ချောမောလှပတဲ့ Nastya Zhidkova အမည်ရှိဒီမိန်းကလေးဟာ ယူကရိန်းမှ ၂၂ နှစ်အရွယ် albino မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သူမဟာ ငယ်ရွယ်စဉ်ကတည်းက albinism တစ်ဦးဖြင့် ကြီးပြင်းလာခဲ့ပါတယ်။ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာ အဖြူရောင်ဖြစ်နေပြီး သူမရဲ့ဆံပင်များကလည်း သဘာဝအတိုင်း platinum blonde ရောင်ဖြစ်နေပါတယ်။ Albinism ကြောင့် သူမရဲ့မျက်လုံးများရဲ့အရောင်ဟာ သူမအား အိမ်မက်ဆန်စေပြီး ဒီကမ္ဘာကြီးနှင့်ကွဲထွက်သွားစေမဲ့ ထူးခြားတဲ့ပန်းရောင်မျိုးဖြစ်နေပါတယ်။ သူမရဲ့တည်ရှိမှုဟာ နတ်သမီးတစ်ပါးက မိုးပေါ်ကနေ နတ်သက်ကြွေလာသကဲ့လို့ အိမ်မက်ဆန်လှပါတယ်။ သူမရဲ့ထူးခြားတဲ့ရုပ်ရည်ကြောင့် သူမဟာ ငယ်စဉ်ကတည်းက အခြားသူတွေရဲ့စူးစမ်းလိုတဲ့အကြည့်ကို ခံရလေ့ရှိပါတယ်။ Natsya ဟာ သူမငယ်စဉ်က ရွယ်တူများရဲ့ခွဲခြားဆက်ဆံခြင်းနှင့်လှောင်ပြောင်ခြင်းတို့ကို မကြာခဏခံခဲ့ရပါတယ်။
သူမဟာ ကြီးပြင်းလာသည်နှင့်အမျှ တဖြည်းဖြည်း introverte ဆန်လာပြီး ထူးခြားတဲ့သူမရဲ့အသွင်အပြင်ကြောင့် အခြားသူများနှင့်လည်း အနေဝေးကွာလာခဲ့ပါတယ်။ သို့ပေမဲ့ ကံကောင်းစွာနဲ့ပဲ မော်ဒယ်ကုမ္ပဏီတစ်ခုက သူမရဲ့ထူးခြားတဲ့အသားအရောင်နဲ့အသွင်အပြင်ကို သဘောကျခဲ့ပြီး ၎င်းတို့ရဲ့အေဂျင်စီမှာမော်ဒယ်အဖြစ် လက်မှတ်ထိုးစေဖို့ဆုံးဖြတ်ခဲ့ပါတယ်။
၎င်းမော်ဒယ်လ်အေဂျင်စီတွင် Natsya ဟာ မော်ဒယ်အလုပ်နှင့်လှပတဲ့ဓာတ်ပုံများရိုက်ကူးရန် အခွင့်အလမ်းများကို လက်ခံရရှိခဲ့ပါတယ်။ Natsya ၏အဖြူရောင်အသွင်အပြင်နှင့်ပန်းရောင်မျက်လုံးများဟာ သူမရဲ့မွေးရာပါဗီဇချို့ယွင်းချက်များဖြစ်သော်လည်း ၎င်းဟာ မော်ဒယ်လ်လောကတွင်လည်း သူမရဲ့ထူးခြားတဲ့လက္ခဏာဖြစ်လာခဲ့ပါတယ်။
မော်ဒယ်တစ်ယောက်အဖြစ် သူမရဲ့အနုပညာအလုပ်ကိုစတင်ကတည်းကပင် သူမဟာ အင်တာနက်ပေါ်မှာနာမည်ကြီးလာခဲ့ပြီး “အလှဆုံးနတ်သမီးလေး” အဖြစ် ကြေငြာခြင်းခံခဲ့ရပါတယ်။ သူမရဲ့ဓာတ်ပုံတွေကိုမြင်လိုက်တဲ့ Netizens တွေကလည်း သူမရဲ့ရုပ်ရည်ဟာ အံ့မခန်းလှပပြီး သူမဟာသေမင်းကမ္ဘာမှာနတ်သမီးလေးတစ်ယောက်ဆိုတာသေချာတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Natsya နှင့်ပတ်သက်၍ netizens များရဲ့သဘောထားကို သင်သဘောတူရဲ့လားဗျာ။ Natsya က မော်ဒယ်တစ်ယောက်အဖြစ် သူမရဲ့အနုပညာအလုပ်တွေကိုဆက်လုပ်သွားမယ်လို့မျှော်လင့်ပြီး သူမကို စူပါမော်ဒယ်ဖြစ်လာဖို့လည်းမျှော်လင့်နေမိပါတယ်။
Mia (Mckzone daily)