၃နှစ်သမီးလေးအတွက် ဈေးကြီးတဲ့ ဒီဇိုင်နာ အဝတ်အစားများ ဝတ်ဆင်စေတဲ့အတွက် ငွေတွေကို သုံးဖြုန်းတယ်လို့ ဝေဖန်ခံနေရတဲ့ မိခင်

မိခင်တစ်ဦးက သူမရဲ့ သုံးနှစ်သမီးလေးအတွက် ငွေများစွာသုံးဖြုန်းတယ်လို့ ဆိုတဲ့ ဝေဖန်သူများကို ကျောခိုင်းလိုက်ပါတယ် ။ အသက် ၃၃ နှစ်အရွယ် Hena Paja လို့ခေါ်တဲ့ မိခင်တစ်ဦးဟာ သူမရဲ့သမီးလေးကို ကလေးဘဝကတည်းက ဈေးကြီးတဲ့ ဒီဇိုင်နာအဝတ်များနဲ့ ဝတ်ဆင်စေခဲ့ပါတယ် ။ ယခုအသက် ၃ နှစ်အရွယ် Sorenna လို့ခေါ်တဲ့ သူမရဲ့သမီးလေးက Gucci, Moschino, Dior, Ralph Lauren, Burberry နဲ့ အခြားဈေးကြီးတံဆိပ်များ အပါအဝင် အဝတ်ဗီရို ၄၀၀ ကျော်ရှိခဲ့ပါတယ် ။ Hena က သူမရဲ့သမီးငယ်လေးဟာ Hollywood မင်းသမီးတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အခြားသူတွေက “Sorenna ကို ကလေးတစ်ယောက်အနေနဲ့ဘဲ ဖြစ်ခွင့်ပေးပါ” လို့ ပြောခဲ့ပါတယ် ။

ဒါပေမဲ့ Hena က “ငါ့သမီးလေးအတွက် အဝတ်တွေကို ရွေးထုတ်ပြီး ဝတ်ခိုင်းရတာကြိုက်တယ်၊ ငါ့သမီးကို ငါ့ထက်ဘယ်သူကမှ ပိုချစ်နိုင်မှာမဟုတ်ဘူး ” လို့ ဆိုပါတယ် ။ Little Sorenna က သူမရဲ့ အမေတည်ထောင်ထား သူမရဲ့ကိုယ်ပိုင်အင်စတာဂရမ်စာမျက်နှာရှိပြီး သူမရဲ့ အဝတ်နဲ့ ဒီဇိုင်းများကို ပြသခဲ့ပါတယ် ။ ဒီစာမျက်နှာမှာ Follower ၅၁၀၀၀ ရှိပြီး“ mumager” Hena က ဦးဆောင်နေပါတယ် ။သူမရဲ့ သမီးငယ်လေးဟာ အသေးစားသြဇာရှိသူ တစ်ယောက်လို့ သူမယုံကြည်ခဲ့ပါတယ် ။ Sorenna ရဲ့ ဖခင်က ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ဦးစီးလုပ်ဆောင်နေပါတယ် ။

Hena က“ သူမမှာ Follower အများကြီးရှိရတဲ့အကြောင်းရင်းက သူ့သမီးရဲ့အံ့သြဖွယ်ကောင်းတဲ့ သဘာဝဟန်ပန်တွေနဲ့ အဝတ်အစားပုံစံကြောင့်ပါ။ လူတော်တော်များများက သူမရဲ့အဝတ်တွေက ဘယ်ကလဲဆိုတာသိချင်ကြတယ် ၊ ဒါကြောင့် ငါတို့ကအံ့သြစရာကောင်းတဲ့ အမှတ်တံဆိပ်များစွာနဲ့ ပူးပေါင်းရတာပဲ ။ သမီးလေးက ဂီတ၊ အက၊ ရေကူးတာကိုကြိုက်တယ်၊ အနာဂတ်မှာ နာမည်ကြီးရုပ်ရှင်တစ်ခုမှာ သူမသရုပ်ဆောင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။ ဒါငါ့အိမ်မက်ဘဲ။ ” လို့ ဆက်ပြောခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : dailystar

Zawgyi

၃ႏွစ္သမီးေလးအတြက္ ေဈးႀကီးတဲ့ ဒီဇိုင္နာ အဝတ္အစားမ်ား ဝတ္ဆင္ေစတဲ့အတြက္ ေငြေတြကို သုံးျဖဳန္းတယ္လို႔ ေဝဖန္ခံေနရတဲ့ မိခင္

