သခင်ပြန်အလာကိုနေ့တိုင်း စောင့်နေခဲ့ရင်း ဇာတ်သိမ်းလှခဲ့တဲ့ ခွေးလေးတိုဘီ

ခွေးလေးတိုဘီရဲ့အဖြစ်က ထွက်သွားတဲ့ သခင်ပြန်အလာကိုစောင့်နေတဲ့ တခြားခွေးလေးတွေနဲ့တူပါတယ်။ သခင်က အလုပ်ကိစ္စနဲ့ခရီးရှည်ထွက်ရချိန်မှာ တိုဘီရယ်၊ သူ့ညီနဲ့ပိုင်ရှင်ရဲ့မိန်းမတို့ကျန်ခဲ့ပါတယ်။ သခင်ကိုသံယောဇဉ်ကြီးလွန်းတဲ့တိုဘီတယောက်၊ အဲ့နေ့ကစ မှိုင်ပါတော့တယ်။

တခြားခွေးလေးအဖော်ရှိလို့လည်း မပျော်တဲ့တိုဘီဟာ သခင်ပြန်လာမယ့်လမ်းကိုပဲ နေ့တိုင်းကြည့်ပါတယ်။ အစားစားလည်းမှိုင်၊ အိပ်နေရင်းတောင် အသံကြားရင်းနှိုးလာတဲ့ တိုဘီတယောက်ကို ပိုင်ရှင်ရဲ့မိန်းမက သတိထားမိလာပါတယ်။

ပထမတော့ မခွဲစဖူးခွဲရလို့ မှိုင်တာမျိုးဖြစ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာ တိုဘီက နေ့တိုင်းကိုလွမ်းနေခဲ့တာပါ။ အုတ်နံရံကို မှေးတင်ပြီး၊ သခင်မျှော်နေတဲ့အဖြစ်ကို မမြင်ရက်ချိန်မှာတော့ ယောကျ်ားဖြစ်သူကို ပုံတွေရိုက်ပြီး နေ့တိုင်းမှတ်တမ်းတင်ပေးခဲ့ပါတယ်။

သခင်ကလည်း သူ့ခွေးလေးအဖြစ်ကို နေ့တိုင်းသဘောတွေကျနေရင်း တဖက်မှာလည်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ အလုပ်ကိစ္စတွေပြီးလို့တရက်မှာ အမှတ်မထင်ပုံစံနဲ့ပြန်လာရင် တိုဘီဝမ်းသာသွားမှာကို သူတို့သိနေခဲ့ပါပြီ။

နောက်တော့ တကယ်ပဲ တိတ်တိတ်လေးပြန်လာခဲ့ကာ တိုဘီကို အံ့အားသင့်စေခဲ့ပါတယ်။ သခင်လက်ထဲရောက်သွားချိန်မှာ တိုဘီက မှိုင်မနေတော့ပါဘူး။ နေ့တိုင်းပျော်နေပြီး၊ ကမ်းခြေမှာ ဆော့ကစားနေခဲ့ပါပြီ။

တခြားသခင်တွေလို ထားသွားတာတောင်မဟုတ်ဘဲ အလုပ်ကိစ္စနဲ့သွားတာကို ခွေးလေးတွေမှိုင်နေခဲ့ရင် ထားသွားခဲ့တဲ့ ခွေးလေးတွေအတွက် စိတ်မကောင်းစရာဆိုတာကို တိုဘီရဲ့ပုံလေးတွေက သက်သေပြနေပါတယ်။ ခွေးလေးတွေကို ထားသွားဖို့မစဉ်းစားဖို့ တိုဘီလေးနဲ့ ဉပမာယူနိုင်ပါတယ်။

