ဆန်းသထပ်ဆန်းအောင် ဖန်တီးရင်းနဲ့ ဘယ်သူမှလိုက်မမှီနိုင်အောင်ဖြစ်သွားတဲ့ အလန်းဆုံးဖက်ရှင်ဒီဇိုင်းများ

မင်္ဂလာပါ။ တစ်ရက်ထက် တစ်ရက် အပြိုင်အဆိုင် ဖန်တီးကြရင်းနဲ့ ဖက်ရှင်လောကရဲ့ ရေစီးကြောင်းက ဘယ်သူမှ လိုက်မမှီနိုင်အောင်ကို ဖြစ်နေပါပြီ။ တော်ရုံတန်ရုံ ဝတ်စားချင်သူတွေအတွက်တော့ နားမလည်နိုင်တဲ့ ဖက်ရှင်စတိုင်တွေကလည်း ဖက်ရှင်လောကမှာ မှိုလိုပေါနေပါပြီ။ သာမန်လူတွေ မဝတ်ချင်ပေမယ့် ဖက်ရှင်လောကမှာ တော့ အဆန်းဆုံးနဲ့ အလန်းဆုံးဖြစ်ပါတယ်ဆိုတဲ့ ခပ်ကြောင်ကြောင်ဖက်ရှင်ဓာတ်ပုံတွေကဖော်ပြပေးလိုက်ပါတယ်။

(၁)

ဘောင်းဘီအတို ဝတ်ပြီး အပေါ်ကနေ ဂျက်ကတ်ထပ်ဝတ်တာက အခုခေတ်ဖက်ရှင်ရေစီးကြောင်းကို လိုက်မမှီတော့ဘူးဆိုရမှာပဲ…

ဘာလို့ဆို အခုက ဂျက်ကတ်အပေါ်ကို ဘောင်းဘီအတို ထပ်ဝတ်တဲ့ ခေတ်ဖြစ်နေပြီလေ

(၂)

အပြာရောင်ဆွယ်တာဖားဖားကြီးနဲ့ ဘောင်းဘီဖက်ရှင်….

သေချာတာကတော့ လူကြားထဲမှာ ထင်းခနဲ မြင်လွယ်ပြီး ခပ်ကြောင်ကြောင်နိင်တဲ့ ဖက်ရှင်ပေါ့

(၃)

ဖက်ရှင်ကျကျ အိမ်သန့်ရှင်းရေး လုပ်ကြမယ်။

(၄)

အမွှာတွေအတွက် အကောင်းဆုံး ဝတ်စုံ…

အကောင်းဆုံးလို့ ပြောရရင် မျက်နှာမပေါ်တဲ့ အပိုင်းက အကောင်းဆုံးလို့ဆိုရမယ်။

(၅)

ချစ်စရာမကောင်းတဲ့ အဖြူရောင် ဘဲငန်းလေးဖက်ရှင်…

နှုတ်ခမ်းကိုလည်း အလှပြင်တာ သိပ်များလွန်းတယ်လို့ ပြောရမလား..

(၆)

ဦးထုပ်နဲ့ မျက်မှန်ကို တစ်ခုချင်း စီ ဝတ်မလို့လား..အဲ့ဒါကရိုးနေပါပြီ။

ကြည့်ရတာ ဒီဇိုင်းဖန်တီးသူက လီဂိုရုပ်တွေကို ကောင်းကောင်းလေး ဘယ်လို အသုံးချရမလဲဆိုတာကို သိပုံရတယ်။

(၇)

တစ်ကိုယ်လုံး ခြေထောက်ကလွဲပြီး

ဘာမှ မဖော်ချင်ဘူးဆိုရင် ဒါမျိုး ဒီဇိုင်းက ကွက်တိပါပဲ။

(၈)

အစားတစ်လိုင်းတွေအတွက် ပေါင်မုန့်တွေနဲ့ချည်းလုပ်ထားတဲ့ ဂါဝန်

(၉)

အီဂျစ်ဖက်ရှင်ကို တကျော့ပြန်လှည့်တဲ့

မံမီဖက်ရှင်

(၁၀)

မနက်စာအဖြစ်စားကြလေ့ရှိတဲ့ ပေါင်မုန့်နဲ့ကြက်ဥကို

မှီးငြမ်းထားတဲ့ ဖက်ရှင်အိုင်ဒီယာ..

(၁၁)

အကော်ဒီယံ ကို မတီးမှုတ်ဘဲ မျိုချလိုက်တဲ့ပုံပါပဲ..

