အင်ဒိုနီးရှားနိုင်ငံ၊ ကမ်ပါမြို့အနီးက သစ်တောနယ်မြေတစ်ခုမှာ ရှားပါးအရွယ်အစားရှိတဲ့ ဧရာမစပါးအုံးမြွေကြီးတစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ သစ်တောဝန်ထမ်းတွေက ဖမ်းမိခဲ့တာဖြစ်ပြီး၊
မြွေကြီးဟာ အရှည်(၃၀)ပေရှိကာ၊ အလေးချိန် (၂၂၅)ပေါင်နီးပါး လေးကြောင်း သိရပါတယ်။ ဒီမြွေကြီးဟာ အနီးအနားရွာတစ်ခုကို ဝင်ရောက်မင်းမူခဲ့တာကြောင့် ဒေသခံရွာသားတွေနဲ့ သစ်တောအရာရှိတွေ ပူးပေါင်းဖမ်းဆီးခဲ့ကြပါတယ်။
မြွေကြီးကို ကမ်ပါအခြေစိုက် သစ်တောဌာနတစ်ခုမှာ တိုင်းထွာ ချိန်တွယ်ခြင်း ပြုခဲ့ကြပြီး၊ ပီလာလာဝန်စီရင်စုအတွင်းက သစ်တောအတွင်း ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
အခု ဖမ်းမိခဲ့တဲ့ မြွေကြီးဟာ (၂၀၁၈)ခုနှစ်က ဆီအုန်းစိုက်ခင်းအလုပ်သမလေးတစ်ယောက်ကို မျိုသွားတဲ့မြွေကြီးထက် ပိုပြီး ကြီးမား ရှည်လျှားကြောင်း သိရပါတယ်။ အဲဒီမြွေကြီးတုန်းကတော့ (၂၃)ပေအရှည်ရှိပြီး၊ ရွာသားတွေက ဖမ်းဆီးသုတ်သင်ခဲ့တာပါ။
Credit-လင်းသုတ
Ref ; The Sun
Zawgyi
ေပ(၃၀)အရွည္ရွိၿပီး (၂၂၅)ေပါင္ေလးတဲ့ စပါးအုံးေႁမြႀကီးကို အင္ဒို႐ြာသားမ်ားဖမ္းမိ
အင္ဒိုနီးရွားႏိုင္ငံ၊ ကမ္ပါၿမိဳ႕အနီးက သစ္ေတာနယ္ေျမတစ္ခုမွာ ရွားပါးအ႐ြယ္အစားရွိတဲ့ ဧရာမစပါးအုံးေႁမြႀကီးတစ္ေကာင္ကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ သစ္ေတာဝန္ထမ္းေတြက ဖမ္းမိခဲ့တာျဖစ္ၿပီး၊
ေႁမြႀကီးဟာ အရွည္(၃၀)ေပရွိကာ၊ အေလးခ်ိန္ (၂၂၅)ေပါင္နီးပါး ေလးေၾကာင္း သိရပါတယ္။ ဒီေႁမြႀကီးဟာ အနီးအနား႐ြာတစ္ခုကို ဝင္ေရာက္မင္းမူခဲ့တာေၾကာင့္ ေဒသခံ႐ြာသားေတြနဲ႔ သစ္ေတာအရာရွိေတြ ပူးေပါင္းဖမ္းဆီးခဲ့ၾကပါတယ္။
ေႁမြႀကီးကို ကမ္ပါအေျခစိုက္ သစ္ေတာဌာနတစ္ခုမွာ တိုင္းထြာ ခ်ိန္တြယ္ျခင္း ျပဳခဲ့ၾကၿပီး၊ ပီလာလာဝန္စီရင္စုအတြင္းက သစ္ေတာအတြင္း ျပန္လည္ လႊတ္ေပးခဲ့ေၾကာင္း သိရပါတယ္။
အခု ဖမ္းမိခဲ့တဲ့ ေႁမြႀကီးဟာ (၂၀၁၈)ခုႏွစ္က ဆီအုန္းစိုက္ခင္းအလုပ္သမေလးတစ္ေယာက္ကို မ်ိဳသြားတဲ့ေႁမြႀကီးထက္ ပိုၿပီး ႀကီးမား ရွည္လွ်ားေၾကာင္း သိရပါတယ္။ အဲဒီေႁမြႀကီးတုန္းကေတာ့ (၂၃)ေပအရွည္ရွိၿပီး၊ ႐ြာသားေတြက ဖမ္းဆီးသုတ္သင္ခဲ့တာပါ။
Credit-လင္းသုတ
Ref ; The Sun