မြွေပွေးကိုပါးစပ်နဲ့ငုံပြတဲ့ ရုရှားလယ်သမား၊ လျှာကို မြွေအကိုက်ခံခဲ့ရ

ရုရှားလယ်သမားတစ်ဦးဟာ အတတ်ဆန်းပြီး မြွေးပွေးကို ပါးစပ်နဲ့ ငုံပြခဲ့ရာ၊ ကံဆိုးစွာပဲ မြွေက ရန်ပြုတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ အဲဒီ လယ်သမားဟာ စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ အသက်ကတော့ (၅၅)နှစ်လို့ သိရပါတယ်။ သူဟာ လုပ်ဖော်ကိုင်ဘက်တွေကြားမှာ ဒီ မှားယွင်းတဲ့ ပြကွက်ကို ပြခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ Astrakhan မြို့အပြင်က ဖရဲစိုက်ခင်းတစ်ခုမှာ ဖြစ်ခဲ့တာပါ။ သူ့ရဲ့ မိုက်ရူးရဲဆန်တဲ့လုပ်ရပ်ကို လုပ်ဖော်ကိုင်ဘက်တွေက အော်ဟစ်ကောင်းချီးပေးနေတဲ့အသံကိုလည်း ဗွီဒီယိုဖိုင်ထဲမှာ ကြားနေရပါတယ်။ မြွေပွေးကတော့ အကောင်ပေါက်အရွယ်သာ ရှိသေးပြီး၊ ဘယ်လိုပဲဖြစ်ဖြစ် အဆိပ်နဲ့သတ္တဝါဆိုတာ ငယ်သည်ကြီးသည်မဟူ ဆိုးကျိုးပေးနိုင်ပါတယ်။

မြွေပွေးကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ပြီးနောက် အဲဒီလယ်သမားဟာ ပါးစပ်ထဲကို ဖြေးညှဉ်းစွာ ငုံပြခဲ့ပါတယ်။ မြွေပွေးကလည်း ဒေါသထွက်ထွက်နဲ့ လယ်သမားရဲ့လျှာကို မိမိရရ ပြန်ကိုက်နိုင်ခဲ့ပါတယ်။ လယ်သမားဟာ လျှာကို အကိုက်ခံရပေမယ့် ဘာမှမဖြစ်ဖူးဆိုပြီး ပေါ့တန်စွာ နေခဲ့တာပါ။

သတင်းမှာ ဖော်ပြချက်အရတော့ ဒီမတိုင်ခင်ကတည်းက အဲဒီလူကြောင်ဟာ မြွေကို နှစ်ကြိမ်တိုင်တိုင် ငုံပြခဲ့တယ်လို့ ဆိုပါတယ်။ သုံးကြိမ်မြောက်မှာ သူ ကံဆိုးခဲ့တာပါ။ မြွေပွေးကတော့ ဖရဲစိုက်ခင်းထဲမှာ တွေ့ခဲ့ရတာပါ။ Steppe viper မြွေပွေးအမျိုးအစားဖြစ်ပြီး၊ အဆိပ်ပြင်းတဲ့အုပ်စုထဲမှာ မပါဝင်လို့ လယ်သမားက ပေါ့လျှော့နေခဲ့ပါတယ်။

နာရီပိုင်းအကြာမှာ သူရဲ့လျှာနဲ့ လည်ပင်ဟာ ရောင်ကိုင်းလာခဲ့ပါတယ်။ အသက်ရှူလို့မဝတော့တာကြောင့် ဆေးရုံအမြန်ပြခဲ့ရာ၊ Quincke’s edema ဆိုတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဒေါက်တာတွေက ပြောပါတယ်။ အဲဒီနောက် အလွန်စိုးရိမ်ရတဲ့ anaphylactic လို့ခေါ်တဲ့ ဓာတ်မတည့်မှုကို ဆက်လက်ခံစားခဲ့ရတာပါ။

သူ့ကို Kharabalinskiy ခရိုင်ဆေးရုံမှာ ကုသခဲ့ရာ နောက်ဆုံးမှာတော့ အသက်ဆုံးပါးခဲ့ရပါတယ်။ သူ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။Steppe viper မြွေပွေးရဲ့အဆိပ်ဟာ သာမန်အားဖြင့်တော့ လူကို မသေစေနိုင်ဘူးလို့ သိရပါတယ်။