Ref:BoredPanda

Zawgyi

သခင္ျပန္အလာကိုေန႔တိုင္း ေစာင့္ေနခဲ့ရင္း ဇာတ္သိမ္းလွခဲ့တဲ့ ေခြးေလးတိုဘီ

ေခြးေလးတိုဘီရဲ႕အျဖစ္က ထြက္သြားတဲ့ သခင္ျပန္အလာကိုေစာင့္ေနတဲ့ တျခားေခြးေလးေတြနဲ႔တူပါတယ္။ သခင္က အလုပ္ကိစၥနဲ႔ခရီးရွည္ထြက္ရခ်ိန္မွာ တိုဘီရယ္၊ သူ႔ညီနဲ႔ပိုင္ရွင္ရဲ႕မိန္းမတို႔က်န္ခဲ့ပါတယ္။ သခင္ကိုသံေယာဇဥ္ႀကီးလြန္းတဲ့တိုဘီတေယာက္၊ အဲ့ေန႔ကစ မႈိင္ပါေတာ့တယ္။

တျခားေခြးေလးအေဖာ္ရွိလို႔လည္း မေပ်ာ္တဲ့တိုဘီဟာ သခင္ျပန္လာမယ့္လမ္းကိုပဲ ေန႔တိုင္းၾကည့္ပါတယ္။ အစားစားလည္းမႈိင္၊ အိပ္ေနရင္းေတာင္ အသံၾကားရင္းႏႈိးလာတဲ့ တိုဘီတေယာက္ကို ပိုင္ရွင္ရဲ႕မိန္းမက သတိထားမိလာပါတယ္။

ပထမေတာ့ မခြဲစဖူးခြဲရလို႔ မႈိင္တာမ်ိဳးျဖစ္တယ္ထင္ခဲ့ေပမဲ့ တကယ္တမ္းမွာ တိုဘီက ေန႔တိုင္းကိုလြမ္းေနခဲ့တာပါ။ အုတ္နံရံကို ေမွးတင္ၿပီး၊ သခင္ေမွ်ာ္ေနတဲ့အျဖစ္ကို မျမင္ရက္ခ်ိန္မွာေတာ့ ေယာက်္ားျဖစ္သူကို ပုံေတြ႐ိုက္ၿပီး ေန႔တိုင္းမွတ္တမ္းတင္ေပးခဲ့ပါတယ္။

သခင္ကလည္း သူ႔ေခြးေလးအျဖစ္ကို ေန႔တိုင္းသေဘာေတြက်ေနရင္း တဖက္မွာလည္း စိတ္မေကာင္းျဖစ္ေနခဲ့ပါတယ္။ အလုပ္ကိစၥေတြၿပီးလို႔တရက္မွာ အမွတ္မထင္ပုံစံနဲ႔ျပန္လာရင္ တိုဘီဝမ္းသာသြားမွာကို သူတို႔သိေနခဲ့ပါၿပီ။

ေနာက္ေတာ့ တကယ္ပဲ တိတ္တိတ္ေလးျပန္လာခဲ့ကာ တိုဘီကို အံ့အားသင့္ေစခဲ့ပါတယ္။ သခင္လက္ထဲေရာက္သြားခ်ိန္မွာ တိုဘီက မႈိင္မေနေတာ့ပါဘူး။ ေန႔တိုင္းေပ်ာ္ေနၿပီး၊ ကမ္းေျခမွာ ေဆာ့ကစားေနခဲ့ပါၿပီ။

တျခားသခင္ေတြလို ထားသြားတာေတာင္မဟုတ္ဘဲ အလုပ္ကိစၥနဲ႔သြားတာကို ေခြးေလးေတြမႈိင္ေနခဲ့ရင္ ထားသြားခဲ့တဲ့ ေခြးေလးေတြအတြက္ စိတ္မေကာင္းစရာဆိုတာကို တိုဘီရဲ႕ပုံေလးေတြက သက္ေသျပေနပါတယ္။ ေခြးေလးေတြကို ထားသြားဖို႔မစဥ္းစားဖို႔ တိုဘီေလးနဲ႔ ဉပမာယူႏိုင္ပါတယ္။

Ref:BoredPanda

  • Leave a Comment

Categories