နှစ်စဉ် အံ့အားသင့်လောက်တဲ့ ဝင်ငွေမျိုးရရှိနေပေမဲ့ အိမ်နီးချင်းလုံးဝမရှိတဲ့ တောင်တန်းဒေသမှာသာ နေထိုင်လျက်ရှိတဲ့ လင်မယား

တရုတ်နိုင်ငံ Shaanxi ပြည်နယ် Anping ကျေးရွာ၌ Taoyuan ဟုခေါ်သောနက်ရှိုင်းတဲ့ချောက်တစ်ခုတွင် ခွဲခွါမရတဲ့ဇနီးမောင်နှံတို့ဟာမြေဆီလွှာကောင်းပြီး လေကောင်းလေသန့်နှင့်ဆိတ်ငြိမ်တဲ့တောင်တန်းများတွင်ရှိတဲ့ဤနေရာ၌ အိမ်ထောင်စုတစ်စုတည်းသောနေထိုင်သူများဖြစ်ပါတယ်။ အသက် ၅၁ နှစ်အရွယ် ခင်ပွန်း Wang Xinming ဟာ လုံ့လဝီရိယရှိပြီး အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပါတယ်။ ဇနီးဖြစ်သူကတော့ နူးညံ့သိမ်မွေ့၊ ရိုးရှင်းကြင်နာတတ်သူဖြစ်သလို အလုပ်ကြိုးစားသူလည်းဖြစ်ပါတယ်။ ၎င်းတို့စုံတွဲဟာ ၎င်းတို့လက်ထပ်ပြီးကတည်းက တောင်ရဲ့အလယ်၌တည်ရှိတဲ့၎င်းတို့ရဲ့နေအိမ်ကိုဘယ်တော့မှပစ်မထားခဲ့ကြသလိုင်းတို့ဟာ စားနပ်ရိက္ခာအတွက် တောင်တန်းများကိုမှီခိုကာ အလုပ်ထွက်လုပ်ခြင်းနှင့်အိမ်မှထွက်ခွါခြင်းမျိုးကို မလုပ်ခဲ့ကြပါဘူး။

၎င်းတို့ရဲ့သားနှစ်ဦးက တခြားနေရာမှာအလုပ်လုပ်ကြပြီး ၎င်းတို့က အိမ်ပြန်ဖို့အချိန်မရှိသလောက်ပါဘဲ။ တောင်တန်းများမှာ အသီးအနှံများကြွယ်ဝပြီး ၎င်းတို့စုံတွဲဟာ အဓိကအားဖြင့် သစ်အယ်သီး၊ Konjac နှင့် Gastdia elata နှင့်ပျားမွေးမြူရေးတို့ကို အဓိကမှီခိုအားထားနေပါတယ်။ ၎င်းတို့မှာ သစ်အယ်ပင်ဥယျာဉ် ၁၃၀ ဟက်ကာ ၊ Konjac ၂ ဟက်တာ၊ Gastdia စတုရန်းမီတာ ၅၀၀ ကျော်နဲ့ ပျားသေတ္တာပေါင်း ၂၀ ကနေ ၃၀ အထိရှိပါတယ်။

၎င်းတို့အနက်မှ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က စိုက်ပျိုးခဲ့တဲ့သစ်အယ်သီးများက ၎င်းတို့ရဲ့အဓိကဝင်ငွေဖြစ်ပါတယ်။ နှစ်စဉ်ဝင်ငွေ ယွမ် ၁၀၀,၀၀၀ ( USDဒေါ်လာ ၁၄,၀၀၀) အထိရရှိနိုင်သလို လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်များစိုက်ပျိုးခြင်းအပြင် ၎င်းတို့ရဲ့အိမ်ရှေ့နှင့်နောက်ကွယ်တွင် အာဟာရပြည့်ဝပြီးအရသာရှိသည့်မှိုနက်များကိုလည်း စိုက်ပျိုးထားပါသေးတယ်။