Credit-လင်းသုတ

Ref ; The Sun

Zawgyi

ေႁမြေပြးကိုပါးစပ္နဲ႔ငုံျပတဲ့ ႐ုရွားလယ္သမား၊ လွ်ာကို ေႁမြအကိုက္ခံခဲ့ရ

႐ုရွားလယ္သမားတစ္ဦးဟာ အတတ္ဆန္းၿပီး ေႁမြးေပြးကို ပါးစပ္နဲ႔ ငုံျပခဲ့ရာ၊ ကံဆိုးစြာပဲ ေႁမြက ရန္ျပဳတိုက္ခိုက္တာကို ခံခဲ့ရပါတယ္။ အဲဒီ လယ္သမားဟာ စစ္ဝတ္စုံကို ဝတ္ဆင္ထားၿပီး၊ အသက္ကေတာ့ (၅၅)ႏွစ္လို႔ သိရပါတယ္။ သူဟာ လုပ္ေဖာ္ကိုင္ဘက္ေတြၾကားမွာ ဒီ မွားယြင္းတဲ့ ျပကြက္ကို ျပခဲ့တာပါ။

ဒီအျဖစ္အပ်က္ဟာ Astrakhan ၿမိဳ႕အျပင္က ဖရဲစိုက္ခင္းတစ္ခုမွာ ျဖစ္ခဲ့တာပါ။ သူ႔ရဲ႕ မိုက္႐ူးရဲဆန္တဲ့လုပ္ရပ္ကို လုပ္ေဖာ္ကိုင္ဘက္ေတြက ေအာ္ဟစ္ေကာင္းခ်ီးေပးေနတဲ့အသံကိုလည္း ဗြီဒီယိုဖိုင္ထဲမွာ ၾကားေနရပါတယ္။ ေႁမြေပြးကေတာ့ အေကာင္ေပါက္အ႐ြယ္သာ ရွိေသးၿပီး၊ ဘယ္လိုပဲျဖစ္ျဖစ္ အဆိပ္နဲ႔သတၱဝါဆိုတာ ငယ္သည္ႀကီးသည္မဟူ ဆိုးက်ိဳးေပးႏိုင္ပါတယ္။

ေႁမြေပြးကို ပိုင္ပိုင္ႏိုင္ႏိုင္ ကိုင္တြယ္ၿပီးေနာက္ အဲဒီလယ္သမားဟာ ပါးစပ္ထဲကို ေျဖးညႇဥ္းစြာ ငုံျပခဲ့ပါတယ္။ ေႁမြေပြးကလည္း ေဒါသထြက္ထြက္နဲ႔ လယ္သမားရဲ႕လွ်ာကို မိမိရရ ျပန္ကိုက္ႏိုင္ခဲ့ပါတယ္။ လယ္သမားဟာ လွ်ာကို အကိုက္ခံရေပမယ့္ ဘာမွမျဖစ္ဖူးဆိုၿပီး ေပါ့တန္စြာ ေနခဲ့တာပါ။

သတင္းမွာ ေဖာ္ျပခ်က္အရေတာ့ ဒီမတိုင္ခင္ကတည္းက အဲဒီလူေၾကာင္ဟာ ေႁမြကို ႏွစ္ႀကိမ္တိုင္တိုင္ ငုံျပခဲ့တယ္လို႔ ဆိုပါတယ္။ သုံးႀကိမ္ေျမာက္မွာ သူ ကံဆိုးခဲ့တာပါ။ ေႁမြေပြးကေတာ့ ဖရဲစိုက္ခင္းထဲမွာ ေတြ႕ခဲ့ရတာပါ။ Steppe viper ေႁမြေပြးအမ်ိဳးအစားျဖစ္ၿပီး၊ အဆိပ္ျပင္းတဲ့အုပ္စုထဲမွာ မပါဝင္လို႔ လယ္သမားက ေပါ့ေလွ်ာ့ေနခဲ့ပါတယ္။

နာရီပိုင္းအၾကာမွာ သူရဲ႕လွ်ာနဲ႔ လည္ပင္ဟာ ေရာင္ကိုင္းလာခဲ့ပါတယ္။ အသက္ရႉလို႔မဝေတာ့တာေၾကာင့္ ေဆး႐ုံအျမန္ျပခဲ့ရာ၊ Quincke’s edema ဆိုတဲ့အေျခအေနကို ရင္ဆိုင္ေနရတယ္လို႔ ေဒါက္တာေတြက ေျပာပါတယ္။ အဲဒီေနာက္ အလြန္စိုးရိမ္ရတဲ့ anaphylactic လို႔ေခၚတဲ့ ဓာတ္မတည့္မႈကို ဆက္လက္ခံစားခဲ့ရတာပါ။

သူ႔ကို Kharabalinskiy ခ႐ိုင္ေဆး႐ုံမွာ ကုသခဲ့ရာ ေနာက္ဆုံးမွာေတာ့ အသက္ဆုံးပါးခဲ့ရပါတယ္။ သူ႔အမည္ကိုေတာ့ သတင္းမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။Steppe viper ေႁမြေပြးရဲ႕အဆိပ္ဟာ သာမန္အားျဖင့္ေတာ့ လူကို မေသေစႏိုင္ဘူးလို႔ သိရပါတယ္။

Credit-လင္းသုတ

Ref ; The Sun

  • Leave a Comment

Categories