ဖိုတိုရှော့လုပ်ထားတယ်လို့တောင် ထင်မှတ်မှားလောက်ရတဲ့ ဓာတ်ပုံများ

မင်္ဂလာပါ။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးဟာ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ငြင်းမရနိုင်ပါဘူး။ သဘာဝတရားကြီးရဲ့ အံသြစရာကောင်းလောက်တဲ့ လှပဆန်းကြယ်မှုတွေ၊ အံအားသင့်ဖွယ်အရာတွေက ပြောလို့တောင်မှ မကုန်နိုင်ပါဘူး။ တကယ်တော့လည်း သဘာဝတရားကြီးက လက်ဆောင်ပေးထားတဲ့ ကမ္ဘာကြီးပေါ်က အလှအပတွေကို မြင်တတ်အောင် ကြည့်ဖို့လည်းလိုအပ်လှပါတယ်။ အခုဖော်ပြပေးသွားမှာကတော့ လှပလွန်းလို့ ဖိုတိုရှော့လုပ်ထားတယ်လို့ တောင်ထင်မှတ်မှားသွားမယ့် ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ လိုက်ပါရှုစားကြည့်ပါဦး။

(၁)

ကောင်းကင်က အလင်းပြန်မှုကိုရိုက်ထားတဲ့ ဒီဓာတ်ပုံဟာ ဘယ်လောက်များရင်သပ်ရှုမောဖွယ် ကောင်းလှပါလိမ့်နော်..။

တခြားကမ္ဘာတစ်ခုကို သွားလို့ရတဲ့ ဝင်ပေါက်တစ်ခုလို့တောင် တင်စားလိုက်ချင်ပါတယ်။

(၂)

ချစ်ရာကောင်းလိုက်တဲ့ ဖရဲသီးပေါက်စလေးပါပဲ။

ဖရဲသီး ကြက်တူရွေးပေါက်လေးက အင်မတန်လှပတဲ့ အရောင်အသွေးလေးနဲ့ ချစ်စ ရာ ကောင်းလွန်းနေတာလည်း ဖြစ်ပါတယ်။

(၃)

ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ မိုးကြိုးမုန်တိုင်းတစ်ခုရဲ့ ပုံရိပ်ဖြစ်ပါတယ်။

မုန်တိုင်းတွေဟာ ကြောက်စရာ ကောင်းလှပေမယ့်လည်း လှပလွန်းတဲ့ကြောက်စရာကောင်းမှုတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

(၄)

သပ်ရပ်လှပလွန်းတဲ့ အခန်းလေးတစ်ခန်းလို့ ထင်မှတ်ရပေမယ့် တကယ်တော့ ဒါဟာ ဂီတာတစ်လက်ရဲ့ အတွင်းပိုင်းကို ရိုက်ထားတဲ့ ဓာတ်ပုံလေးဖြစ်ပါတယ်။

ဂီတာအတွင်းပိုင်းကို နေရောင်ဝင်နေပုံကို အလင်း အမှောင် အယူအဆကောင်းကောင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံဆရာရဲ့လက်ရာကတော့ အံ့အားသင့်ဖွယ်ပဲ ဖြစ်ပါတယ်။

(၅)

Altai မှာ ဆီးနှင်းကျပုံက ဒီလိုပါတဲ့နော်။

လှပတဲ့သစ်ပင်တွေကို ဆီးနှင်းထုကြီး ဖုံးလွှမ်းနေတဲ့ပုံက ကြည့်နေရတဲ့ လူကိုပါ ပျော်ရွှင်အေးချမ်းခြင်းကို ပေးစွမ်းနိုင်တာပဲ ဖြစ်ပါတယ်။

(၆)

မြို့ပြရဲ့အောက်ခြေလို့ နာမည်ပေးထားတဲ့ ဒီဓာတ်ပုံလေးကလည်း တကယ့်ကိုပဲ မြို့ပြလူမှုဘဝကို ပြေးမြင်မိစေပါတယ်။

ဒီလိုပုံကိုရိုက်ဖို့ရခဲ့တဲ့ စိတ်ကူးစိတ်သန်း ကောင်းမွန်မှုကိုလည်း ချီးကျူးဂုဏ်ပြုနေခဲ့ကြပါတယ်။

