ဒုက္ခရောက်နေတဲ့ရသေ့ကြီးကို ဘီလျံနာတစ်ဦးက ဒေါ်လာ(၁၈၀,၀၀၀) လှူဒါန်း

မကြာသေးမီက ပိုင်နက်ကျူးကျော်မှုကျူးလွန်သည်ဟုဆိုကာ ထောင်ချခံခဲ့ရတဲ့ ဧကစာရီရသေ့ကြီးတစ်ဦးဟာ ဆက်တိုက်ဆိုသလို ဒုက္ခရောက်ခဲ့ပါတယ်။ သူ နေထိုင်ရာ ရွက်ဖျင်တဲကလည်း တောမီးကြောင့် အကုန်ပြာကျခဲ့ရပြီး၊ ရှိသမျှ ကုန်ခဲ့ရသည်အထိပါ။ သူဟာ အဲဒီနေရာလေးမှာ (၂၇)နှစ်ကြာ တစ်ဦးတည်း ဧကစာရီ နေခဲ့တာပါ။

ဒါပေမယ့် အာဏာပိုင်တွေက တစ်စုံတစ်ယောက်ပိုင်တဲ့ နယ်မြေနိမိတ်တစ်ခုအတွင်း ကျူးကျော်နေထိုင်တယ်ဆိုပြီး သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရသေ့ကြီးအမည်ကတော့ David Lidstone ဖြစ်ပြီး၊ အသက်(၈၁)နှစ်ပါ။ သူ့ကို ဒေသခံတွေဟာ River Dave လို့ ခေါ်ဆိုကြပြီး၊ သူကတော့ အများနဲ့ အဆက်အဆံမလုပ်ပါဘူး။

သူဟာ နယူးဟမ်ရှိုင်းယားက လူသူကင်းဆိတ်တဲ့ မြစ်ကမ်းဘေးတစ်နေရာမှာ နှစ်ပေါင်း (၃၀)လောက် ဘာပြဿနာမှ မရှိဘဲ အေးအေးချမ်းချမ်း နေထိုင်ခဲ့ပေမယ့် နောက်တော့ အပူမီးတွေ ဆင့်ခဲ့ရပါတယ်။ သူဟာ ပိုက်နက်ကျူးကျော်မှုကြောင့် ဒဏ်ငွေဆောင်ဖို့ ငြင်းဆန်ခဲ့သလို နေရာကနေ ဖယ်ပေးဖို့လည်း ငြင်းဆန်ခဲ့တာကြောင့်-

ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲမှာ ရှိနေချိန် သူ့ရဲ့တဲလေး မီးလောင်သွားပြန်ပါတယ်။ ဒီအတွက် သူဟာ သောကပွားနေစဉ်မှာ ဘီလျံနာ အလက်ဇန္ဒားကာ့ပ်က သူ့ကို ဒေါ်လာ နှစ်သိန်းနီးပါး လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ David ရဲ့အဆိုအရ လွန်ခဲ့တဲ့ (၆)နှစ်တုန်းက သူ နေထိုင်တဲ့နေရာကို မြေပိုင်ရှင်ရဲ့ သားသမီးတစ်ဦးက ရောက်လာခဲ့ကြောင်း-

စိတ်ရှိလက်ရှိ နေဖို့ ပြောခဲ့ကြောင်း ဆိုပါတယ်။ ဒါပေမယ့် နောက်တော့ စိတ်ကူးပြောင်းသွားပြီး သူ့ကို အမျိုးမျိုး ခြိမ်းခြောက်နှင်ထုတ်ကြပါတယ်။ နောက်ဆုံး ဘယ်လိုမှ မရတော့ ရဲလက်ကို အပ်ခဲ့ကြတာပါ။ သူ ထောင်ထဲရောက်နေချိန် တဲကို မီးလောင်တယ်ဆိုတာကလည်း မြေပိုင်ရှင်ရဲ့ ပယောဂ မပါဘူးလို့မပြောနိုင်ကြောင်း David က ပြောပါတယ်။

