ကမ္ဘာပေါ်မှာ လူဦးရေအနည်းဆုံးနဲ့ အသေးဆုံး နိုင်ငံလေးတွေ ရှိပါတယ်။ အချိနိုင်ငံတွေကတော့ Micronation လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာအဆင့် နိုင်ငံလေးတွေပါ။ Microstate အောက်မှာ အကျုံးဝင်တဲ့နိုင်ငံတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ Micronation ထက် အဆင့်ပိုမြင့်ပါတယ်။ Micronation ဖြစ်ဖို့အတွက် ခေါင်းဆောင်ဖြစ်သူက လွတ်လပ်ပြီး အမှီအခိုကင်းတဲ့နိုင်ငံအဖြစ် ကြေညာဖို့လိုသလို-
သူရဲ့အထက်နိုင်ငံကြီးကို အုပ်ချုပ်တဲ့အစိုးရကလည်း အဲဒီ Micronation ကို လွတ်လပ်ပြီဖြစ်ကြောင်း တရားဝင် အသိအမှတ်ပြုဖို့ လိုပါတယ်။ အခုအချိန်ထိ Micronation တွေကို အုပ်ချုပ်နေတဲ့ ဘုရင်တွေ၊ မင်းညီမင်းသား၊ မင်းဆွေမျိုးတွေ ရှိနေပါသေးတယ်။ Microstate ကတော့ အဆင့်ပိုမြင့်ပြီး ကိုယ်ပိုင်တပ်မတော်၊ ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်သူရှိပါတယ်။
(၁) Nauru
ဗာတီကန်စီးတီးကဲ့သို့သော Microstate နိုင်ငံ စုစုပေါင်း (၃၁)နိုင်ငံရှိပါတယ်။ Micronation ကတော့ ရာနဲ့ချီရှိနေပါတယ်။ အခုဖော်ပြမယ့် ကမ္ဘာ့အသေးဆုံး နိုင်ငံတွေထဲမှာ Micronation က အများစု ပါဝင်ပါတယ်။ တစ်ချို့နိုင်ငံတွေက တစ်ဧကတောင် မပြည့်ပါဘူး။ Principality of Sealand ဆိုရင် ပင်လယ်ထဲမှာ ဘောဆိပ်ကမ်းပုံစံ တည်ဆောက်ထားပြီး၊ အကျယ်အားဖြင့် (ဝ.၀၀၄) စကွဲကီလိုမီတာသာ ရှိပြီး၊ လူဦးရေ (၂၇)ဦးသာ ရှိပါတယ်။
(၂) Niue
Republic of Molossia ဆိုရင် ပုံထဲမှာတော့ လူဦးရေ (၇)ယောက်လို့ ရေးထားပါတယ်။ (၂၀၁၂)ခုနှစ် သန်းကောင်စာရင်းမှာတော့ လူဦးရေ (၂၇)ဦးရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံအကျယ်မှာ (ဝ.၀၅၅)စကွဲကီလိုမီတာသာ ရှိပါတယ်။ ကိုယ်ပိုင်ကစားကွင်း၊ ကိုယ်ပိုင်နိုင်ငံတော်သီချင်း၊ ကိုယ်ပိုင်အလံတော် ရှိပါတယ်။ ကိုယ်ပိုင်ဥပဒေကိုလည်း ပြဋ္ဌာန်းထားပြီး၊ ကိုယ်ပိုင်အကျဉ်းထောင်နဲ့ပါ။ အားလုံးကိုသိဖို့ ပုံတွေကို လေ့လာကြည့်ကြဦးနော်။
(၃) Palau
(၄) Saint Kitts and Nevis
(၅) Sovereign Military Order of Malta
(၆) The Principality of Hutt River
(၇) The Principality of Sealand
(၈) The Principality of Seborga
(၉) The Republic of Molossia
(၁၀) Tuvalu
Credit-လင်းဇော်ကို
Ref ; BrightSide