ဗီယက်နမ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် အရပ်အမောင်းကွာခြားမှုရှိသော်လည်း ချစ်သူသက်တမ်း ၅နှစ်အကြာတွင် အများမှ အားကျရသည့် ဇနီးမောင်အဖြစ်သို့ ရောက်ရှိကာ ရေပန်းစားနေခဲ့သည်။
သူတို့နှစ်ဦးတွင် ကောင်လေးသည် အသက် ၂၇နှစ်ရှိပြီဖြစ်ပြီး အရပ်အမောင်းမှာ ၁.၄မီတာသာရှိသည့်အတွက် လူကြီးတစ်ယောက်လို ဖြစ်မနေပဲ ၉တန်းကျောင်းသားလေးလိုသာ ဖြစ်နေခဲ့သည်။
သို့သော်လည်း မိန်းကလေးသည် အသက် ၂၂နှစ်အရွယ်သာရှိသေးပြီး အရပ်က ၁.၉၄မီတာရှိကာ သူတို့နှစ်ဦး ယှဥ်သွားသည့်အခါ ကောင်လေးက ရင်ခွင်မှီဖြစ်နေသည်။
သူတို့နှစ်ဦးသည် ရုံးတစ်ခုတွင် အလုပ်တူတူလုပ်ခဲ့ရင်းက သံယောဇဉ်တွေဖြစ်လာခဲ့ပြီး ၅နှစ်တာထိ နားလည်မှုတွေနှင့်အတူ တွဲလာကာ ရုပ်ရည်ပကာသနတို့နှင့် ပက်သက်ပြီး ပတ်ဝန်းကျင်ဧ။်လှောင်ပြောင် ကဲ့ရဲ့တာမျိုးရှိသော်လည်း ချစ်တဲ့စိတ်တစ်ခုတည်းနှင့် လက်ထပ်ခဲ့ကြသည်။
Hlaing (Love Feeling)
Zawgyi
ကောင်လေးက ရင်ခွင်မှီအရပ်ဆိုပြီး နာမည်ကြီးနေသော ချစ်စဖွယ် ဇနီးမောင်နှံနှစ်ဦး
Hlaing (Love Feeling)