သူ့ရဲ့တဲလေး မီးလောင်တယ်ဆိုကတည်းက သူ့ကိုချစ်ခင်ကြတဲ့ ဒေသခံတွေက GoFundMe ကနေ ရံပုံငွေ ရှာပေးခဲ့ကြပါတယ်။ လောလောဆယ်တော့ ဒေါ်လာ (၁၄၈၀၀)လောက် ရထားပါပြီ။ Palantir Technologies ရဲ့စီအီးအိုဖြစ်တဲ့ အလက်ဇန္ဒားကလည်း မနေသာတော့ဘဲ ရသေ့ကြီး နေရေးထိုင်ရေး အဆင်ပြေဖို့ လောက်လောက်လားလား လှူဒါန်းခဲ့တာပါ။

လောလောဆယ် ရသေ့ကြီးရဲ့ အခင်မင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Jodie Gedeon ကပဲ အလှူငွေကို လက်ခံထားပါတယ်။ Jodie ရဲ့အဆိုအရ Dave ဟာ လူသူလေးပါး စည်ကားတာကို အလွန်မနှစ်ခြိုက်ကြောင်း၊ တစ်ဦးတည်း နေရတာကို ကြိုက်နှစ်သက်ပြီး သဘာဝဝါဒီတစ်ဦးဖြစ်ကြောင်း၊ သူ အကျဉ်းကနေ လွတ်လာတဲ့အခါ အဆင်ပြေစေဖို့ နေရာတစ်ခု ရှာဖွေနေတယ်လို့ ပြောပါတယ်။

Ref ; LadBible

Credit-Shwetoday

Zawgyi

ဒုကၡေရာက္ေနတဲ့ရေသ့ႀကီးကို ဘီလ်ံနာတစ္ဦးက ေဒၚလာ(၁၈၀,၀၀၀) လႉဒါန္း

မၾကာေသးမီက ပိုင္နက္က်ဴးေက်ာ္မႈက်ဴးလြန္သည္ဟုဆိုကာ ေထာင္ခ်ခံခဲ့ရတဲ့ ဧကစာရီရေသ့ႀကီးတစ္ဦးဟာ ဆက္တိုက္ဆိုသလို ဒုကၡေရာက္ခဲ့ပါတယ္။ သူ ေနထိုင္ရာ ႐ြက္ဖ်င္တဲကလည္း ေတာမီးေၾကာင့္ အကုန္ျပာက်ခဲ့ရၿပီး၊ ရွိသမွ် ကုန္ခဲ့ရသည္အထိပါ။ သူဟာ အဲဒီေနရာေလးမွာ (၂၇)ႏွစ္ၾကာ တစ္ဦးတည္း ဧကစာရီ ေနခဲ့တာပါ။

ဒါေပမယ့္ အာဏာပိုင္ေတြက တစ္စုံတစ္ေယာက္ပိုင္တဲ့ နယ္ေျမနိမိတ္တစ္ခုအတြင္း က်ဴးေက်ာ္ေနထိုင္တယ္ဆိုၿပီး သူ႔ကို ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ရေသ့ႀကီးအမည္ကေတာ့ David Lidstone ျဖစ္ၿပီး၊ အသက္(၈၁)ႏွစ္ပါ။ သူ႔ကို ေဒသခံေတြဟာ River Dave လို႔ ေခၚဆိုၾကၿပီး၊ သူကေတာ့ အမ်ားနဲ႔ အဆက္အဆံမလုပ္ပါဘူး။

သူဟာ နယူးဟမ္ရႈိင္းယားက လူသူကင္းဆိတ္တဲ့ ျမစ္ကမ္းေဘးတစ္ေနရာမွာ ႏွစ္ေပါင္း (၃၀)ေလာက္ ဘာျပႆနာမွ မရွိဘဲ ေအးေအးခ်မ္းခ်မ္း ေနထိုင္ခဲ့ေပမယ့္ ေနာက္ေတာ့ အပူမီးေတြ ဆင့္ခဲ့ရပါတယ္။ သူဟာ ပိုက္နက္က်ဴးေက်ာ္မႈေၾကာင့္ ဒဏ္ေငြေဆာင္ဖို႔ ျငင္းဆန္ခဲ့သလို ေနရာကေန ဖယ္ေပးဖို႔လည္း ျငင္းဆန္ခဲ့တာေၾကာင့္-

