တောင်ယာစိုက်ပျိုးပြီး ကျောင်းထားပေးခဲ့သည့် မိဘတို့၏ ကျေးဇူးကို မမေ့သည့်အနေဖြင့် ဘွဲ့ရသည့်အချိန်တွင် စိုက်ခင်းထဲ၌ မိဘနှင့်အတူ ဂုဏ်ယူစွာ ဓာတ်ပုံရိုက်ခဲ့သည့်သမီးလေး

မိဘတို့သည် သားသမီးလေးတို့၏ ဘဝကောင်းစားစေရန်အတွက် မည်သို့သော အလုပ်များကို လုပ်ကိုင်နေရပါစေ ပင်ပန်းသည်ဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။မိဘတို့၏ ဘဝတစ်ခုလုံး ပင်ပန်းလာသမျှသည် သားသမီးတို့အောင်မြင်သည့်အချိန်တွင် ပျောက်ကွယ်သွားပေလိမ့်မည်။

ယခုတွင်လည်း ကောင်မလေးသည် မိဘတို့က စိုက်ခင်းထဲတွင်သာ အမြဲတမ်းပင်ပန်းစွာအချိန်ကုန်ခဲ့ပြီး ကျောင်းထားပေးခဲ့သော ကျေးဇူးတရားများကို မမေ့ခဲ့ပေ။ပင်ပန်းဆင်းရဲလှသော မိသားစု၏ဘဝကြောင့် ရှက်ရွံအားငယ်ခြင်းမရှိဘဲ မိဘတို့၏ ကျေးဇူးကို သိတတ်ခဲ့တာဖြစ်ပါတယ်။

ကောင်မလေးဟာ မိဘတို့၏ ကျေးဇူးကို အသိအမှတ်ပြုပြီး မမေ့သည့်သဘောဖြင့် ဘွဲ့ရသည့်အချိန်တွင် မိသားစု၏ စိုက်ခင်းကွင်းပြင်ကြီးထဲတွင် ဂုဏ်ယူစွာဖြင့် မိဘများနှင့်အတူ ဓာတ်ပုံများ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories