အချစ်ရဆုံးခွေးလေးအတွက် အထူးလေယာဉ်ထိုင်ခုံ စီစဉ်ပေးခဲ့တဲ့ပိုင့်လော့

လေယာဉ်မှူးတစ်ယောက်ဟာ အချစ်ရဆုံးခွေးလေးကိုပါ ပျံသန်းတိုင်း အတူခေါ်သွားနိုင်ဖို့ သူ့ရဲ့ကိုယ်ပိုင် အပေါ့စားလေယာဉ်ငယ်လေးကို အထူးပြုပြင်မှု ပြုလုပ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခွေးလေးပါ အတူထိုင်နိုင်ဖို့ ထိုင်ခုံတစ်ခု ထည့်သွင်းပေးခဲ့တာပါ။

ခွေးလးနာမည်ကတော့ Gus ဖြစ်ပြီး၊ Golden retriever မျိုး ဖြစ်ပါတယ်။ လေယာဉ်မှူးကတော့ Justin ဖြစ်ပြီး၊ အသက်(၄၂)နှစ်ပါ။ သူဟာ အမေရိကန် ကိုလိုရာဒိုပြည်နယ်၊ ဒန်ဗာမှာ နေထိုင်သူပါ။ သူက ” လူထိုင်ခုံအပိုကို ဖြုတ်လိုက်ပြီး ခွေးလေးအတွက် အထူးပြင်ဆင်ပေးလိုက်တာ …

နောက်ပြီး Passenger side stick ကိုလည်း ဖြုတ်လိုက်တယ် … မဟုတ်ရင် မတော်တဆ ထိနေမှာစိုးရတယ်လေ “လို့ သူက ပြောပါတယ်။ ” အခုဆို Gus က မက်စောက်တဲ့ တရှိန်ထိုးအလှည့်အပြောင်းတွေ .. .နောက်ပြီး negative-Gs ကိုလည်း အကျွမ်းတဝင် ရှိနေပါပြီ …

ဒါကြောင့် သူနဲ့အတူ မကြာခဏ ပြန်သန်းမှုတွေ လုပ်ပါတယ် “လို့ Justin က ပြောပါတယ်။ နောက်ပြီး ခွေးပေါက်မလေး Dora ကိုပါ တစ်ခါတလေ ခေါ်သွားဖြစ်တယ်လို့ သူက ပြောခဲ့ပါတယ်။

” သူတို့နှစ်ကောင်စလုံး တခြား လူခရီးသည်တွေထက်စာရင် သက်တောင့်သက်သာ နေတတ်ကြပါတယ် “လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။ Justin ရဲ့ အပေါ့စားလေယာဉ်ငယ်လေးဟာ Van’s Aircraft RV-9 အမျိုးအစားဖြစ်ပြီး၊ တန်ဖိုးအားဖြင့်တော့ ပျမ်းမျှ ဒေါ်လာ(၃၀၀၀၀)ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။

Credit-လင်းသူရိန်

Ref ; The Sun

Zawgyi

အခ်စ္ရဆုံးေခြးေလးအတြက္ အထူးေလယာဥ္ထိုင္ခုံ စီစဥ္ေပးခဲ့တဲ့ပိုင့္ေလာ့

ေလယာဥ္မႉးတစ္ေယာက္ဟာ အခ်စ္ရဆုံးေခြးေလးကိုပါ ပ်ံသန္းတိုင္း အတူေခၚသြားႏိုင္ဖို႔ သူ႔ရဲ႕ကိုယ္ပိုင္ အေပါ့စားေလယာဥ္ငယ္ေလးကို အထူးျပဳျပင္မႈ ျပဳလုပ္ခဲ့ပါတယ္။ ေလယာဥ္ေပၚမွာ ေခြးေလးပါ အတူထိုင္ႏိုင္ဖို႔ ထိုင္ခုံတစ္ခု ထည့္သြင္းေပးခဲ့တာပါ။

ေခြးလးနာမည္ကေတာ့ Gus ျဖစ္ၿပီး၊ Golden retriever မ်ိဳး ျဖစ္ပါတယ္။ ေလယာဥ္မႉးကေတာ့ Justin ျဖစ္ၿပီး၊ အသက္(၄၂)ႏွစ္ပါ။ သူဟာ အေမရိကန္ ကိုလိုရာဒိုျပည္နယ္၊ ဒန္ဗာမွာ ေနထိုင္သူပါ။ သူက ” လူထိုင္ခုံအပိုကို ျဖဳတ္လိုက္ၿပီး ေခြးေလးအတြက္ အထူးျပင္ဆင္ေပးလိုက္တာ …

ေနာက္ၿပီး Passenger side stick ကိုလည္း ျဖဳတ္လိုက္တယ္ … မဟုတ္ရင္ မေတာ္တဆ ထိေနမွာစိုးရတယ္ေလ “လို႔ သူက ေျပာပါတယ္။ ” အခုဆို Gus က မက္ေစာက္တဲ့ တရွိန္ထိုးအလွည့္အေျပာင္းေတြ .. .ေနာက္ၿပီး negative-Gs ကိုလည္း အကြၽမ္းတဝင္ ရွိေနပါၿပီ …

ဒါေၾကာင့္ သူနဲ႔အတူ မၾကာခဏ ျပန္သန္းမႈေတြ လုပ္ပါတယ္ “လို႔ Justin က ေျပာပါတယ္။ ေနာက္ၿပီး ေခြးေပါက္မေလး Dora ကိုပါ တစ္ခါတေလ ေခၚသြားျဖစ္တယ္လို႔ သူက ေျပာခဲ့ပါတယ္။

” သူတို႔ႏွစ္ေကာင္စလုံး တျခား လူခရီးသည္ေတြထက္စာရင္ သက္ေတာင့္သက္သာ ေနတတ္ၾကပါတယ္ “လို႔ သူက ျဖည့္စြက္ေျပာခဲ့ပါတယ္။ Justin ရဲ႕ အေပါ့စားေလယာဥ္ငယ္ေလးဟာ Van’s Aircraft RV-9 အမ်ိဳးအစားျဖစ္ၿပီး၊ တန္ဖိုးအားျဖင့္ေတာ့ ပ်မ္းမွ် ေဒၚလာ(၃၀၀၀၀)ဝန္းက်င္ေလာက္ ရွိတယ္လို႔ သိရပါတယ္။

Credit-လင္းသူရိန္

Ref ; The Sun

  • Leave a Comment

Categories