ချစ်သူရပြီး သူငယ်ချင်းတွေကိုမေ့သွားတဲ့ဘော်ဒါကြီးကို ဈာပနပွဲနဲ့နှုတ်ဆက်ခဲ့သူများ

လူငယ်တစ်စုဟာ သူတို့ကို အမေ့ကြီးမေ့သွားတဲ့ ဘော်ဒါကြီးကို အပြီးတိုင်နှုတ်ဆက်တဲ့အနေနဲ့ ဈာပနဖော်ရှိုးပွဲလေး စီစဉ်ပေးခဲ့ပါသတဲ့။ တကယ်တော့ သူတို့ဘော်ဒါကြီးဟာ အရှင်ကြီးအတိုင်း အခုလို အရွဲ့တိုက်ခံလိုက်ရတာပါ။ အဲဒီသူငယ်ချင်းဟာ ချစ်သူရပြီးနောက် သူတို့ကို အဆက်သွယ် ဖြတ်ထားလို့ အခုလို လုပ်ရတာလို့ ဆိုပါတယ်။

သူငယ်ချင်းရဲ့အမည်ကတော့ Ellis Russell ဖြစ်ပါတယ်။ သူဟာ ချစ်သူရပြီးနောက် အလုပ်တွေ ဆက်တိုက်ရှုပ်နေပြီး၊ ခါတိုင်း ဘော်ဒါတွေနဲ့ မပျက်မကွက် လုပ်နေကြအရာတွေ၊ ဆုံနေကြနေရာတွေကို တမင်မေ့ထားခဲ့လို့ သူငယ်ချင်းတွေက အခုလို သတိပေး ကျီစယ်လိုက်တာပါ။

ဒီနည်းအားဖြင့် Ellis အနေနဲ့ သူတို့ကို အမှတ်ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီထွင်လုံးကို ကြံစည်ခဲ့သူကတော့ Aled Jenkins အမည်ရ အမျိုးသားပါ။ သူက ” Ellis နဲ့ ကျွန်တော်တို့နဲ့က အရင်က မတွေ့တဲ့နေ့ရယ်လို့ မရှိပါဘူး … မကြာသေးခင်က ဒီကောင် ချစ်သူရတယ် …

သူက ကျွန်တော်တို့နဲ့ WhatsApp ပေါ်မှာပဲ တွေ့ရတော့တယ် … အဓိကကတော့ သူ့အနေနဲ့ ကောင်မလေးနဲ့ ကောင်မလေးဆီမှာရှိနေတဲ့ ကြောင်မလေးကို အချိန်ပေးချင်တဲ့သဘော …

ဒါမျိုးကို ကျွန်တော်တို့တသိုက်က လက်မခံနိုင်ပါဘူး … ဒီတော့ သူ့ကို ဈာပနလုပ်ပေးဖို့ စီစဉ်ခဲ့တာ … သူက သေတော့ မသေသေးပေမယ့် ကျွန်တော်တို့နဲ့ တပူးတွဲတွဲနေတဲ့ သူငယ်ချင်းအဖြစ်ကနေ လစ်ဟာသွားပြီ ဖြစ်ပါတယ် … သူ အသိတရား ရမယ်လို့ မျှော်လင့်ပါတယ် …

အခုတော့ သူ့ကို ကျွန်တော်တို့ လွတ်ငြိမ်းခွင့် ပေးထားလိုက်တယ် ” လို့ ပြောပါတယ်။ Aled နဲ့ အပေါင်းအပါသူငယ်ချင်း ဒါဇင်ကျော်တို့ဟာ တစ်စုတစ်ဝေးတည်းမှာပဲ Ellis ကို ဈာပနကျင်းပပေးခဲ့တာဖြစ်ပြီး၊ အားလုံးဟာ ဈာပနမှာဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားတွေနဲ့ တကယ့်ဝမ်းနည်းပူဆွေးနေတဲ့ မျက်နှာအမူအယာတွေနဲ့ ဓာတ်ပုံတွေ ဝေဝေဆာဆာ ရိုက်ခဲ့ကြတာပါ။

တကယ်တော့ သူတို့ရဲ့ နောက်ပြောင်မှုက ဒီလောက် နာမည်ကြီးမယ်လို့ မမှန်းဆခဲ့ပါဘူး။ သူတို့ဟာ ခေါင်းတလားကိုလည်း ငှားရမ်းခဲ့ကြသလို၊ Ellis ရဲ့ အရွယ်အစားတူ ကတ္ထူပုံကြီးကိုလည်း တကူးတက အသုံးပြုခဲ့ကြပါတယ်။ ခေါင်းတလားပေါ်မှာ ရေးထားတဲ့စာမှာတော့ Ellis Russell 1994-2021 လို့ဖြစ်ပြီး၊ သူငယ်ချင်းဖြစ်တဲ့ Ellis ကတော့ ဒီကိစ္စကို ဒေါသူပုန်ထနေမလား၊ သူငယ်ချင်းတွေရဲ့ နောက်ပြောင်မှုကို နားလည်ပေးလေမလားဆိုတာ စိတ်ဝင်စားစရာပါ။