(၇)

အနုပညာ အကယ်ဒမီကျောင်းထက်က နောက်ထပ်အနုပညာတစ်ခုများလား။

လှပတဲ့သက်တန့်နဲ့ ညနေဆည်းဆာ တိမ်တောက်ခြင်းက အနုပညာအကယ်ဒမီကျောင်းအထက်က တိမ်တွေမှာ ဖြစ်ပေါ်နေတာကိုက ငြင်းမရတဲ့ အလှတရားတစ်ခုပဲ ဖြစ်ပါတော့တယ်။

(၈)

တရုတ်နိုင်ငံက စစ်ရေးပြအခမ်းအနားတစ်ခုမှာ မြင်တွေ့ရတဲ့ မျဉ်းတစ်ပြေးတည်း ဆွဲထားသလို ညီညာနေမှုကြီး။

စစ်ရေးပြအခမ်းအနားတွေ၊ ဘင်ခရာတီးဝိုင်းတွေ စသဖြင့် လူစုလူဝေး ညီညီညာညာနဲ့ ချီတက်ကြတာကို မြင်ဖူးကြမှာပါ။

တရုတ်နိုင်ငံက စစ်ရေးပြ အခမ်းအနားတစ်ခုမှာတော့ မျဉ်းဖြောင့်ဆွဲထားသလို ညီညာလွန်းလှတဲ့ လူစုလူဝေးကြီးကို မြင်လိုက်ရတာ ဒီလိုလုပ်ဖို့ ဘယ်လို နည်းပညာတစ်ခုများ သုံးထားသလဲလို့တောင် ထင်မိပါတယ်။

(၉)

မီးကိုရပ်တန့်လိုက်စေသော လမ်းကလေးဖြစ်ပါတယ်။

လမ်းတစ်ဖက်ခြမ်းက သစ်တောထဲက သစ်ပင်တွေက မီးကျွမ်းနေပြီး လမ်းဒီဖက်ခြမ်းက သစ်ပင်လေးတွေကတော့ စိမ်းစိုပြီးလှပေနေတဲ့ မြင်ကွင်လေးပါ။

ယူတတ်ရင် သံဝေဂတောင် ရလောက်ပါရဲ့နော်။

(၁၀)

လအောက်က ပျံသန်းခြင်းဆိုတဲ့ ဓာတ်ပုံလေးပါ။

အေးချမ်းလှတဲ့ လမင်းကြီးရဲ့အောက်ကနေ လေယာဉ်တစ်စီး ဖြတ်သန်းပျံသွားတဲ့ ဓာတ်ပုံလေးတစ်ခုဖြစ်ပါတယ်။

ဘယ်လောက်တောင် ကဗျာဆန်လိုက်ပါသလဲနော်။

(၁၁)

မိုးကြိုးမုန်တိုင်းတစ်ခု စတင်ဖွဲ့စည်းခြင်းကို ရိုက်ကူးထားတာပါ။

မီတာ ၁၁၀၀၀ ကွာဝေးတဲ့နေရာက လေယာဉ်တစ်စင်းကနေ လှမ်းပြီးရိုက်ကူးထားတဲ့ မြင်ကွင်းလေးဖြစ်ပါတယ်။

(၁၂)

ရေညှိတွေဖုံးလွှမ်းနေတဲ့ လိပ်လေးတစ်ကောင်ဖြစ်ပါတယ်။

ပင်လယ်ကြမ်းပြင်မှာ မကြာခဏဆိုသလို လှပတဲ့လိပ်လေးတွေကို တွေ့ရလေ့ရှိတတ်ပေမယ့် ဒီလိုမျိုး ကျောခွံမှာ ရေညှိတွေဖုံးလွှမ်းနေတဲ့ လိပ်လေးကိုမြင်တွေ့မှုကတော့ ရှားပါးဖြစ်စဉ်လို့တောင် ထင်မိပါတယ်။

(၁၃)

Thor က ကန်ထက်မှာများပေါ်လာလေမလား။ မိုးကြိုးပစ်ရင်လူသေစေနိုင်တယ်..

