတဲ့ ဂျာမန်သိုးထိန်းခွေးလေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေး ဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ဆေးခန်းမသွားချင်တဲ့ တိလေးတွေရဲ့ ချစ်စရာကောင်းလွန်းလှတဲ့ ပေကပ်ကပ် အမူအရာလေးတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တို့လည်း ဒီပုံလေးတွေ ကိုကြည့်ပြီး သူတို့လေးတွေကို ချစ်မြတ်နိုးမယ်လို့ မျှော်လင့်မိပါတယ်။ ပရိသတ်များအားလုံး စိတ်ချမ်းသာကိုယ် ကျန်းမာကြပါစေ။

Credit-celeguru

  • Leave a Comment

Categories