မဖွံ့ဖြိုးသေးတဲ့ရေပေါ်ဒေသ၌ ကျောင်းသွားပြန်လုပ်ဖို့အတွက် ဖော့သေတ္တာများကိုသာအသုံးပြုနေကြရတဲ့ မူလတန်းကျောင်းသားများ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံ South Sumatra ပြည်နယ်၌ styrofoam သေတ္တာဖာများကိုသုံး၍ မြစ်ကိုဖြတ်ကူးနေခဲ့ကြတဲ့မူလတန်းကျောင်းသားများရဲ့ဗီဒီယိုဟာ ပျံ့နှံ့လာကာ သက်ဆိုင်သူအစိုးရများက လူအများရဲ့ပြောဆိုမှုကိုခံခဲ့ရပါတယ်။ TikTok အသုံးပြုသူ @boykehapiler မှတင်ထားတဲ့၎င်းဗီဒီယိုဟာ မူလကတည်းက ၎င်းကိုပြန်ဖြုတ်ချထားခဲ့ပုံရပေမဲ့ လူမှုမီဒီယာပလက်ဖောင်းအသီးသီးတွင်မှာ ပြန်လည်ပေါ်ပေါ်လာခဲ့ပါတယ်။ မူလတန်းကျောင်းဝတ်စုံများဝတ်ဆင်ထားတဲ့ကောင်လေးသုံးဦးဟာ Ogan Komering Ilir (OKI) ဒေသရှိရွာတစ်ရွာတွင် styrofoam သေတ္တာဖာများထဲသို့ဝင်ထိုင်ပြီး ၎င်းတို့ဟာ တူညီပြီးသေးငယ်တဲ့ styrofoam အပိုင်းများကို လှော်တက်အဖြစ်သုံးကာ ရေထဲသို့ ကူးဖြတ်၍ ၎င်းတို့သွားလိုတဲ့လမ်းကြောင်းကို သွားနေခဲ့ကြပါတယ်။

ဗီဒီယိုရိုက်ကူးနေတဲ့အမျိုးသားနှင့်ကျောင်းသားသုံးယောက်တို့ကြားကစကားပြောသံများအရ ၎င်းကောင်လေးတို့အားလုံးဟာ တတိယတန်းကျောင်းသားများဖြစ်ကြပြီး ကျောင်းမှအိမ်ပြန်ကြမယ့်ပုံရပါတယ်။ “ မြစ်ကိုဖြတ်ကူးဖို့လှေလှော်ရတာကို သူတို့က တကယ်ကြိုက်ကြတယ်” ဟု ဗီဒီယို၏အဆုံးတွင်အဆိုပါအမျိုးသားက မြစ်ရဲ့အခြားတစ်ဖက်သို့ရောက်လုနီးပြီဖြစ်တဲ့ကောင်လေးသုံးယောက်တို့ရဲ့ပုံရိပ်ကိုရိုက်ပြရင်းပြောပြနေခဲ့ပါတယ်။ ဗီဒီယိုဖိုင်ပျံ့နှံ့သွားပြီးနောက်မှာ ဒေသခံအရာရှိများက ၎င်းရွာသို့သွား၍ ဒေသခံများအား ၎င်းတို့ရဲ့ကလေးများအား styrofoam သေတ္တာဖာများကိုယာယီလှေများအဖြစ်မသုံးရန်တားမြစ်ခဲ့ကြပါတယ်။

၎င်းရွာတည်ရှိတဲ့ Tulung Selapan ခရိုင်အကြီးအကဲ Jemi ၏ပြောကြားချက်အရ ဒေသခံများက ဗီဒီယိုပြန့်နှံ့သွားမည်ကိုစိုးရိမ်ခဲ့ကြပြီး မူရင်းတင်သူက ထိုနေရာမှမဟုတ်ကြောင်းနှင့် ၎င်းဟာ သူမြင်ခဲ့သည့်အရာများနှင့်မတူကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် Kuala Dua Belas ရွာအကြီးအကဲ Hartoni က ဒေသခံကလေးများက ရေကစားရန် styrofoam သေတ္တာဖာများကို မကြာခဏအသုံးပြုကြသလို အနီးအနားမှာတံတားတစ်စင်းရှိနေပေမယ့် ရွာသားတွေက ရေပေါ်သယ်ယူပို့ဆောင်ရေးကိုသာအသုံးပြုလေ့ရှိပြီး မိဘတွေက ၎င်းတို့ရဲ့လှေတွေနဲ့လည်း ကလေးတွေကိုကျောင်းကြိုပို့လုပ်လေ့ရှိကြောင်း ၊ “ ဒီလိုရေပြင်အနီးမှာနေထိုင်တဲ့ကျွန်တော်တို့က ပိုလွယ်ကူတဲ့ရေပေါ်သယ်ယူပို့ဆောင်ရေးကိုသာ သုံးလေ့ရှိကြတယ်၊ ဗီဒီယိုကိုသာကြည့်ပြီး သေချာမသိဘဲ အပေါ်ယံစိတ်လိုက်မာန်ပါမဆုံးဖြတ်ကြပါနဲ့ ” ဟု Hartoni က ထပ်မံပြောကြားခဲ့ပါတယ်။

အဆိုပါကောင်လေးတွေ ဒါမှမဟုတ် ၎င်းတို့ရဲ့မိဘတွေဟာ styrofoam သေတ္တာဖာတွေကိုသုံးပြီး မြစ်ကိုဖြတ်တာဟာအပန်းဖြေဖို့ ဒါမှမဟုတ်မလိုအပ်ဘဲလုပ်ခဲ့တာလားဆိုတာကိုတော့ရှင်းလင်းစွာ မသိခဲ့ရပါဘူး။ သို့သော် ဤသည်မှာ မြို့ပြနှင့် မဖွံဖြိုးသေးတဲ့အင်ဒိုနီးရှားကျေးလက်အကြားလူမှုရေးနှင့်ငွေကြေးကွာဟမှုကိုလည်း မီးမောင်းထိုးပြနေပါတယ်။

Jasmine (Mckzone daily)

Reference : coconuts

  • Leave a Comment

Categories