Marlon Cajucom အမည်ရှိအမျိုးသားဟာ ဖိလစ်ပိုင်နိုင်ငံ Pangasinan ပြည်နယ် Asingan မြို့ရှိ LAZADA အတွက် delivery rider တစ်ဦးဖြစ်ပါတယ်။ Marlon ဟာ Delivery Rider တစ်ဦးပီပီအလွန်အလုပ်ကြိုးစားသောကြောင့် သူဟာ သူမရဲ့သမီးဖြစ်သူ Jhasin May Benito အတွက်ပြီးပြည့်စုံသည်ဟုထင်မှတ်နေတဲ့ ပုံမှန်ဖောက်သည်တစ်ဦးဖြစ်သူ Mrs. Mary Grace Benito ရဲ့အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ “ Jhasin ကို သူမအမေက ကျွန်တော်နဲ့ စစချင်းမိတ်ဆက်ပေးတော့ ဘာမှမဟုတ်နေခဲ့ဘူး ၊ နောက်ပိုင်းကျ့ order သွားပို့တိုင်း သူမနဲ့ဘဲတိုးနေခဲ့တယ်၊ သူမက စကားပြောရလွယ်ပြီး သဘောကောင်းလို့ ကျွန်တော် သူမကို သဘောကျလာခဲ့တယ် ၊ အဲ့တာနဲ့ သူမထံချဉ်းကပ်ရတာလွယ်ကူလာခဲ့တယ် ” ဟု Marlon က သူနှင့် Jhasin တို့ရဲ့ပထမဆုံးတွေ့ဆုံခဲ့ပုံကိုပြန်ပြောပြခဲ့ပါတယ်။
ထို့ပြင် Marlon ဟာ Jhasin နှင့်မိတ်ဆက်မပေးခင်ကတည်းက သူဟာ ၎င်းအိမ်သို့ ပုံမှန် delivery ပို့ပေးလေ့ရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။ တစ်နေ့မှာ Marlon ဟာ ထိုအိမ်သို့ order ပို့ပေးဖို့ နောက်ကျသွားခဲ့ပြီး သူဟာ ညပိုင်းလောက်မှ ထိုအိမ်သို့ order ပို့ပေးခဲ့ရပေမဲ့ ၎င်းတို့မိသားစုဟာ သူ့ကို အံ့ဩသွားခဲ့ပါတယ်။
ထိုနေ့မှာ Jhasin ရဲ့ မိခင်ဖြစ်သူ Grace က သူ့အား လက်ထပ်ပြီးပြီလားလို့မေးတဲ့အခါ Marlon က သူ့အလုပ်နဲ့လုံးပန်းနေရတာကြောင့် လက်မထပ်ရသေးဘူးလို့ပြန်ဖြေခဲ့ပါတယ်။ အဲ့တာနဲ့ Grace ကလည်း သမီးဖြစ်သူနဲ့ တွဲဖို့ သူ့အားတောင်းဆိုခဲ့ပါတယ်။
မိခင်ဖြစ်သူရဲ့စကားက ၎င်းတို့နှစ်ဦးရဲ့ချစ်ကြည်ရင်းနှီးမှုရဲ့အစဖြစ်လာခဲ့ပြီး နောက်ထပ် order ၅ ခုမြောက်လောက်မှာ Marlon နဲ့ Jhasin တို့ရဲ့ဆက်ဆံရေးဟာစတင်လာခဲ့ပါတော့တယ်။
Marlon က delivery အလုပ်နှင့်မအားလပ်လျှင်ပင် သူမနှင့်အတူအချိန်ဖြုန်းရန်သေချာစေတာကြောင့် Jhasin ဟာ Marhas ရဲ့အချစ်ကိုအားရကျေနပ်နေခဲ့ပါတယ်။ “ ကျွန်မရဲ့အခြား ex တွေထက် သူ့က ကျွန်မကို ဂရုစိုက်မှု ၊နွေးထွေးမှုတွေပြသပေးတယ်၊ သူက အလုပ်များနေပေမဲ့ သူ ကျွန်မနဲ့ flirt လုပ်တဲ့အခါ သူအများကြီးကြိုးစားခဲ့သလို ကျွန်မဆီ မမေ့မလျော့ဘဲ ပန်းတွေအမြဲပို့ပေးတတ်တယ် ၊ အဲ့လိုနဲ့ သူ့ရဲ့အချစ်ကို ခံစားရစေတယ် ” ဟု Jhasin က ဆိုခဲ့ပါတယ်။
၎င်းတို့ love birds တို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အသေးစားမင်္ဂလာပွဲဖြင့်လက်ထပ်ခဲ့ကြပြီး ၎င်းတို့၏ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းဟာလည်း လူများစွာရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပါတယ်။
အင်တာနက်သုံးစွဲသူ single များစွာကလည်း ချစ်သူတစ်ယောက်ရဖို့အတွက် ထိုနည်းကို စမ်းသပ်ကြည့်ရမယ်လို့ဆိုကြသလို အချို့ကလည်း Grace လို အောင်သွယ်တော်လုပ်ပေးတတ်တဲ့အမေတစ်ယောက်ဘဲလိုချင်တယ်လို့လည်း အချင်းချင်းပြောဆိုနေခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : rachfeed