မုန်တိုင်းတိုက်နေစဉ် ပွင့်နေတဲ့အိမ်နောက်ဖေးတံခါးကနေဝင်ပြီး အိမ်ရှင်မသိအောင် တိတ်တခိုးဝင်ရောက်ခိုလှုံနေခဲ့တဲ့ ချစ်စဖွယ်သမင်လေးများ

Amscolie အမည်ရှိအမျိုးသမီးတစ်ဦးဟာ မုန်တိုင်းတိုက်နေချိန် ပိတ်ဖို့မေ့နေခဲ့တဲ့သူမရဲ့အိမ်နောက်တံခါးကနေဝင်ပြီး သူမရဲ့အိမ်ထဲရှိအခန်းတစ်ခုထဲမှာလာရောက်ခိုလှုံနေခဲ့ကြတဲ့ ချစ်စရာကောင်းတဲ့သမင်ကလေးသုံးကောင်တို့ရဲ့ ဓာတ်ပုံများကိုပြန်လည်မျှဝေခဲ့ပါတယ်။ ထိုအတောအတွင်း ရာသီဥတုကအလွန်ဆိုးရွားနေတာကြောင့် Amscolie ဟာ မုန်တိုင်းအတွင်း အပြင်မှာ အထူးသဖြင့် သမင်များနှင့်အခြားတိရိစ္ဆာန်များရှိမရှိကိုစစ်ဆေးရန် သူမနေအိမ်မှထွက်လာခဲ့ပေမဲ့ မည်သည့်တိရိစ္ဆာန်မှ သူမရှာမတွေ့ခဲ့တာကြောင့် သူမဟာ နေအိမ်သို့တန်းပြန်ဝင်သွားခဲ့ပါတယ်။

အံ့သြစရာကောင်းတာက သမင်လေးသုံးကောင်က သူမရဲ့နေအိမ်ထဲကိုကြိုရောက်ပြီးနေပြီဆိုတာကို သူမ တွေ့ခဲ့ပါတယ်။

သမင်လေးတွေဟာ အခြားတိရိစ္ဆာန်များစွာကဲ့သို့ပင် မုန်တိုင်းထန်တဲ့ရာသီဥတုကို ကြိုတင်ခန့်မှန်းနိုင်ကြပြီး အန္တရာယ်ရှိတဲ့ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိမဲ့အမိုးအကာကိုရှာဖွေရန် အကောင်းဆုံးအချိန်ကိုလည်း သိနိုင်စွမ်းရှိကြပါတယ်။

Amscolie အိမ်ရဲ့ဖွင့်ထားခဲ့မိတဲ့အိမ်နောက်ဖေးတံခါးကနေဝင်ခဲ့တာကြောင့် သူမရဲ့မိဘများကလည်း ထိုသမင်သုံးကောင်ကိုသတိမပြုမိခဲ့ကြပါဘူး။ ထို့နောက် Amscolie ဟာ သူမရဲ့နေအိမ်အနီးအနားမှာ အခြားသမင်မကြီးတစ်ကောင်ရှိမရှိကိုကြိုးစားပြီးရှာဖွေခဲ့ပေမဲ့လည်း ဘာကိုမှရှာမတွေ့ခဲ့ပါဘူး။

အဆိုပါသမင်လေးတွေက ၎င်းတို့ရဲ့မိဘများကိုဆုံးရှုံးလိုက်ရပုံရတာကြောင့် Amscolie ကလည်း ၎င်းတို့ကို ပွေ့ချီပြီးကြိုဆိုပေးခဲ့ကြောင်း သူမက ရေးသားဖော်ပြခဲ့ပါတယ်။ Amscolie ဟာ မိဘမဲ့တောရိုင်းတိရိစ္ဆာန်များကိုမွေးမြူသူတစ်ဦးလည်းဖြစ်ပါတယ်။

Amscolie မျှဝေခဲ့တဲ့ဓာတ်ပုံများအရ သူမဟာ သမင်လေးတွေက ၎င်းတို့ရဲ့အိမ်အသစ်မှာ ဘယ်လိုပြုမှုနေခဲ့ပုံတာကိုပြသထားပြီး ထိုသမင်လေးတွေကလည်း သူမရဲ့ခွေးလေးနဲ့တောင် အတော်လေးရင်းနှီးနေပုံလည်းပေါက်နေပါတယ်။

Amscolie က သမင်လေးတွေက ၎င်းတို့ရဲ့ချစ်ခြင်းမေတ္တာအနမ်းများဖြင့် သူမအား ကျေးဇူးတင်ကြောင်းကိုပြသခဲ့ကြောင်းလည်း ဆိုခဲ့ပါသေးတယ်။ သမင်လေးတွေက ချစ်ဖို့ကောင်းလွန်းနေတယ်လို့မထင်မိဘူးလားဗျာ။

Mia (Mckzone daily)

Reference : goodtimes

  • Leave a Comment

Categories