ပန်းနုရောင်ပါးပြင်မို့မို့လေးနှင့် လုံးဝိုင်းတဲ့မျက်လုံးများဖြင့် မြင်သူတိုင်းကို ချစ်မိသွားအောင်ပြုစားစေခဲ့တဲ့ ကလေးမလေး

ချစ်စဖွယ်ကောင်းပြီး ပန်းနုရောင်သန်းတဲ့ပါးပြင်မို့မို့လေးနဲ့ ဂျပန်ကလေးမလေးတစ်ဦးဟာ သူမပါဝင်တဲ့စာအုပ်တစ်အုပ်က ဂျပန်နိုင်ငံ၌ best seller ထဲမှတစ်အုပ်ဖြစ်သွားခဲ့ပြီးနောက် အင်တာနက်ရဲ့အာရုံစိုက်မှုကို ရရှိလာခဲ့ပါတယ်။ ဂျပန်အခြေစိုက် ဓာတ်ပုံဆရာ Kotori Kawashima ရိုက်ကူးထားခဲ့တဲ့ဓာတ်ပုံများဟာ ပါရီမြို့ပတ်လမ်း၌လမ်းလျှောက်ရင်း ၄ နှစ်အရွယ်ကလေးမလေး၏စွန့်စားမှုကိုပြသထားပါတယ်။ ကလေးမလေးရဲ့နာမည်ကိုထုတ်ဖော်မပြခဲ့ပေမဲ့ သူမဟာလူများစွာရဲ့အာရုံကိုဖမ်းစားနိုင်တုန်းပါပဲ။ “ Mirai-chan” အမည်ရှိဓာတ်ပုံစာအုပ်ဟာ အဆိုပါကလေးမလေးက ကမ္ဘာကြီးကိုရှာဖွေတွေ့ရှိသွားပြီး ဘဝ၏အဓိပ္ပါယ်ကိုအနက်ဖွင့်ဆိုရင်း သူမရဲ့ထူးခြားတဲ့အချိန်များကို ဖမ်းယူထားခြင်းဖြစ်ပါတယ်။

Kawashima ဟာ သူငယ်ချင်းဖြစ်သူရဲ့သမီးလေးဖြစ်တဲ့ကလေးမလေးကို ပထမဆုံးတွေ့လိုက်တဲ့အခါမှာ သူမရဲ့ချစ်စဖွယ်ရုပ်ရည်ကြောင့် အတော်ပင် အံ့အားသင့်သွားခဲ့တာကြောင့် ကလေးမလေးနဲ့အတူ တစ်နှစ်လောက်အချိန်ယူကာ ကမ္ဘာပတ်ပြီးတောင် ဓာတ်ပုံရိုက်ချင်ခဲ့ပါတယ်။ Kawashima ဟာ ၂၀၁၁ ခုနှစ်တွင် ၎င်းစာအုပ်ကိုဖြန့်ချိခဲ့ပြီး ၎င်းဟာ ဂျပန်တွင် လျင်မြန်စွာလူကြိုက်များသွားခဲ့ပါတယ်။

ကလေးမလေးရဲ့ဓာတ်ပုံရိုက်ကူးမှုကျေးဇူးကြောင့် Kawashima ဟာ ထုတ်ဝေတဲ့နှစ်မှာပဲ Kodansha Publishing Culture Award ကိုရရှိခဲ့ပါတယ်။ ‘ Little Miss Future’ ဟုအဓိပ္ပါယ်ရတဲ့ ‘Mirai-chan’ ဟာ ချစ်စရာကောင်းတဲ့ကလေးမလေးရဲ့နာမည်မဟုတ်သလို သူမဟာ Nigata စီရင်စု၊ Sado Island ရှိရွာဇာတိဖြစ်ပါတယ်။

ဓာတ်ပုံများအရ သူမရဲ့ rosy cheeks များနှင့် ချစ်စဖွယ်အမူအရာများနှင့်အတူ ကလေးမလေးဟာ Kawashima ရဲ့ကင်မရာမှန်ရှေ့တွင် သဘာဝကျနေခဲ့ပါတယ်။ ကလေးမလေးကို ဓာတ်ပုံရိုက်ဖို့ဘာလို့ရွေးဖြစ်လဲလို့မေးတဲ့အခါ Kawashima က သူမရဲ့တက်ကြွလွတ်လပ်ပြီး ဂရုမစိုက်တတ်တဲ့စရိုက်ကို သဘောကျလို့ဖြစ်ကြောင်းဆိုခဲ့ပါတယ်။ ကလေးမလေးရဲ့ဓာတ်ပုံတိုင်းဟာ မယုံနိုင်လောက်အောင် အံမခန်းအနုပညာမြောက်သလို ချစ်စရာကောင်းတဲ့ကလေးမလေးမှာလည်း ကြောင်တွေနှင့်ပတ်သက်ရင် ပျော့ညံ့သွားတဲ့စိတ်ထားလေးလည်းရှိနေပါတယ်။

သူမဟာ ကြောင်လေးတွေကို နူးညံ့စွာပွေ့ဖက်ပြီး သူမဘယ်လောက်ချစ်တယ်ဆိုတာကို ဓာတ်ပုံထဲမှာမြင်တွေ့ခံစားနိုင်ပါတယ်။ ကလေးမလေးက သူမရဲ့ rosy cheeks တွေနဲ့အလွန်ချစ်ဖို့ကောင်းပြီး မျက်လုံးကြီးကြီးလေးနဲ့ဆွဲဆောင်မှုရှိတယ်လို့မထင်ဘူးလားဗျာ။ သူမလည်း သူမရဲ့စွန့်စားခန်းတွေကိုဆက်ဖွင့်ပြီး ကမ္ဘာကြီးကိုသူမကိုယ်ပိုင်နည်းလမ်းနဲ့ဆက်လက်စူးစမ်းနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာ။

Mia (KB Chimmy One)

  • Leave a Comment

Categories