ညီလေးရဲ့ ဆေးကုသမှုစရိတ်အတွက် နံနက်ခင်းတိုင်း ကြက်သွန်နီကို ရောင်းပြီးမှသာ ကျောင်းတက်ခဲ့ရတဲ့ ၁၁ နှစ်အရွယ်ကောင်လေး(ရုပ်သံ)

၁၁ နှစ်အရွယ်ဘဲ ရှိသေးတဲ့ Yan Yihang က သူ့မိဘတွေ နဲ့ သူ့ညီလေးရဲ့ ကုသမှုအတွက် ငွေအပိုပေးနိုင်ဖို့ မိဘတွေကို ကူညီပေးနေခဲ့ပါတယ် ။ Yihang နဲ့ သူ့မိသားစုတွေက ‌တရုတ်နိုင်ငံ၊ Henan ပြည်နယ်ရှိ မြို့ငယ်လေးတစ်မြို့မှာ နေထိုင်ကြတာပါ ။ သူ့မှာ ၇ နှစ်အရွယ်ညီလေးဖြစ်တဲ့ Yan Ce က aplastic anemia လို့ခေါ်တဲ့ ရှားပါးရောဂါကို ခံစားနေရတာကြောင့် မိသားစုရဲ့ ဝင်ငွေအများစုက သူ့ရဲ့ကုသမှုနဲ့ အခြားဆေးဘက်ဆိုင်ရာလိုအပ်ချက်များအတွက် သုံးနေရပါတယ် ။ သူ့မိဘတွေ ရင်ဆိုင်ရတဲ့ အခက်အခဲများနဲ့ သူ့ညီလေး ကြုံတွေ့ရတဲ့အခက်အခဲကို သိရှိပြီး Yihang ဟာ သူတတ်နိုင်သလောက် အကောင်းဆုံး ကူညီလိုခဲ့တာပါ ။ ဒါ့ကြောင့် သူဟာ နံနက်တိုင်း စောစောထပြီး သူ့မိသားစုရဲ့ ခြံမှ ကြက်သွန်နီတွေကို နုတ်ပြီး မနက် ၆ နာရီမှာ Yihang က ကျောင်းမသွားခင် ကြက်သွန်နီရောင်း နေခဲ့ပါတယ် ။

“ကျွန်တော့် ညီလေးကို ကယ်တင်ချင်ပါတယ်။ ညီလေး နဲ့အတူ ကျောင်းတက်ချင်တယ်။ ဒီဟင်းသီးဟင်းရွက်တွေကို ရောင်းပြီး ကျွန်တော့်မိသားစုအတွက် ပိုက်ဆံအနည်းငယ်ရချင်တယ်” လို့ Yihang က သတင်းထောက်များကို ပြောကြားခဲ့ပါတယ် ။ Ce က ရိုးတွင်းခြင်ဆီအစားထိုးကုသမှုလိုအပ်တာကြောင့် Yihang က ကူညီဖို့ လွယ်လွယ်နဲ့ ကမ်းလှမ်းခဲ့ပါတယ် ။ အခြားမိသားစုဝင်များကိုလည်း စစ်ဆေးပြီး Yihang ဟာ သူ့ညီလေး နဲ့ လိုက်ဖက်သူဖြစ်တာကြောင့် အစားထိုးကုသမှုကို ပြုလုပ်ခဲ့ပါတယ် ။

“ဒါက အနည်းငယ်နာကျင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်မကြောက်မဟုတ်ခဲ့ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခုတည်းကပဲ ငါ့ညီကို မြန်မြန်ပြန်ကောင်းလာနိုင်မာမို့လို့ပါ” လို့ Yihang ကဆိုပါတယ် ။ သူ့ မိဘတွေက ယွမ်ငွေ ၇၀၀၀၀၀ ကျော် (ဒေါ်လာ ၉၈,၇၀၀) နဲ့ ဆေးဝါးကုသမှုအတွက် ပေးဆပ်ပြီးနောက် အကြွေးတင်နေခဲ့ပါတယ် ။ Yihang ရဲ့အဆိုအရ သူဟာ နွေဦး ကြက်သွန်တစ်တန်စီကို ၁ ယွမ် (ဒေါ်လာ ၀.၁၄) ဖြင့်ရောင်းချခဲ့ပါတယ် ။ ဒါပေမယ့် သူ့ရဲ့ဝင်ငွေ တည်ငြိမ်မှုမရှိပါဘူး ။ ဒါပေမဲ့ သူက သူ့ညီကိုပိုကောင်းလာအောင် ကူညီပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်းကြက်သွန်နီရောင်းရန် သူစိတ်ပိုင်းဖြတ်ထားပါတယ် ။

JRose (KB Chimmy One)

Reference : rachfeed

Zawgyi

ညီေလးရဲ႕ ေဆးကုသမႈစရိတ္အတြက္ နံနက္ခင္းတိုင္း ၾကက္သြန္နီကို ေရာင္းၿပီးမွသာ ေက်ာင္းတက္ခဲ့ရတဲ့ ၁၁ ႏွစ္အ႐ြယ္ေကာင္ေလး(႐ုပ္သံ)