ေထာင္ဒဏ္ ခ်မွတ္ခံခဲ့ရပါတယ္။ ေထာင္ထဲမွာ ရွိေနခ်ိန္ သူ႔ရဲ႕တဲေလး မီးေလာင္သြားျပန္ပါတယ္။ ဒီအတြက္ သူဟာ ေသာကပြားေနစဥ္မွာ ဘီလ်ံနာ အလက္ဇႏၵားကာ့ပ္က သူ႔ကို ေဒၚလာ ႏွစ္သိန္းနီးပါး လႉဒါန္းခဲ့ေၾကာင္း သိရပါတယ္။ David ရဲ႕အဆိုအရ လြန္ခဲ့တဲ့ (၆)ႏွစ္တုန္းက သူ ေနထိုင္တဲ့ေနရာကို ေျမပိုင္ရွင္ရဲ႕ သားသမီးတစ္ဦးက ေရာက္လာခဲ့ေၾကာင္း-

စိတ္ရွိလက္ရွိ ေနဖို႔ ေျပာခဲ့ေၾကာင္း ဆိုပါတယ္။ ဒါေပမယ့္ ေနာက္ေတာ့ စိတ္ကူးေျပာင္းသြားၿပီး သူ႔ကို အမ်ိဳးမ်ိဳး ၿခိမ္းေျခာက္ႏွင္ထုတ္ၾကပါတယ္။ ေနာက္ဆုံး ဘယ္လိုမွ မရေတာ့ ရဲလက္ကို အပ္ခဲ့ၾကတာပါ။ သူ ေထာင္ထဲေရာက္ေနခ်ိန္ တဲကို မီးေလာင္တယ္ဆိုတာကလည္း ေျမပိုင္ရွင္ရဲ႕ ပေယာဂ မပါဘူးလို႔မေျပာႏိုင္ေၾကာင္း David က ေျပာပါတယ္။

သူ႔ရဲ႕တဲေလး မီးေလာင္တယ္ဆိုကတည္းက သူ႔ကိုခ်စ္ခင္ၾကတဲ့ ေဒသခံေတြက GoFundMe ကေန ရံပုံေငြ ရွာေပးခဲ့ၾကပါတယ္။ ေလာေလာဆယ္ေတာ့ ေဒၚလာ (၁၄၈၀၀)ေလာက္ ရထားပါၿပီ။ Palantir Technologies ရဲ႕စီအီးအိုျဖစ္တဲ့ အလက္ဇႏၵားကလည္း မေနသာေတာ့ဘဲ ရေသ့ႀကီး ေနေရးထိုင္ေရး အဆင္ေျပဖို႔ ေလာက္ေလာက္လားလား လႉဒါန္းခဲ့တာပါ။

ေလာေလာဆယ္ ရေသ့ႀကီးရဲ႕ အခင္မင္ဆုံးသူငယ္ခ်င္းျဖစ္တဲ့ Jodie Gedeon ကပဲ အလႉေငြကို လက္ခံထားပါတယ္။ Jodie ရဲ႕အဆိုအရ Dave ဟာ လူသူေလးပါး စည္ကားတာကို အလြန္မႏွစ္ၿခိဳက္ေၾကာင္း၊ တစ္ဦးတည္း ေနရတာကို ႀကိဳက္ႏွစ္သက္ၿပီး သဘာဝဝါဒီတစ္ဦးျဖစ္ေၾကာင္း၊ သူ အက်ဥ္းကေန လြတ္လာတဲ့အခါ အဆင္ေျပေစဖို႔ ေနရာတစ္ခု ရွာေဖြေနတယ္လို႔ ေျပာပါတယ္။

Ref ; LadBible

Credit-Shwetoday

  • Leave a Comment

Categories