ကံကောင်းတာက တောင်တန်းတွေကိုလျှပ်စစ်မီးနဲ့ဆက်သွယ်ခဲ့တာကြာပြီဖြစ်ပြီး TV ရဲ့ကျေးဇူးကြောင့် ညဘက်မှာ ၎င်းတို့စုံတွဲအတွက် မပျင်းရိစေပါဘူး။ ၎င်းတို့က TVကို အချိန်ကာလကြာစွာကြည့်လာခဲ့ပြီးဖြစ်တဲ့အတွက် တောင်တန်းဒေသမှာနေပေမဲ့ သတင်းအချက်အလက်တွေကို အချိန်နှင့်တပြေးညီသိနိုင်တဲ့အပြင် သဘာဝတရားရဲ့အလှကိုလည်း တန်ဖိုးထားခံစားလာတတ်ကြပါတယ်။

၎င်းတို့စုံတွဲရဲ့ပျားသေတ္တာထိန်းသိမ်းမှုနည်းလမ်းဟာ ဘိုးဘေးများလက်ဆင့်ကမ်းထားတဲ့မူလနည်းလမ်းနှင့်တူညီသလို တောင်တန်းများမှအရင်းအမြစ်များကိုအပြည့်အဝအသုံးချခြင်းက ချမ်းသာလာစေရန်နှင့်ဒေသအခြေအနေများအရ ပျားမွေးမြူခြင်းဖြင့် ၎င်းတို့ရဲ့ဘဝကိုပိုမိုသက်တောင့်သက်သာဖြစ်စေခဲ့ပါတယ်။

၎င်းတို့ဒေသတွင်ရာသီဥတုအခြေအနေများနှင့်မြေဆီလွှာအကြောင်းများကြောင့် Konjac နှင့် Gastdia elata ပေါများပြီး Wang Xinming နှင့်ဇနီးဖြစ်သူဟာ ၎င်းတို့စိုက်တဲ့ Konjac နဲ့ gastrodia elata ကို နှစ်တိုင်းလိုလိုရိတ်သိမ်းကြရပါတယ်။ လေကောင်းလေသန့်ရှူရှိုက်ခြင်း၊ သဘာဝနှင့်လေထုညစ်ညမ်းမှုကင်းစင်တဲ့အစာနှင့်ဟင်းသီးဟင်းရွက်များစားခြင်း၊ ကြည်လင်လတ်ဆတ်တဲ့စမ်းရေကိုသောက်သုံးကြတဲ့ ၎င်းတို့စုံတွဲက ဤကဲ့သို့လွတ်လပ်တဲ့ဘဝကိုကြာရှည်စွာကျင့်သုံးလာခဲ့ကြပြီး အခုလိုဘဝကိုချန်ထားဖို့ အလိုမရှိကြောင်းပြောကြားခဲ့ကြပါတယ်။ အားလပ်ချိန်တွေမှာ ၎င်းတို့ဟာ တောရိုင်းအသီးအရွက်များကိုရှာဖွေရန် တောထဲလမ်းလျှောက်ထွက်တတ်ကြပါသေးတယ်။

တောင်ခြေသို့ကွေ့ကောက်ပြီး လူတစ်ဦးတည်းသာလျှောက်လို့ရတဲ့လမ်းကြောင်းငယ်ဟာ ၎င်းတို့စုံတွဲကြောင့် တဖြည်းဖြည်းကျယ်လာပြီး နောက်ဆုံးတွင် မော်တော်ဆိုင်ကယ်များကပါဖြတ်သန်းလာနိုင်ခဲ့ပါတယ်။ ၎င်းတို့စုံတွဲဟာ အိမ်နီးချင်းတွေဆီကနေ ဆယ်စုနှစ်များစွာဝေးတဲ့နက်ရှိုင်းတဲ့ချောက်တစ်ခုနဲ့တောင်တန်းတွေပေါ်မှာ နေထိုင်ခဲ့ကြတာကြောင့် တစ်စုံတစ်ယောက်က Wang Xinming နှင့်ဇနီးဖြစ်သူကို ၎င်းတို့ကနှစ်ပေါင်းများစွာအထီးကျန်တယ်လို့မခံစားရဘူးလားလို့မေးတဲ့အခါ ၎င်းတို့က အထီးကျန်ဆန်တယ်ဆိုတဲ့အရာကို ဘယ်တုန်းကမှမခံစားခဲ့ရဖူးကြောင်း ဖြေကြားခဲ့ကြပါသေးတယ်။

Mia (KB Chimmy One)

Reference : goodtimes

  • Leave a Comment

Categories