မိုးရာသီ၌ ဗွက်တောကြီးဖြစ်နေသော တောတောင်လမ်းများကို ဖြတ်သွားခဲ့ရသော်လည်း ကျောင်းသားတွေ စာတတ်မြောက်ရေးကို ဦးစားပေးကာ သွားရောက်ပြီး သင်ကြားပေးနေသော ဆရာ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တောင်တန်းဒေသတွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းလေးတစ်ကျောင်းတွင် တာဝန်ကျသော ဆရာတစ်ဦးသည် ကျောင်းသို့ သွားရာလမ်းတစ်လျှောက်လုံး ဗွက်တောကြီးဖြစ်နေကာ ခဏခဏချော်လဲပြီး အဆင်မပြေဖြစ်ခဲ့သည်။

ထိုလမ်းများသည် မိုးရာသီတွင် ပို၍သွားလာရခက်ပြီး ချော်လဲသည့်အခါ အချိန်မရွေး ချောက်ထဲပြုတ်ကျနိုင်သည်ထိ အန္တရာယ်များလှကာ တော်ရုံဆရာဆရာမများမှာ စာသင်ပေးဖို့ရာ မလာရဲကြပေ။

သို့သော်လည်း Keအမည်ရှိသော ဆရာတစ်ဦးသည် သွားရေးလာရေးခက်ခဲသော ကျောင်းတွင် ကလေးတွေ စာသင်ပေးရခြင်းကို စိတ်ဓာတ်ကျပြီး အရှုံးပေးတာမျိုးမရှိပဲ စေတနာ မေတ္တာအပြည့်အဝထားကာ စာသင်ပေးခဲ့ခြင်းဖြင့် ဒေသခံလူများဧ။် ချီးကျူးခြင်းများစွာကို ခံခဲ့ရသည်။

Hlaing (Love Feeling)

Zawgyi





Hlaing (Love Feeling)

  • Leave a Comment

Categories