ကြောက်စရာ ကောင်းတယ်ဆိုပေမယ့်လည်း ညအမှောင်ကောင်းကင်ယံမှာ လျှပ်ပန်းခက်တွေလိုမျိုး လင်းလက်တောက်ပနေတဲ့ လျှပ်စစ်စီးကြောင်းတွေကတော့ အရမ်းကိုလှပတာလည်း ငြင်းမရပါဘူး။

(၁၄)

တောက်ပတဲ့ တောင်တစ်လုံး။

နှင်းဖုံးနေတဲ့တောင်တစ်လုံးရဲ့ နေထွက်ချိန်အလှကလည်း ဘာနဲ့မှ မတူပါဘူး။

ဒီလောက်လှပတဲ့ မြင်ကွင်းကို အပြင်မှာမျက်ဝါးထင်ထင် ကိုယ်တိုင်သွားပြီး ကြည့်ချင်စိတ်တောင် ပေါက်စေပါတယ်။

(၁၅)

ဒုံးပျံတစ်စင်းလား…မီးရှူးမီးပန်းအကြီးစားလား သေချာမသိရပေမယ့် လှပတဲ့မြင်ကွင်းတစ်ခု ဖြစ်တာကတော့ သေချာခဲ့ပါတယ်။

(၁၆)

တရုတ်နိုင်ငံ Heilongjiang တွင် နံနက်ပိုင်းစစ်ရေးလေ့ကျင့်မှုတွေ လုပ်နေကြတဲ့ စစ်သားတွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

အေးလွန်းတဲ့ ရာသီဥ တုကို ခံနိုင်ရည်ရှိအောင် ဝတ်ဆင်ထားတဲ့ အနွေးထည် ၊ ဦးထုပ်နဲ့၊ ထူးခြားတဲ့ မျက်နှာဖုံးစွပ်တွေကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့ ပုံတစ်ပုံဖြစ်တယ်ဆိုတာ အသေအချာပါပဲ။

(၁၇)

လှပလွန်းတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်လိုက်ရသလိုပါပဲ။

ကောင်းကင်ကြီးနောက်ခံထားပြီး မြင့်မြင့်ပျံ လေဟုန်စီးနေတဲ့ ငှက်တစ်ကောင်ကိုမြင်ရတာ ကြည့်နေသူတွေရဲ့ စိတ်ကိုပါတက်ကြွစေတာပဲ ဖြစ်ပါတယ်။

(၁၈)

အီတလီနဲ့ ဆွစ်ဇာလန်ကြားက အဖြူရောင်နယ်စပ်မျဉ်းရဲ့ ပုံရိပ်ဖြစ်ပါတယ်။

ဘယ်နေရာကိုပဲ ကြည့်ကြည့် စွတ်စွတ်ဖြူပြီး အေးခဲနေတဲ့ မြင်ကွင်းက ကြည့်နေသူတွေရဲ့ စိတ်ကိုပါ အေးချမ်းစေပါတယ်။

(၁၉)

မိုးကောင်းကင် တွင်းပေါက်တစ်ခုထဲကနေ မိုးသည်းထန်စွာရွာသွန်းနေတဲ့ ပုံဖြစ်ပါတယ်။

လေယာဉ်ပေါ်က ရိုက်ထားတဲ့ ပုံရိပ်တစ်ခုဖြစ်ပြီး ရှားပါးမြင်ကွင်းတစ်ခုလည်း ဖြစ်ပါတယ်။

(၂၀)

ပင်လယ်ထဲမျောနေတဲ့ ရေခဲစိုင်ကြီးတွေရဲ့အောက်မှာ ဘာတွေဖုံးကွယ်နေသလဲ…။

တကယ့်ကို မယုံနိုင်စရာပါပဲ။ အပေါ်မှာရှိနေတဲ့ ရေခဲစိုင်ကြီးကတောင် တောင်ကြီးတစ်လုံးလောက်ရှိနေတာပါ။

ဒါပေမယ့် ရေအောက်က ကျန်တဲ့အပိုင်းက အပေါ်ကပမာဏထက် ကြီးနေခဲ့ပါတယ်။

(၂၁)

မီးရေတံခွန်တစ်ခုများလား…။

အတော်လေးကိုလှပတဲ့ နေဝင်ချိန်ဆည်းဆာအလှနဲ့ ရောင်ပြန်ဟပ်နေတဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။