မိခင္တစ္ဦးက သူမရဲ႕ သုံးႏွစ္သမီးေလးအတြက္ ေငြမ်ားစြာသုံးျဖဳန္းတယ္လို႔ ဆိုတဲ့ ေဝဖန္သူမ်ားကို ေက်ာခိုင္းလိုက္ပါတယ္ ။ အသက္ ၃၃ ႏွစ္အ႐ြယ္ Hena Paja လို႔ေခၚတဲ့ မိခင္တစ္ဦးဟာ သူမရဲ႕သမီးေလးကို ကေလးဘဝကတည္းက ေဈးႀကီးတဲ့ ဒီဇိုင္နာအဝတ္မ်ားနဲ႔ ဝတ္ဆင္ေစခဲ့ပါတယ္ ။ ယခုအသက္ ၃ ႏွစ္အ႐ြယ္ Sorenna လို႔ေခၚတဲ့ သူမရဲ႕သမီးေလးက Gucci, Moschino, Dior, Ralph Lauren, Burberry နဲ႔ အျခားေဈးႀကီးတံဆိပ္မ်ား အပါအဝင္ အဝတ္ဗီ႐ို ၄၀၀ ေက်ာ္ရွိခဲ့ပါတယ္ ။ Hena က သူမရဲ႕သမီးငယ္ေလးဟာ Hollywood မင္းသမီးတစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမဲ့ အျခားသူေတြက “Sorenna ကို ကေလးတစ္ေယာက္အေနနဲ႔ဘဲ ျဖစ္ခြင့္ေပးပါ” လို႔ ေျပာခဲ့ပါတယ္ ။

ဒါေပမဲ့ Hena က “ငါ့သမီးေလးအတြက္ အဝတ္ေတြကို ေ႐ြးထုတ္ၿပီး ဝတ္ခိုင္းရတာႀကိဳက္တယ္၊ ငါ့သမီးကို ငါ့ထက္ဘယ္သူကမွ ပိုခ်စ္ႏိုင္မွာမဟုတ္ဘူး ” လို႔ ဆိုပါတယ္ ။ Little Sorenna က သူမရဲ႕ အေမတည္ေထာင္ထား သူမရဲ႕ကိုယ္ပိုင္အင္စတာဂရမ္စာမ်က္ႏွာရွိၿပီး သူမရဲ႕ အဝတ္နဲ႔ ဒီဇိုင္းမ်ားကို ျပသခဲ့ပါတယ္ ။ ဒီစာမ်က္ႏွာမွာ Follower ၅၁၀၀၀ ရွိၿပီး“ mumager” Hena က ဦးေဆာင္ေနပါတယ္ ။သူမရဲ႕ သမီးငယ္ေလးဟာ အေသးစားၾသဇာရွိသူ တစ္ေယာက္လို႔ သူမယုံၾကည္ခဲ့ပါတယ္ ။ Sorenna ရဲ႕ ဖခင္က ေဆာက္လုပ္ေရး ကုမၸဏီတစ္ခုကို ဦးစီးလုပ္ေဆာင္ေနပါတယ္ ။

Hena က“ သူမမွာ Follower အမ်ားႀကီးရွိရတဲ့အေၾကာင္းရင္းက သူ႔သမီးရဲ႕အံ့ၾသဖြယ္ေကာင္းတဲ့ သဘာဝဟန္ပန္ေတြနဲ႔ အဝတ္အစားပုံစံေၾကာင့္ပါ။ လူေတာ္ေတာ္မ်ားမ်ားက သူမရဲ႕အဝတ္ေတြက ဘယ္ကလဲဆိုတာသိခ်င္ၾကတယ္ ၊ ဒါေၾကာင့္ ငါတို႔ကအံ့ၾသစရာေကာင္းတဲ့ အမွတ္တံဆိပ္မ်ားစြာနဲ႔ ပူးေပါင္းရတာပဲ ။ သမီးေလးက ဂီတ၊ အက၊ ေရကူးတာကိုႀကိဳက္တယ္၊ အနာဂတ္မွာ နာမည္ႀကီး႐ုပ္ရွင္တစ္ခုမွာ သူမသ႐ုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ ငါေမွ်ာ္လင့္တယ္။ ဒါငါ့အိမ္မက္ဘဲ။ ” လို႔ ဆက္ေျပာခဲ့ပါတယ္ ။

JRose (KB Chimmy One)

  • Leave a Comment

Categories