မိခင်ဖြစ်သူက အလုပ်လက်မဲ့ဖြစ်တဲ့အတွက် အိမ်မှာလျှပ်စစ်မီးမရှိတာကြောင့် လမ်းပေါ်ထွက်ကာ လမ်းမီးအောက်မှာ စာလုပ်နေလေ့ရှိတဲ့ ကောင်လေး

လွန်ခဲ့သောရက်အနည်းငယ်က Kenya နိုင်ငံ Mombasa မြို့တွင် လူငယ်တစ်ဦးဟာ နေအိမ်၌မီးမရှိသောကြောင့် ညဘက်တွင်အိမ်စာလုပ်နိုင်ရန် လမ်းပေါ်ထွက်ကာ လမ်းမပေါ်မှာ စာလုပ်နေခဲ့တဲ့ဓာတ်ပုံများဟာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဓာတ်ပုံများကို Facebookတွင် ဝေမျှခဲ့သော Emmanuel Mbaji Mruu အမည်ရှိ netizen တစ်ဦး၏အဆိုအရ အဆိုပါ Salim Khamisi အမည်ရှိကောင်လေးတစ်ဦးဟာ Kenya နိုင်ငံ Shanzu Mtwapa ပြည်နယ်ရှိ Jola Urabi မူလတန်းမှခြောက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ သို့သော် ကောင်လေးဟာ သူ့မိဘရဲ့ငွေရေးကြေးရေးအခက်အခဲနှင့် tokens များဝယ်နိုင်ခြင်းမရှိတာကြောင့် လျှပ်စစ်မီး၏အကျိုးကျေးဇူးကို မခံစားနိုင်ခဲ့ပါဘူး။

” ဇွဲလုံ့လကိုငါမြင်ရတယ်၊ သူ့ထဲမှာ လူကောင်းတစ်ယောက်ကိုငါတွေ့ရတယ်၊ ငါတို့ဒီ ဦးနှောက်ကိုကူညီကြမလား ” ဟု Mruu က သူ့ caption မှာ ထိုကဲ့သို့ရေးသားကာ လူအများအား ထိုမိသားစုကို ကူညီဖေးမပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Mruu က Salim ဟာ အလုပ်လက်မဲ့ဖြစ်တဲ့မိခင်နှင့်တောင်ယာလုပ်သားတစ်ဦး ဖြစ်တဲ့ ဦးလေးနှင့်အတူနေထိုင်ကြောင်းပြောကြားခဲ့ပါတယ်။ အိမ်ကိုငှားပြီး ၎င်းမိသားစုဟာ အိမ်ဌားခ တစ်လလျှင် KSh 135 နှင့် နေ့စဉ် မီးမှိန်မှိန်လေးကိုထွန်းရန်လည်း ပေးဖို့ကျန်ပါသေးတယ်။

ယနေ့ခေတ်အနေနဲ့ အိမ်တစ်အိမ်မှာ လျှပ်စစ်မီးရှိခြင်းက အိမ်မှုကိစ္စအဝဝကို အလွယ်လေးလုပ်နိုင်သလို အထူးသဖြင့် ကလေးများရှိတဲ့အိမ်များအနေနဲ့ ကလေးတွေရဲ့စာကြည့်ချိန်မှာကောင်းမွန်စွာ စာလေ့လာနိုင်ပြီး ကလေးတွေရဲ့အနာဂတ်ကို အခွင့်အလမ်းပိုရှိစေပါတယ်။

ထို့ကြောင့် Mruu က ဆင်းရဲနွမ်းပါးမှုကြောင့် Salim ၏ကြံ့ကြံ့ခံနိုင်မှုနှင့်ပညာရေးအတွက်ထက်သန်မှုတို့ဖြင့် အကူအညီတောင်းခံလိုက်တဲ့အခါ လူအများက အကူအညီပေးရန် များစွာ တုံ့ပြန်ပေးခဲ့ကြပါတယ်။

စေတနာထက်သန်သူအတော်များများက ကောင်လေးအားသူ၏ဘဝကိုကူညီပေးမည့်စိတ်ကောင်းနှလုံးကောင်းရှိသော Kenyans ဘုတ်အဖွဲ့ကိုခေါ်ဆောင်ရန် မျှော်လင့်ချက်တစ်ခုကို စတင်ခဲ့ကြပါတယ်။

ဒီစိတ်ကူးဟာ မိသားစုအတွက် ဆိုလာပြားနှင့် battery တစ်လုံးကို ဝယ်ပေးဖို့ဖြစ်ပြီး အဆိုပါကောင်လေးဟာလည်း tokens တွေအကြောင်းစိတ်မပူဘဲ ညဘက်တွေမှာ အိမ်စာကောင်းကောင်းလုပ်နိုင်ဖို့အတွက်ဘဲ ဖြစ်ပါတယ်။

Mia (Mckzone daily)

  • Leave a Comment

Categories