တိမ်တောက်နေတဲ့အချိန် နေအလင်းအရောင်နဲ့ ရေတံခွန်ဟာ မီးတွေလိုအရောင် ပြောင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

(၂၂)

ကစားပွဲရပ်လိုက်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

ကစားပွဲကျင်းပနေစဉ်မှာ မုန်တိုင်းလာတော့မယ့် အရိပ်ရောင်တွေ မြင်တွေ့ခဲ့တာကြောင့် ချက်ချင်းဆိုသလို ကစားပွဲကို ရပ်ဆိုင်းခဲ့လိုက်ပါတယ်။

ဒါပေမယ့် လှပတဲ့ ဓာတ်ပုံတစ်ပုံတော့ ထွက်လာခဲ့ပါတယ်။

(၂၃)

ဆာဟိုဟာရဒါ ဆိုတဲ့ ဂျပန်အမျိုးသမီးလေးက ငါးတွေနဲ့ တူတူ စည်းချက်ညီညီလှလှပပ ရေကူးပြနိုင်ခဲ့ တာပါ။

ငါးအုပ်ရဲ့လှပမှု၊ သူမရဲ့လှပကျော့ရှင်းတဲ့ ကိုယ်ခန္ဓာပျော့ပြောင်းညီညွတ်မှုက အရမ်းကိုလှပတဲ့ မြင်ကွင်းတစ်ခုဖြစ်စေတာက ငြင်းမရပါဘူး။

(၂၄)

သက်တံ့ကို သယ်ဆောင်လာတဲ့ လေယာဉ်တစ်စင်းလို့ အမည်ပေးထားပါတယ်။

လေယာဉ်ကထွက်တဲ့ မီးခိုးတန်းတွေဟာ သက်တံ့တစ်ခုဖြစ်သွားပြီး အလွန်လှပတဲ့ မြင်ကွင်းတစ်ခုကို ဖြစ်စေခဲ့လို့ ဖြစ်ပါတယ်။

(၂၅)

ရေခဲပန်ကိတ်တွေများလား…

သဘာဝအလျောက်ဖြစ်နေတဲ့ ရေခဲတွေက ပန်ကိတ်တွေနဲ့ ပုံစံတူလေးတွေ အထပ်ထပ်လေးတွေ၊ အချပ်လိုက်လေးတွေဖြစ်နေတာကို မြင်ရတာ ပန်ကိတ်တောင် စားချင်မိသွားစေလောက်တဲ့ အထိပါပဲ။

(၂၆)

အရီဇိုးနားမှာရှိတဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေစခန်းကနေ ရိုက်ထားတဲ့ နေကြတ်တဲ့ မြင်ကွင်းတစ်ခုရဲ့ပုံ ဖြစ်ပါတယ်။

လှပလွန်းလိုက်ပုံကတော့ ရင်သပ်ရှုမောလောက်ဖွယ်ပါပဲ…။

(၂၇)

ဒါက မျက်လုံးကို လှည့်စားထားတဲ့ပုံ မဟုတ်ပါဘူး။ ဒါကတော့ ဂျာမနီမှာ တကယ်ရှိတဲ့ ရေတံတားပဲ ဖြစ်ပါတယ်

(၂၈)

အချိန်ကိုက် ကွက်တိရိုက်ကူးမိထားတဲ့ ဓာတ်ပုံ

(၂၉)

သိပ်ကို လှပတဲ့ သဘာတရာကြီးပဲဖြစ်ပါတယ်

(၃၀)

ဒါကကော… ဖိုတိုရှော့ လုပ်ထားတယ်လို့ ထင်ပါသလား

အခုဖော်ပြပေးသွားတာကတော့ ဖိုတိုရှော့များလားတောင် ထင်မှတ်မှားသွားရလောက်တဲ့ ဓာတ်ပုံများပဲဖြစ်ပါတယ်။ ဘယ်ဓာတ်ပုံကို ကြိုက်နှစ်သက်မိလဲဆိုတာ နံပတ်စဉ်လေးပြောပြပြီး ဝေမျှပေးခဲ့ပါဦးနော်။

credit-Shwenyanshin

  • Leave a Comment

Categories