အင်စတာဂရမ်ဓာတ်ပုံတွေရဲ့ နောက်ကွယ်က တကယ့်ပုံစံအမှန်တွေကို ဝေမျှပေးခဲ့တဲ့ နိုင်ဂျီးရီးယား ဓာတ်ပုံဆရာ

ဓာတ်ပုံကောင်းတစ်ပုံရဖို့ ဘာတွေလိုအပ်လဲ။ ဒါကတော့ လူတစ်ဦးစီအပေါ် လုံးလုံးလျားလျားမူတည်မယ်လို့ ထင်ပါတယ်။ တစ်ချို့က ပြီးပြည့်စုံတဲ့နေရာတစ်ခု လိုချင်တယ်၊ တစ်ချို့က သူတို့ဓာတ်ပုံတွေအတွက် ထောင့်တွေ သို့ အလင်းအမှောင်ကို စိုးရိမ်ကြတယ်။

နိုင်ဂျီးရီးယားဓာတ်ပုံဆရာ Ibor Edosa Victor ကတော့ သူ့ဓာတ်ပုံတွေအတွက် လှပတဲ့ပတ်ဝန်းကျင်မျိုးရှိနေစရာ မလိုအပ်ပဲ ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို ဓာတ်ပုံအတွက် အသုံးချလို့ရကြောင်း ပြသခဲ့ပါတယ်။

သူ့ရဲ့အင်စတာဂရမ်ပေါ်တွင် follower ပေါင်း 189k ရှိပြီး Ibor က အံ့သြဖွယ်ကောင်းတဲ့ ဓာတ်ပုံရရှိဖို့ ပြီးပြည့်စုံတဲ့ setting တွေမလိုအပ်ကြောင်းကို သူ့ရဲ့ပရိတ်သတ်တွေကို ပြသပေးခဲ့တာ ဖြစ်ပါတယ်။ Ibor ဟာ သူ့ရဲ့ဓာတ်ပုံတွေရဲ့ နောက်ကွယ်ကပုံရိပ်တွေကို ဝေမျှပေးလေ့ရှိတာဖြစ်ပြီး ဒါကိုသူ့ရဲ့ပရိတ်သတ်တွေက သဘောကျနှစ်သက်ကြတာပါ။

ဓာတ်ပုံပညာကို သူ့ရဲ့ချည်းကပ်ပုံက အတော်လေးအထင်ကြီးစရာကောင်းသလို ဒီလိုမျိုးဓာတ်ပုံတွေ ရရှိအောင် ဘယ်လိုမျိုးရိုက်ကူးလဲဆိုတာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ “ကျွန်တော် ပျင်းတာကြောင့် ဓာတ်ပုံရိုက်ဖြစ်တယ် ဒါက ဝါသနာတစ်ခုတော့ မဟုတ်ဘူး ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒါကကျွန်တော့်ရဲ့ ဝါသနာဖြစ်လာခဲ့တယ် ကောင်းတာ၊ ဆိုးတာ၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ စတဲ့ ဘဝရဲ့အရာအားလုံးက ကျွန်တော့်ကို ဓာတ်ပုံရိုက်ဖို့ လှုံ့ဆော်ခဲ့တယ်” လို့ Ibor က ဆိုပါတယ်။

1

2

3

4

5

6

7

8

9

10

Credit-SHWEMOM

  • Leave a Comment

Categories