Edit မလုပ်ထားတဲ့ ဓါတ်ပုံတွေ အွန်လိုင်းပေါ် ပေါက်ကြားသွားလို့ ပွဲဆူသွားကြတဲ့ ဖြစ်စဉ်

တရုတ်လူမှုကွန်ရက်မှာ ကြွေရုပ်လေးလိုလှပလို့ နာမည်ကြီးနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ Editမလုပ်ထားတဲ့ပုံတွေ အွန်လိုင်းပေါ်ပေါက်ကြားသွားလို့ သူမကိုယ်တိုင်ရော သူ့ကိုအားပေးတဲ့အွန်လိုင်းအသုံးပြုသူတွေရော Shockရသွားတဲ့ဖြစ်စဉ်တစ်ခု မကြာသေးခင်ကဖြစ်ပွားခဲ့ပါတယ်။

အွန်လိုင်းမှာ ချစ်ဖို့ကောင်းလွန့်လို့နာမည်ကြီးနေတဲ့တရုတ်ကမိန်းကလေးဟာ Weiboသုံးနေသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ မတည်းဖြတ်ထားရသေးတဲ့ပုံနဲ့ တည်းဖြတ်ထားတဲ့ပုံတွေ ပျံနှံလာတဲ့အတွက် သူမကိုယ်တိုင် အရှက်ရခဲ့သလို သုံးစွဲသူတွေမှာလည်း အလွန်အံ့သြသင့်ခဲ့ရပါတယ်။

သူမရဲ့Before And Afterပုံတွေဟာ ဧပြီလနှောင်းပိုင်းမှာပြန့်နှံခဲ့ပြီး ဒီပုံတွေကိုထိုင်ဝမ်က EX Treme အမည်ရှိတဲ့ Pageတစ်ခုမှာဖော်ပြခဲ့တာပါ။

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး လူတချို့ကတော့ သူမရဲ့ တည်းဖြတ်ခြင်းစွမ်းရည်ကို ချီးကျူးခဲ့ကြပြီး တချို့ကတော့ သူမဟာအလွန်အမင်းပြင်ဆင်တည်းဖြတ်ပြီး သူမရဲ့ ပကတိအလှတရားကိုမချပြရဲသူ ကိုယ့်ကိုကိုယ်လေးစားမှုမရှိသူဆိုပြီးဝေဖန်ခဲ့ကြပါတယ်။ ခုလို လုပ်ခဲ့တာကိုလည်း အလွန်အမင်းအံသြမိကြောင်း ဝေဖန်ချက်တွေရေးသားခဲ့ကြပါတယ်။

အွန်လိုင်းပေါ်မှာ အလှပဂေးပုံတွေနဲ့ ကျော်ကြားခဲ့တဲ့သူမကတော့ “ကျွန်မဟာ ဿမန်လူတစ်ယောက်ပါ၊ သူများတွေဆီက ဒီပုံတွေကြောင့် ဘာအ ကျိုးကျေးဇူးမှ လက်ခံရယူမှုမရှိခဲ့ပါဘူး”လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒီပုံတွေကို လျို့ဝှက်စွာရိုက်ခံခဲ့ရတာမသိသလို ရိုက်ကူးခဲ့သူကိုမသိခဲ့ကြောင်း သူမဘက်က တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒီနောက်သူမဟာ တော်တော်အရှက်ရခဲ့သလို နောက်ဆို ဒီလိုပုံတွေတင်တော့မှာမဟုတ်ကြောင်း လည်းပြောဆိုခဲ့ပါတယ်။

သူမရဲ့Photoshopနည်းပညာကို တချို့တွေက ချီးကျူးပြီး သိချင်ကြတဲ့အတွက် သူမဘယ်လို Editလုပ်ခဲ့လဲဆိုတာကိုလည်း အွန်လိုင်းမှာ အဆင့်ဆင့်တည် းဖြတ်ပုံတွေ တင်ပေးခဲ့ပါတယ်။ တချို့လူတွေကတော့ သူမဟာမိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက် ဿမန်ထက်ပိုလှချင်လို့ ဒီလိုလုပ်တာ ဘာမှမဆန်းဘူးလို့ ဝေဖန်နေသူတွေကိုတုံပြန်ခဲ့ကြပါတယ်။ အွန်လိုင်းမှာ ခေတ်မီနည်းပညာတွေနဲ့ ကြိုက်သလို ပြုလုပ်လို့ရနေတဲ့အတွက် ပရိတ်သတ်ကြီးလည်း အွန်လိုင်းပေါက ပုံလေးကြညိ့ စွဲလမ်းရူးသွပ်ပြီး မအိပ်နိုင်မစားနိုင်တွေဖြစ်မနေနဲ့နော်..အပြင်မှာသာရှာကြနော်..

Zawgyi









  • Leave a Comment

Categories