၁၁ ႏွစ္အ႐ြယ္ဘဲ ရွိေသးတဲ့ Yan Yihang က သူ႔မိဘေတြ နဲ႔ သူ႔ညီေလးရဲ႕ ကုသမႈအတြက္ ေငြအပိုေပးႏိုင္ဖို႔ မိဘေတြကို ကူညီေပးေနခဲ့ပါတယ္ ။ Yihang နဲ႔ သူ႔မိသားစုေတြက ‌တ႐ုတ္ႏိုင္ငံ၊ Henan ျပည္နယ္ရွိ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕မွာ ေနထိုင္ၾကတာပါ ။ သူ႔မွာ ၇ ႏွစ္အ႐ြယ္ညီေလးျဖစ္တဲ့ Yan Ce က aplastic anemia လို႔ေခၚတဲ့ ရွားပါးေရာဂါကို ခံစားေနရတာေၾကာင့္ မိသားစုရဲ႕ ဝင္ေငြအမ်ားစုက သူ႔ရဲ႕ကုသမႈနဲ႔ အျခားေဆးဘက္ဆိုင္ရာလိုအပ္ခ်က္မ်ားအတြက္ သုံးေနရပါတယ္ ။ သူ႔မိဘေတြ ရင္ဆိုင္ရတဲ့ အခက္အခဲမ်ားနဲ႔ သူ႔ညီေလး ႀကဳံေတြ႕ရတဲ့အခက္အခဲကို သိရွိၿပီး Yihang ဟာ သူတတ္ႏိုင္သေလာက္ အေကာင္းဆုံး ကူညီလိုခဲ့တာပါ ။ ဒါ့ေၾကာင့္ သူဟာ နံနက္တိုင္း ေစာေစာထၿပီး သူ႔မိသားစုရဲ႕ ၿခံမွ ၾကက္သြန္နီေတြကို ႏုတ္ၿပီး မနက္ ၆ နာရီမွာ Yihang က ေက်ာင္းမသြားခင္ ၾကက္သြန္နီေရာင္း ေနခဲ့ပါတယ္ ။

“ကြၽန္ေတာ့္ ညီေလးကို ကယ္တင္ခ်င္ပါတယ္။ ညီေလး နဲ႔အတူ ေက်ာင္းတက္ခ်င္တယ္။ ဒီဟင္းသီးဟင္း႐ြက္ေတြကို ေရာင္းၿပီး ကြၽန္ေတာ့္မိသားစုအတြက္ ပိုက္ဆံအနည္းငယ္ရခ်င္တယ္” လို႔ Yihang က သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္ ။ Ce က ႐ိုးတြင္းျခင္ဆီအစားထိုးကုသမႈလိုအပ္တာေၾကာင့္ Yihang က ကူညီဖို႔ လြယ္လြယ္နဲ႔ ကမ္းလွမ္းခဲ့ပါတယ္ ။ အျခားမိသားစုဝင္မ်ားကိုလည္း စစ္ေဆးၿပီး Yihang ဟာ သူ႔ညီေလး နဲ႔ လိုက္ဖက္သူျဖစ္တာေၾကာင့္ အစားထိုးကုသမႈကို ျပဳလုပ္ခဲ့ပါတယ္ ။

“ဒါက အနည္းငယ္နာက်င္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္မေၾကာက္မဟုတ္ခဲ့ဘူး ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီတစ္ခုတည္းကပဲ ငါ့ညီကို ျမန္ျမန္ျပန္ေကာင္းလာႏိုင္မာမို႔လို႔ပါ” လို႔ Yihang ကဆိုပါတယ္ ။ သူ႔ မိဘေတြက ယြမ္ေငြ ၇၀၀၀၀၀ ေက်ာ္ (ေဒၚလာ ၉၈,၇၀၀) နဲ႔ ေဆးဝါးကုသမႈအတြက္ ေပးဆပ္ၿပီးေနာက္ အေႂကြးတင္ေနခဲ့ပါတယ္ ။ Yihang ရဲ႕အဆိုအရ သူဟာ ေႏြဦး ၾကက္သြန္တစ္တန္စီကို ၁ ယြမ္ (ေဒၚလာ ၀.၁၄) ျဖင့္ေရာင္းခ်ခဲ့ပါတယ္ ။ ဒါေပမယ့္ သူ႔ရဲ႕ဝင္ေငြ တည္ၿငိမ္မႈမရွိပါဘူး ။ ဒါေပမဲ့ သူက သူ႔ညီကိုပိုေကာင္းလာေအာင္ ကူညီေပးႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ေန႔တိုင္းၾကက္သြန္နီေရာင္းရန္ သူစိတ္ပိုင္းျဖတ္ထားပါတယ္ ။

JRose (KB Chimmy One)

  • Leave a Comment

Categories