ယနေ့ခေတ်ကလေးများက သင်ယူမှုမှာ အလွန်တက်ကြွပြီး gadget များနဲ့ သင်ယူခြင်းဖြစ်စေ၊ သူတို့က ပတ်ဝန်းကျင်မှာ ရှုမြင်ရတဲ့ အရာများမှတဆင့် လျင်မြန်စွာ လိုက်လျောညီထွေစွာ သင်ယူကြပါတယ် ။ ကလေးတွေတော်တော်များများဟာ အကြောင်းမဲ့ရေခဲသေတ္တာကိုအဖွင့်အပိတ်လုပ်လေ့ရှိတာ သိသာထင်ရှားပါတယ် ။ ဒီအရာတွေကို မလုပ်မိအောင်သူတို့ကိုပြင်ဖို့ မိဘတွေမှာ နည်းလမ်းမရှိကြပါဘူး ။ သို့သော် ၎င်းအမေက ပြီးပြည့်စုံတဲ့အဖြေကို ရှာတွေ့ခဲ့ပါတယ် ။ သူမရဲ့ဖေ့စ်ဘွတ်ခ်ပို့စ်ဟာ သူမရဲ့ကလေးငယ် ရေခဲသေတ္တာကို အဖွင့်အပိတ်လုပ်တာကို ရပ်တန့်နိုင်အောင် ဖြေရှင်းနိုင်ခဲ့တာကို ဝေမျှပြီးနောက် Like ၆K ကျော်ရရှိခဲ့ပါတယ် ။
ဖြေရှင်းနည်းကဘာလဲဆိုတော့ မိခင်က ကာတွန်း Mask ကို ကပ်ထားတဲ့ သူ့အစ်မဖြစ်သူရဲ့ ကြောက်စရာပုံကိုသုံးပြီး ရေခဲသေတ္တာအပြင်ဘက်ရော အတွင်းထဲမှာပါ ကပ်ထားခဲ့ပါတယ် ။ သူ့အစ်မဖြစ်သူက သူမရဲ့ကလေးကို ကြောက်လန့်စေရန် ထိုပုံကိုသုံးဖို့ အစ်မက ခွင့်ပြုချက်ပေးခဲ့ကြောင်း သူမကပြောကြားခဲ့ပါတယ် ။ အစ်မက သူမ Shopee မှ ဝယ်လာတဲ့ တိရိစ္ဆာန်ကျားလို mask ကို သုံးခဲ့ပါတယ် ။ ဒီမျက်နှာဖုံးက ရယ်စရာကောင်းပေမယ့် ကလေးတွေအတွက် ကြောက်စရာကောင်းတယ်ဆိုတာသိသာပါတယ် ။ လူများစွာတို့က ဒီမိသားစုရဲ့ ဖန်တီးမှုအားဖြင့် ရယ်ရတဲ့အတွက် post ကို မှတ်ချက်ပေးကြပါတယ် ။ လူတွေက ဒါဟာ အရမ်းရယ်စရာကောင်းတယ်လို့ မြင်ကြပြီး ဒီစိတ်ကူးက မိဘတွေအများကြီးကိုကူညီလိမ့်မယ်လို့ ထင်မြင်ကြပါတယ် ။
JRose (Mckzone daily)
Reference : redchili21
Zawgyi
ေရခဲေသတၱာထဲက ပစၥည္းမ်ား ဖ်က္ဆီးတက္တဲ့ ကေလးကို တားျမစ္ႏိုင္မဲ့ နည္းလမ္းမ်ိဳး ေတြ႕ရွိခဲ့တဲ့မိခင္
ယေန႔ေခတ္ကေလးမ်ားက သင္ယူမႈမွာ အလြန္တက္ႂကြၿပီး gadget မ်ားနဲ႔ သင္ယူျခင္းျဖစ္ေစ၊ သူတို႔က ပတ္ဝန္းက်င္မွာ ရႈျမင္ရတဲ့ အရာမ်ားမွတဆင့္ လ်င္ျမန္စြာ လိုက္ေလ်ာညီေထြစြာ သင္ယူၾကပါတယ္ ။ ကေလးေတြေတာ္ေတာ္မ်ားမ်ားဟာ အေၾကာင္းမဲ့ေရခဲေသတၱာကိုအဖြင့္အပိတ္လုပ္ေလ့ရွိတာ သိသာထင္ရွားပါတယ္ ။ ဒီအရာေတြကို မလုပ္မိေအာင္သူတို႔ကိုျပင္ဖို႔ မိဘေတြမွာ နည္းလမ္းမရွိၾကပါဘူး ။ သို႔ေသာ္ ၎အေမက ၿပီးျပည့္စုံတဲ့အေျဖကို ရွာေတြ႕ခဲ့ပါတယ္ ။ သူမရဲ႕ေဖ့စ္ဘြတ္ခ္ပို႔စ္ဟာ သူမရဲ႕ကေလးငယ္ ေရခဲေသတၱာကို အဖြင့္အပိတ္လုပ္တာကို ရပ္တန႔္ႏိုင္ေအာင္ ေျဖရွင္းႏိုင္ခဲ့တာကို ေဝမွ်ၿပီးေနာက္ Like ၆K ေက်ာ္ရရွိခဲ့ပါတယ္ ။
ေျဖရွင္းနည္းကဘာလဲဆိုေတာ့ မိခင္က ကာတြန္း Mask ကို ကပ္ထားတဲ့ သူ႔အစ္မျဖစ္သူရဲ႕ ေၾကာက္စရာပုံကိုသုံးၿပီး ေရခဲေသတၱာအျပင္ဘက္ေရာ အတြင္းထဲမွာပါ ကပ္ထားခဲ့ပါတယ္ ။ သူ႔အစ္မျဖစ္သူက သူမရဲ႕ကေလးကို ေၾကာက္လန႔္ေစရန္ ထိုပုံကိုသုံးဖို႔ အစ္မက ခြင့္ျပဳခ်က္ေပးခဲ့ေၾကာင္း သူမကေျပာၾကားခဲ့ပါတယ္ ။ အစ္မက သူမ Shopee မွ ဝယ္လာတဲ့ တိရိစာၦန္က်ားလို mask ကို သုံးခဲ့ပါတယ္ ။ ဒီမ်က္ႏွာဖုံးက ရယ္စရာေကာင္းေပမယ့္ ကေလးေတြအတြက္ ေၾကာက္စရာေကာင္းတယ္ဆိုတာသိသာပါတယ္ ။ လူမ်ားစြာတို႔က ဒီမိသားစုရဲ႕ ဖန္တီးမႈအားျဖင့္ ရယ္ရတဲ့အတြက္ post ကို မွတ္ခ်က္ေပးၾကပါတယ္ ။ လူေတြက ဒါဟာ အရမ္းရယ္စရာေကာင္းတယ္လို႔ ျမင္ၾကၿပီး ဒီစိတ္ကူးက မိဘေတြအမ်ားႀကီးကိုကူညီလိမ့္မယ္လို႔ ထင္ျမင္ၾကပါတယ္ ။
JRose (Mckzone daily)