ခွေးလေးနဲ့အတူ လေယာဉ်စင်းလုံးငှားပြီး ခရီးထွက်ခဲ့တဲ့ အိန္ဒိယသူဌေးမတစ်ဦး

အိန္ဒိယနိုင်ငံက သူဌေးမတစ်ဦးဟာ သူမရဲ့ အချစ်တော်ခွေးလေးနဲ့အတူ လေယာဉ်စင်းလုံးပြတ်ငှားရမ်းပြီး ခရီးထွက်ခဲ့တယ်လို့ ဒေသခံသတင်းတွေက ဖော်ပြကြပါတယ်။ ဒီလုပ်ရပ်ဟာ အများအမြင်မှာတော့ ဝါကြွားလွန်းရာ ကျတဲ့ကိစ္စရပ်တစ်ခုလို့ ရှုမြင်နေကြပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အဆိုပါ သူဌေးမကြီးဟာ မွန်ဘိုင်းကနေ ချန်နိုင်းကို ပြီးခဲ့တဲ့စက်တင်ဘာ(၁၅)ရက်က လေယာဉ်စင်းလုံးပြတ် ငှားရမ်းခဲ့တာဖြစ်ပြီး၊ အဲဒီခရီးစဉ်မှာ သူမရဲ့အိမ်အကူလည်း ပါဝင်တယ်လို့ သိရပါတယ်။ Business class ခုံ(၁၂)ခုံစလုံးကို ဘွတ်ကင်တင်ခဲ့တာလို့ သိရပြီး၊

ခုံ(၁၂)လုံးအတွက် အမျိုးသမီးနှစ်ဦးနဲ့ ခွေးတစ်ကောင်သာ အဲဒီခရီးစဉ်မှာ ပါဝင်ပါတယ်။ အဆိုပါ ခရီးစဉ်အတွက် Business class တစ်ခုံလျှင် ရူပီး(၂၀၀၀၀)အထိ ကျသင့်ပြီး၊ အဲဒီသူဌေးမအနေနဲ့ ခုံ(၁၂)လုံးအတွက် ရူပီး (၂၅၀၀၀၀)အထိ ကုန်ကျခဲ့တာဖြစ်ပါတယ်။

ကန်ဒေါ်လာ (၃၄၀၀)လောက် ကုန်ကျခဲ့တာမို့ အချို့သတင်းရင်းမြစ်တွေကတော့ စင်းလုံးပြတ် လေယာဉ်ငှားရမ်းတာမဟုတ်နိုင်ကြောင်း၊ လေယာဉ်တစ်စီးရဲ့ သီးခြားခုံတွေကိုသာ ဝယ်ယူခဲ့ပုံရပြီး-

အခြားတန်းမှာလည်း အချို့ခရီးသည်တွေ ပါဝင်နိုင်ကြောင်း ထောက်ပြခဲ့ပါတယ်။ အဲဒီ လေယာဉ်ခရီးစဉ်ဟာ အချိန်(၂)နာရီကြာတဲ့ ခရီးစဉ်ဖြစ်ပြီး ပြေးဆွဲခဲ့တဲ့ လေကြောင်းလိုင်းကတော့ အိန္ဒိယအမျိုးသားလေကြောင်းလိုင်း ဖြစ်ပါတယ်။

အိန္ဒိယလေကြောင်းလိုင်းရဲ့ သတ်မှတ်ချက်မှာတော့ ခရီးသည်တစ်ဦး အများဆုံး အိမ်မွေးတိရစ္ဆာန်(၂)ကောင်အထိ ခေါ်ယူနိုင်ကြောင်း အဲဒီတိရစ္ဆာန်တွေအတွက် Cabin class မှာ မဖြစ်မနေ ဘွတ်ကင်လုပ်ရကြောင်း သိရပါတယ်။ အခု ခွေးလေးရဲ့အမည်ကတော့ Bela လို့ သိရပြီး Maltese မျိုးစိတ်လို့ သိရပါတယ်။ အမျိုးသမီးနာမည်ကိုတော့ သတင်းတွေမှာ ဖော်ပြချင်း မရှိပါဘူး။