ဒါကြောင့် သူ့ဖက်ရှင်က တစ်မျိုးဖြစ်နေတာဖြစ်မယ်။

(၁၂)

စက္ကူတွေခေါက်တတ်ရင် ဒီဇိုင်းဆန်းတဲ့ ဖက်ရှင်တွေကို

ကိုယ်တိုင် ဖန်တီးလို့ရပါတယ်။

(၁၃)

ဘောလုံးကြီးလိမ့်လာတာနဲ့ တူပေမယ့် ဝတ်ပြထားတဲ့

မော်ဒယ်ကတော့ ယုံကြည်မှုတော်တော်ရှိပုံပဲ

(၁၄)

မိုးရေစိုလဲခံရမယ်…ဖက်ရှင်လည်းကျရမယ်ဆိုရင်

ဒါမျိုးလေးကော မကြိုက်ဘူးလား

(၁၅)

ဇစ်လူသားပဲဖြစ်ရမယ်…အသစ်ထွက်တဲ့ စူပါဟီးရိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဒီလိုစူပါဟီးရိုးကို ဘယ်နေရာမှာ အကူအညီတောင်းရပါ့မလဲ

(၁၆)

တစ်ရောင်တည်း ဝတ်တဲ့ ဖက်ရှင်တွေက မလုံလောက်ဘူးဆိုရင်

ကာလာစုံ မှိုဂါဝန်လည်းရှိပါသေးတယ်။

(၁၇)

သူမရဲ့ မျက်လုံးက ဘယ်ကို ကြည့်လို့ကြည့်နေမှန်း

မခန့်မှန်းနိုင်မယ့် ဖက်ရှင်

(၁၈)

ဖဲပြားအကြီးကြီးနဲ့တင် မနာလိုသူတွေကို

တောက်ချလို့ ရမယ့် အမိုက်စားဖက်ရှင်တစ်ခုပေါ့

(၁၉)

ပတ်ဝန်းကျင်မှာရှိသမျှ အရာတွေအားလုံးကို ဖက်ရှင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။

ပူဖောင်းတွေကိုတောင်မှပေါ့

(၂၀)

အမွှေးပွပွလုံးလုံးလေးတွေကို

သဘောကျတတ်သူတွေအတွက် ဖက်ရှင်….

(၂၁)

တစ်ယောက်တည်း အလန်းစားဖက်ရှင် တွေဝတ်ရတာ ရိုးနေပြီဆိုတော့

နောက်တစ်ယောက်ကိုပါ ချီခေါ်ရင်း လန်းမယ်လေ

(၂၂)

ဆူးတွေနဲ့ တစ်ခေါင်းလုံး အပြည့်ဖက်ရှင်…ဝတ်တဲ့သူတော့ မသိဘူး…

ဘေးကနေကြည့်ရတာကတော့ ကြောက်စရာပဲ

(၂၃)

ဘေ့စ်ဘောအားကစားသမားတွေ ရဲ့

ဝတ်စုံအထူကြီးတွေကိုတော့ဒီဇိုင်းနာက အေးဆေးပါတဲ့

(၂၄)

သူ့ရဲ့ ဖက်ရှင်ကို ကြည့်ရတာ

လန်းဆန်းမနေဘူးလား

(၂၅)

ဒီဖက်ရှင်ကို ကြည့်ပြီးတော့

ဘယ်သူ့ကို သတိရလိုက်သလဲ…

(၂၆)

မိန်းကလေးဆန်ဆန် ပန်းရောင်လည်းဖြစ်ရမယ်….

အနွေးဓာတ်ရအောင်ခပ်ထူထူဝတ်စုံဆိုရင် ဒီဖက်ရှင်က ဘယ်လိုလဲ

(၂၇)

အရပ်ပုလို့ ဆိုပြီး ဝိုင်းနှိမ်နေကြရင် ဒီလိုဖိနပ်မျိုး

စီးပြီးသူတို့ဘေး သွားရပ်ပြလိုက်ပါ။

ဘယ်ဖက်ရှင်က ပရိသတ်တွေအတွက် ခံစားချက် အသစ်အဆန်းတွေကို ရစေခဲ့သလဲ..

ကိုယ်တိုင်ရော ဘယ်လိုလေးတွေ ဝတ်ရတာ ကြိုက်နှစ်သက်သလဲဆိုတာကို ပြန်ပြောပေးခဲ့ကြပါအုံးနော်။

Ref:Brightside

Credit-Shwenyanshin

  • Leave a Comment

Categories