ကျောင်းသားများလှူပေးတဲ့ပန်းချီပစ္စည်းများဖြင့် အနုပညာမြောက်တဲ့ပန်းချီကားများစွာကို ရေးဆွဲပြသလေ့ရှိတဲ့ အိမ်ယာမဲ့ပန်းချီဆရာ

Tatay Edgardo Lam အမည်ရှိအမျိုးသားတစ်ဦးဟာ အိမ်ပိုင်မရှိဘဲ လမ်းပေါ်မှာသာ နေထိုင်ပေမဲ့ သူဟာ သူ့ရဲ့အခြေအနေကို ပြောင်းလဲရန် “ street gallery ” ကိုဖန်တီးကာ လူအများက သူ၏အနုပညာလက်ရာများကို ကြည့်ရှုရန် ၊ သူ့ရဲ့လိုအပ်ချက်များအားပံ့ပိုးရန် ပန်းချီများကိုဝယ်ယူပေးရန် ပန်းချီကားများစွာကို လမ်းဘေးတစ်နေရာမှာ ရေးဆွဲပြသခဲ့ပါတယ်။ လူတစ်ဦးက မနီလာမြို့၊ Ermita ရပ်ကွက် MH Del Pilar St. နှင့် Padre Faura St. လမ်း၏ထောင့်တွင် အသက်မွေးရန် အသေးစားစီးပွါးရေးသမားဖြစ်တဲ့ အသက်ကြီးတဲ့ပန်းချီဆရာ Tatay Edgardo ၏ဓာတ်ပုံများကို မျှဝေပေးခဲ့ပြီးနောက်မှာ အင်တာနက်သုံးစွဲသူများစွာက သူ့ရဲ့ပန်းချီကားများကိုစိတ်ဝင်စားလာခဲ့ကြပါတယ်။

အချိန်တွေကိုဖြတ်သန်းလာရင်း အသက် ၆၅ နှစ်အရွယ် Tatay Edgardo ဟာ ပန်းချီကားများကို အခါအားလျော်စွာ သူ့ဆီလာလည်လေ့ရှိတဲ့ကျောင်းသားများထံမှရရှိတဲ့ပစ္စည်းများဖြင့် ရေးဆွဲဖန်တီးလေ့ရှိပါတယ်။

Netizen တစ်ဦးဖြစ်တဲ့ Matthew Gan ၏အဆိုအရ Tatay Edgardo ဟာ ပန်းချီဆွဲလာသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်ပြီး သူဟာ အတော်လေးထက်မြက်သော်လည်း သူ့ရဲ့ပန်းချီကားမိားနှင့်ဝင်ငွေအများကြီးမရတာကြောင့် သူဟာ ယခုချိန်ထိလမ်းပေါ်၌သာ နေထိုင်နေခဲ့ပါတယ်။

သို့သော် Tatay Edgardo ဟာ သူ့ရဲ့ကျပ်တင်းတဲ့အခြေအနေအများစုကိုမေ့ထားပြီး ဖြတ်သွားဖြတ်လာသွားသူများအား သူ့၏အနုပညာကိုအခမဲ့ခံစားနိုင်တဲ့လမ်းပြခန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

အခါအားလျော်စွာ သူ့ဆီကိုလာလည်ပြီး သူ့အားအနုပညာပစ္စည်းတွေပေးမယ့်ကျောင်းသားတွေရှိပေမဲ့ ၎င်းပစ္စည်းများကုန်သွားတဲ့အခါ သူဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့သွားပြီး ပြန်လည်လို့ရတဲ့ဆေးသုတ်ထားတဲ့သုံးထပ်သားများကို ကောက်ကာ အံ့ဩဖွယ်ကောင်းတဲ့အနုပညာလက်ရာများအဖြစ်သို့ပြောင်းလဲခဲ့ပါတယ်။

Tatay Edgardo က သူ့အနုပညာလက်ရာအချို့အတွက် မျက်လုံးမှိတ်လိုက်ရင် သူ့စိတ်ကူးက သူ့ဆီရောက်လာပြီး အနုပညာလက်ရာသစ်ကိုဖန်တီးဖို့လှုံဆော်ပေးကြောင်း ၊ အနုပညာဆိုတာဟာ ဘယ်လိုနေရာမှလာတဲ့အရာမဆို အနုပညာဖြစ်လာနိုင်တယ်လို့ယုံကြည်ထားကြောင်း Matthew က ပြောပြခဲ့ပါတယ်။

Tatay Edgardo ကိုကူညီလိုသူများအား Padre Faura ရှိသူ၏ပုံမှန်နေရာ၌ သူ့ကိုအလွယ်တကူရှာနိုင်ကြောင်း Matthew က ဆက်ပြောပြခဲ့ပါတယ်။

သက်တမ်းရင့်ပန်းချီဆရာ Tatay Edgardo ဟာ ဆေးသုတ်ခြင်း၊ စုတ်တံများ၊ အခြားအနုပညာပစ္စည်းများနှင့် သေးငယ်တဲ့အလှူများကိုပင် တန်ဖိုးထားတတ်ပြီး သူ၏အနုပညာလက်ရာကို၀ယ်ယူနိုင်သလို ကိုယ့်စိတ်တိုင်းကျပုံကိုလည်း အပ်ထားနိုင်ပါသေးတယ်။

Mia (KB Chimmy One)

Reference : rachfeed

  • Leave a Comment

Categories