Credit-လင်းသူရိန်

Ref ; WorldOfBuzz

Zawgyi

ေခြးေလးနဲ႔အတူ ေလယာဥ္စင္းလုံးငွားၿပီး ခရီးထြက္ခဲ့တဲ့ အိႏၵိယသူေဌးမတစ္ဦး

အိႏၵိယႏိုင္ငံက သူေဌးမတစ္ဦးဟာ သူမရဲ႕ အခ်စ္ေတာ္ေခြးေလးနဲ႔အတူ ေလယာဥ္စင္းလုံးျပတ္ငွားရမ္းၿပီး ခရီးထြက္ခဲ့တယ္လို႔ ေဒသခံသတင္းေတြက ေဖာ္ျပၾကပါတယ္။ ဒီလုပ္ရပ္ဟာ အမ်ားအျမင္မွာေတာ့ ဝါႂကြားလြန္းရာ က်တဲ့ကိစၥရပ္တစ္ခုလို႔ ရႈျမင္ေနၾကၿပီး ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။

အဆိုပါ သူေဌးမႀကီးဟာ မြန္ဘိုင္းကေန ခ်န္ႏိုင္းကို ၿပီးခဲ့တဲ့စက္တင္ဘာ(၁၅)ရက္က ေလယာဥ္စင္းလုံးျပတ္ ငွားရမ္းခဲ့တာျဖစ္ၿပီး၊ အဲဒီခရီးစဥ္မွာ သူမရဲ႕အိမ္အကူလည္း ပါဝင္တယ္လို႔ သိရပါတယ္။ Business class ခုံ(၁၂)ခုံစလုံးကို ဘြတ္ကင္တင္ခဲ့တာလို႔ သိရၿပီး၊

ခုံ(၁၂)လုံးအတြက္ အမ်ိဳးသမီးႏွစ္ဦးနဲ႔ ေခြးတစ္ေကာင္သာ အဲဒီခရီးစဥ္မွာ ပါဝင္ပါတယ္။ အဆိုပါ ခရီးစဥ္အတြက္ Business class တစ္ခုံလွ်င္ ႐ူပီး(၂၀၀၀၀)အထိ က်သင့္ၿပီး၊ အဲဒီသူေဌးမအေနနဲ႔ ခုံ(၁၂)လုံးအတြက္ ႐ူပီး (၂၅၀၀၀၀)အထိ ကုန္က်ခဲ့တာျဖစ္ပါတယ္။

ကန္ေဒၚလာ (၃၄၀၀)ေလာက္ ကုန္က်ခဲ့တာမို႔ အခ်ိဳ႕သတင္းရင္းျမစ္ေတြကေတာ့ စင္းလုံးျပတ္ ေလယာဥ္ငွားရမ္းတာမဟုတ္ႏိုင္ေၾကာင္း၊ ေလယာဥ္တစ္စီးရဲ႕ သီးျခားခုံေတြကိုသာ ဝယ္ယူခဲ့ပုံရၿပီး-

အျခားတန္းမွာလည္း အခ်ိဳ႕ခရီးသည္ေတြ ပါဝင္ႏိုင္ေၾကာင္း ေထာက္ျပခဲ့ပါတယ္။ အဲဒီ ေလယာဥ္ခရီးစဥ္ဟာ အခ်ိန္(၂)နာရီၾကာတဲ့ ခရီးစဥ္ျဖစ္ၿပီး ေျပးဆြဲခဲ့တဲ့ ေလေၾကာင္းလိုင္းကေတာ့ အိႏၵိယအမ်ိဳးသားေလေၾကာင္းလိုင္း ျဖစ္ပါတယ္။

အိႏၵိယေလေၾကာင္းလိုင္းရဲ႕ သတ္မွတ္ခ်က္မွာေတာ့ ခရီးသည္တစ္ဦး အမ်ားဆုံး အိမ္ေမြးတိရစာၦန္(၂)ေကာင္အထိ ေခၚယူႏိုင္ေၾကာင္း အဲဒီတိရစာၦန္ေတြအတြက္ Cabin class မွာ မျဖစ္မေန ဘြတ္ကင္လုပ္ရေၾကာင္း သိရပါတယ္။ အခု ေခြးေလးရဲ႕အမည္ကေတာ့ Bela လို႔ သိရၿပီး Maltese မ်ိဳးစိတ္လို႔ သိရပါတယ္။ အမ်ိဳးသမီးနာမည္ကိုေတာ့ သတင္းေတြမွာ ေဖာ္ျပခ်င္း မရွိပါဘူး။

Credit-လင္းသူရိန္

Ref ; WorldOfBuzz

  • Leave a Comment

Categories