Credit-လင်းသုတ

Ref ; LadBible

Zawgyi

ခ်စ္သူရၿပီး သူငယ္ခ်င္းေတြကိုေမ့သြားတဲ့ေဘာ္ဒါႀကီးကို ဈာပနပြဲနဲ႔ႏႈတ္ဆက္ခဲ့သူမ်ား

လူငယ္တစ္စုဟာ သူတို႔ကို အေမ့ႀကီးေမ့သြားတဲ့ ေဘာ္ဒါႀကီးကို အၿပီးတိုင္ႏႈတ္ဆက္တဲ့အေနနဲ႔ ဈာပနေဖာ္ရႈိးပြဲေလး စီစဥ္ေပးခဲ့ပါသတဲ့။ တကယ္ေတာ့ သူတို႔ေဘာ္ဒါႀကီးဟာ အရွင္ႀကီးအတိုင္း အခုလို အ႐ြဲ႕တိုက္ခံလိုက္ရတာပါ။ အဲဒီသူငယ္ခ်င္းဟာ ခ်စ္သူရၿပီးေနာက္ သူတို႔ကို အဆက္သြယ္ ျဖတ္ထားလို႔ အခုလို လုပ္ရတာလို႔ ဆိုပါတယ္။

သူငယ္ခ်င္းရဲ႕အမည္ကေတာ့ Ellis Russell ျဖစ္ပါတယ္။ သူဟာ ခ်စ္သူရၿပီးေနာက္ အလုပ္ေတြ ဆက္တိုက္ရႈပ္ေနၿပီး၊ ခါတိုင္း ေဘာ္ဒါေတြနဲ႔ မပ်က္မကြက္ လုပ္ေနၾကအရာေတြ၊ ဆုံေနၾကေနရာေတြကို တမင္ေမ့ထားခဲ့လို႔ သူငယ္ခ်င္းေတြက အခုလို သတိေပး က်ီစယ္လိုက္တာပါ။

ဒီနည္းအားျဖင့္ Ellis အေနနဲ႔ သူတို႔ကို အမွတ္ရလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။ ဒီထြင္လုံးကို ႀကံစည္ခဲ့သူကေတာ့ Aled Jenkins အမည္ရ အမ်ိဳးသားပါ။ သူက ” Ellis နဲ႔ ကြၽန္ေတာ္တို႔နဲ႔က အရင္က မေတြ႕တဲ့ေန႔ရယ္လို႔ မရွိပါဘူး … မၾကာေသးခင္က ဒီေကာင္ ခ်စ္သူရတယ္ …

သူက ကြၽန္ေတာ္တို႔နဲ႔ WhatsApp ေပၚမွာပဲ ေတြ႕ရေတာ့တယ္ … အဓိကကေတာ့ သူ႔အေနနဲ႔ ေကာင္မေလးနဲ႔ ေကာင္မေလးဆီမွာရွိေနတဲ့ ေၾကာင္မေလးကို အခ်ိန္ေပးခ်င္တဲ့သေဘာ …

ဒါမ်ိဳးကို ကြၽန္ေတာ္တို႔တသိုက္က လက္မခံႏိုင္ပါဘူး … ဒီေတာ့ သူ႔ကို ဈာပနလုပ္ေပးဖို႔ စီစဥ္ခဲ့တာ … သူက ေသေတာ့ မေသေသးေပမယ့္ ကြၽန္ေတာ္တို႔နဲ႔ တပူးတြဲတြဲေနတဲ့ သူငယ္ခ်င္းအျဖစ္ကေန လစ္ဟာသြားၿပီ ျဖစ္ပါတယ္ … သူ အသိတရား ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္ …

အခုေတာ့ သူ႔ကို ကြၽန္ေတာ္တို႔ လြတ္ၿငိမ္းခြင့္ ေပးထားလိုက္တယ္ ” လို႔ ေျပာပါတယ္။ Aled နဲ႔ အေပါင္းအပါသူငယ္ခ်င္း ဒါဇင္ေက်ာ္တို႔ဟာ တစ္စုတစ္ေဝးတည္းမွာပဲ Ellis ကို ဈာပနက်င္းပေပးခဲ့တာျဖစ္ၿပီး၊ အားလုံးဟာ ဈာပနမွာဝတ္ဆင္ေလ့ရွိတဲ့ အဝတ္အစားေတြနဲ႔ တကယ့္ဝမ္းနည္းပူေဆြးေနတဲ့ မ်က္ႏွာအမူအယာေတြနဲ႔ ဓာတ္ပုံေတြ ေဝေဝဆာဆာ ႐ိုက္ခဲ့ၾကတာပါ။

တကယ္ေတာ့ သူတို႔ရဲ႕ ေနာက္ေျပာင္မႈက ဒီေလာက္ နာမည္ႀကီးမယ္လို႔ မမွန္းဆခဲ့ပါဘူး။ သူတို႔ဟာ ေခါင္းတလားကိုလည္း ငွားရမ္းခဲ့ၾကသလို၊ Ellis ရဲ႕ အ႐ြယ္အစားတူ ကတၳဴပုံႀကီးကိုလည္း တကူးတက အသုံးျပဳခဲ့ၾကပါတယ္။ ေခါင္းတလားေပၚမွာ ေရးထားတဲ့စာမွာေတာ့ Ellis Russell 1994-2021 လို႔ျဖစ္ၿပီး၊ သူငယ္ခ်င္းျဖစ္တဲ့ Ellis ကေတာ့ ဒီကိစၥကို ေဒါသူပုန္ထေနမလား၊ သူငယ္ခ်င္းေတြရဲ႕ ေနာက္ေျပာင္မႈကို နားလည္ေပးေလမလားဆိုတာ စိတ္ဝင္စားစရာပါ။

Credit-လင္းသုတ

Ref ; LadBible

  • Leave a Comment

Categories