လမ်းဘေးဈေးသည်အဘွားအိုအတွက် Surprise ပါတီလေးကျင်းပပေးခဲ့တဲ့ စားသောက်ဆိုင်

ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ Lola Belen အမည်ရှိတဲ့ အဘွားအိုဟာ နာမည်ကျော်ကြားတဲ့ Jollibee ဆိုင်ရဲ့ ကားပါကင်လေးနားမှာ နှစ်ပေါင်းအတော်ကြာတဲ့အထိ kakanin ဆိုတဲ့ မုန့်ဖက်ထုပ်လေးကို အမြဲရောင်းချနေတာပါ ။ ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့တဲ့အချိန်ကစပြီး လမ်းဘေးမုန့်သည်လေးဖြစ်သွားခဲ့တာပါ ။ သူမဟာ အသက် 75 နှစ်ရှိနေပြီဆိုပေမဲ့ မြေးတွေရဲ့ စားဝတ်နေရေးနဲ့ ကျောင်းစရိတ်အတွက် အခုလိုကြိုးစားပြီး ရှာဖွေပေးနေရတာပါ ။ ဒါကို Jollibee ဆိုင်က ဝန်ထမ်းတွေကလည်း သတိထားမိပြီး တစ်ရက်မှာတော့ အဘိုးအဘွားနေ့မှာ Lola အဘွားအတွက် ဆိုင်ကဝန်ထမ်းတွေက Surprise ပါတီလေးလုပ်ပေးခဲ့ပါတယ် ။

အဘွားအိုရဲ့ သားသမီး နဲ့ မြေးတွေဖြစ်ကြတဲ့ မိသားစုဝင်တွေပါ အကုန်ဖိတ်ကြားပြီး ပါတီပွဲအသေးလေး ကျင်းပပြုလုပ်ပေးခဲ့ပါတယ် ။ လူအတော်အများကတော့ အဘွားအိုအပေါ် စေတနာမေတ္တာထားကြတဲ့ Jollibee ဆိုင်မှ ဝန်ထမ်းတွေကို လေးစားချီးကျူးခဲ့ကြပြီး၊ လူအချို့မှာတော့ ဆင်းရဲတဲ့သူတွေကိုခေါ်ပြီး ဆိုင်နာမည်ကြီးအောင် လုပ်နေတယ်ဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။

1

2

3

4

5

6

7

8

Jasmine (Mckzone Daily)

Zawgyi

လမ္းေဘးေဈးသည္အဘြားအိုအတြက္ Surprise ပါတီေလးက်င္းပေပးခဲ့တဲ့ စားေသာက္ဆိုင္

ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ Lola Belen အမည္ရွိတဲ့ အဘြားအိုဟာ နာမည္ေက်ာ္ၾကားတဲ့ Jollibee ဆိုင္ရဲ႕ ကားပါကင္ေလးနားမွာ ႏွစ္ေပါင္းအေတာ္ၾကာတဲ့အထိ kakanin ဆိုတဲ့ မုန႔္ဖက္ထုပ္ေလးကို အၿမဲေရာင္းခ်ေနတာပါ ။ ခင္ပြန္းျဖစ္သူ ေသဆုံးသြားခဲ့တဲ့အခ်ိန္ကစၿပီး လမ္းေဘးမုန႔္သည္ေလးျဖစ္သြားခဲ့တာပါ ။ သူမဟာ အသက္ 75 ႏွစ္ရွိေနၿပီဆိုေပမဲ့ ေျမးေတြရဲ႕ စားဝတ္ေနေရးနဲ႔ ေက်ာင္းစရိတ္အတြက္ အခုလိုႀကိဳးစားၿပီး ရွာေဖြေပးေနရတာပါ ။ ဒါကို Jollibee ဆိုင္က ဝန္ထမ္းေတြကလည္း သတိထားမိၿပီး တစ္ရက္မွာေတာ့ အဘိုးအဘြားေန႔မွာ Lola အဘြားအတြက္ ဆိုင္ကဝန္ထမ္းေတြက Surprise ပါတီေလးလုပ္ေပးခဲ့ပါတယ္ ။

အဘြားအိုရဲ႕ သားသမီး နဲ႔ ေျမးေတြျဖစ္ၾကတဲ့ မိသားစုဝင္ေတြပါ အကုန္ဖိတ္ၾကားၿပီး ပါတီပြဲအေသးေလး က်င္းပျပဳလုပ္ေပးခဲ့ပါတယ္ ။ လူအေတာ္အမ်ားကေတာ့ အဘြားအိုအေပၚ ေစတနာေမတၱာထားၾကတဲ့ Jollibee ဆိုင္မွ ဝန္ထမ္းေတြကို ေလးစားခ်ီးက်ဴးခဲ့ၾကၿပီး၊ လူအခ်ိဳ႕မွာေတာ့ ဆင္းရဲတဲ့သူေတြကိုေခၚၿပီး ဆိုင္နာမည္ႀကီးေအာင္ လုပ္ေနတယ္ဆိုၿပီး မ်ိဳးစုံေဝဖန္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

  • Leave a Comment

Categories