စက်ဘီးတစ်စီးနှင့် ပတ်ကာရေခဲမုန့်ရောင်းရင်းကိုယ့်ကျောင်းစရိတ်ကို ရှာခဲ့သော အသက် ၁၁နှစ်အရွယ် ကောင်လေး

ထိုင်းနိုင်ငံမှ အသက် ၁၁နှစ်အရွယ် ကောင်လေးသည် ကျောင်းပိတ်ရက်များတွင် အခြားသောကလေးတွေလို ဆော့ကစားခြင်းမျိုးမရှိပဲ စက်ဘီးတစ်စီးနှင့်အတူ လမ်းမပေါ်ထွက်၍ ရေခဲမုန့်များ ရောင်းချခဲ့သည်။

ကောင်လေးသည် ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း မိသားစုစားဝတ်နေရေးမှာ ပိုခက်ခဲလာ၍ အလိုက်သိစွာ မိခင်ဖြစ်သူတစ်ယောက်တည်း ပင်ပင်ပန်းပန်း ရုန်းကန်နေရသည်ကို မကြည့်ရက်သည့်အတွက် တတ်နိုင်သလောက်လေး ကူညီချင်ခဲ့သည်။

ထို့ကြောင့် ကောင်လေးသည် မိခင်ဖြစ်သူနှင့်တိုင်ပင်ကာ အရင်းအနှီးအနည်းငယ်ထုတ်ခိုင်းပြီး စက်ဘီးလေးကိုစီးရင်း တစ်လမ်းဝင်တစ်လမ်းထွက် ရေခဲမုန့်များကို ရောင်းချရင်း ကျောင်းစရိတ်အတွက်ရော မိသားစုစားဝတ်နေရေးအတွက်ပါ ထောက်ပံ့ပေးခဲ့သည်။

Hlaing (Love Feeling)

Zawgyi





Hlaing (Love Feeling)

  • Leave a Comment

Categories