နာမကျန်းဖြစ်နေတဲ့ဇနီးနှင့်အတူ အချိန်ပိုဖြုန်းနိုင်အောင် ခင်ပွန်းဖြစ်သူဆိုင်ရှင်ရဲ့ဒိုးနတ်များကို နေ့တိုင်း အစောကြီးကုန်သွားတဲ့အထိ ဝယ်ယူပေးခဲ့ကြတဲ့ သစ္စာရှိဖောက်သည်များ (ရုပ်သံ)

ကယ်လီဖိုးနီးယား Seal Beach ရှိဒိုးနတ်မုန့်ဆိုင်တစ်ဆိုင်ကို ကမ္ဘောဒီးယားမှစုံတွဲတစ်တွဲကဆယ်စုနှစ်သုံးခုကြာအထိ စီမံလာခဲ့ပါတယ်။ John Chhan နှင့်သူ၏ဇနီး Stella တို့ဟာ ဒုက္ခသည်များအဖြစ် ခိုဝင်လာခဲ့ကြသော်လည်း ၎င်းတို့ဟာ Donut City ဆိုတဲ့ဒိုးနတ်မုန့်ဆိုင်တွင် ဒိုးနပ်ရောင်းရန် နံနက်စောစောအိပ်ရာမှထပြီး ထိုဒေသတွင် ရိုးသားစွာနေထိုင်ခဲ့ကြပါတယ်။ ထိုနှစ်များအတွင်း ၎င်းဒိုးနတ်အရောင်းဆိုင်ဟာ အလုပ်မသွားခင် မနက်စာ (သို့) ဒိုးနတ်ဝယ်စားရန်ရောက်လာတတ်တဲ့သစ္စာရှိဖောက်သည်များစွာကို ရရှိခဲ့ပါတယ်။ ဤဖောက်သည်များစွာဟာ ၎င်းတို့စုံတွဲရဲ့ဒိုးနတ်များကို ဆယ်စုနှစ်ပေါင်းများစွာအထိ ပျော်ရွှင်စွာစားသုံးလာခဲ့ကြပါတယ်။ သို့သော် မကြာခင်မှာဘဲ ဇနီးဖြစ်သူ Stella ဟာ aneurysm ရောဂါကိုခံစားလာခဲ့ရပြီး သူမ၏အားနည်းသောအခြေအနေကြောင့် ပြန်လည်ထူထောင်ရေးပြုလုပ်ခဲ့ရပါတယ်။

ထို့နောက် John ဟာလည်း ဒိုးနတ်ဆိုင်ကို ကိုယ်တိုင်တစ်ကိုယ်တည်းဖွင့်ဖို့ဖြစ်လာခဲ့ပါတယ်။ သူဟာ ဇနီး Stella နှင့်အတူ တတ်နိုင်သမျှ အချိန်များစွာကုန်ဆုံးချင်သော်လည်း သူ့တွင် လည်ပတ်ရန်နှင့်ဒိုးနတ်ရောင်းရန်ဆိုင်တစ်ဆိုင်ရှိနေခဲ့တာကြောင့် သူဟာ ဒိုးနတ်အများစုကိုရောင်းပြီးမှ ပြန်လည်ထူထောင်ရေးစခန်းသို့သာသွားနိုင်ခဲ့ပါတယ်။

Stella နေမကောင်းဖြစ်ပြီး John က ဇနီးဖြစ်သူနှင့်အတူရှိနေနိုင်ရန် ဒိုးနတ်အားလုံးရောင်းဖို့လိုတယ်လို့ကြားသိခဲ့ကြပြီးနောက် သစ္စာရှိဖောက်သည်တွေဟာ တစ်ဦးလျှင် ဒိုးနတ်တစ်ဒါဇင်နှုန်းဖြင့်စပြီးဝယ်ယူကြခဲ့ပါတယ်။

၎င်းတို့စုံတွဲက အကူအညီလိုအပ်နေကြောင်းကို လူမှုအသိုင်းအဝိုင်းအတွင်းမကြာမီတွင်ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဒိုးနတ်များရောင်းကုန်သွားစေဖို့ ၎င်းတို့ဆိုင်ဖွင့်ချိန်၌ပင် လူများက နေ့စဉ် တန်းစီရောက်ရှိလာခဲ့ကြပါတယ်။

ဖောက်သည်များကလည်း ၎င်းတို့၏သူငယ်ချင်းများအား ကူညီအားပေးကြရန်အတွက် ၎င်းတို့စုံတွဲ၏အခက်အခဲကိုပင် မျှဝေပေးခဲ့ကြပါတယ်။ အံ့သြဖွယ်ကောင်းသည်မှာ ရပ်ရွာလူထု၏ကြိုးစားအားထုတ်မှုများ အောင်မြင်ခဲ့ပါတယ်။

ပုံမှန် နံနက် ၈ နာရီအစောပိုင်းတွင် ဒိုးနတ်များမကြာခဏရောင်းထွက်နေခဲ့ပြီး ပြန်လည်ထူထောင်ရေးစင်တာရှိ ဇနီးဖြစ်သူ Stella အား သွားတွေ့မဲ့ရက်တွေမှာလည်း John ဟာ သူ၏ဆိုင်ကို အစောကြီးပိတ်နိုင်ခဲ့ပါတယ်။

ဖောက်သည်အချို့က ၎င်းတို့စုံတွဲအတွက် GoFundMe အစီအစဉ်တစ်ခုပြုလုပ်ရန်ကမ်းလှမ်းခဲ့ကြသော်လည်း John ဟာ ငြင်းဆိုခဲ့ပါတယ်။ သူတကယ်လိုအပ်တာက ဇနီးအတွက် သူမနှင့်အတူပိုအရေးကြီးတဲ့အချိန်ကိုဖြတ်သန်းပေးဖို့ပါဘဲဟု ဆိုခဲ့ပါတယ်။ ဒါဟာ sweet ဖြစ်လွန်းတယ်လို့ မထင်မိဘူးလားဗျာ။

Mia (Mckzone daily)

Reference : rachfeed

  • Leave a Comment

Categories