မင်္ဂလာပါ။အပြစ်အနာအဆာ ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကို ကြည့်ရတာ စိတ်ကို ကျေနပ်စေပါတယ်။ ဒါကြောင့်လည်း အင်တာနက်ပေါ်မှာ ပြီးပြည့်စုံတဲ့ ဓာတ်ပုံတွေကို အများက မျှဝေနေကြတာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကလည်း မြင်လိုက်တာနဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်ပြီး သက်တောင့်သက်သာ ဖြစ်သွားမှာ သေချာလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။
(၁)
ကိတ်မုန့်ကို ပြီးပြည့်စုံအောင် အလှဆင်ရရုံနဲ့တင် ကိတ်မုန့်လုပ်သူတွေက တစ်ပန်းသာနေပြီ။
(၂)
ပန်းကန်ထဲ ထည့်စီထားတာကြောင့် ပန်းပွင့်ကြီးလို ဖြစ်နေတဲ့ အာလူးကြော်
(၃)
ရေထဲက အရိပ်နဲ့ ပေါင်းပြီး အရမ်းလှတဲ့ လပုံစံဖြစ်နေတဲ့ တံတား
(၄)
စိတ်ကျေနပ်စရာအကောင်းဆုံး သကြားလုံးပုလင်း
(၅)
ကော်ဖီခွက်ထည့်တဲ့ အပေါက်နဲ့ ကော်ဖီခွက်နဲ့ လှပနေချက်
(၆)
ကားပေါ်ကနေ စောင်လျှောကျသလိုဖြစ်နေတဲ့ နှင်းခဲကြီး
(၇)
ခြံစည်းရိုးကအရိပ်ကြောင့် လမ်းမပေါ်မှာ ပေါ်နေတဲ့ အရိပ်တွေဖြစ်ပါတယ်။ စိတ်ကျေနပ်စရာကောင်းတာကြောင် အလှကျောက်ပြားတွေကပ်ထားသလိုပဲ
(၈)
မုန့်သားအလွှာလေးတွေကို စနစ်တကျ လှီးဖြတ်ထားတာ သဘောကျဖို့ကောင်းတယ်။
(၉)
အလွဲအမှား လုံးဝမရှိဘဲနဲ့ တပ်ဆင်ထားတဲ့ ကြမ်းခင်း
(၁၀)
စာမေးပွဲဖြေဆိုရန်အတွက် စနစ်တကျ စီစဉ်ထားတဲ့ ခုံများ..စနစ်ကျလွန်းလို့ ကျောင်းသားတွေတောင် ကျောချမ်းမယ်ထင်ပါရဲ့
(၁၁)
သစ်ပင်တွေက စီတန်းပြီး လှပစွာ ပေါက်နေတော့ ပန်းချီကားတစ်ချပ်လို့ ထင်မိတာ မမှားလောက်ပါဘူးနော်။
(၁၂)
သဘာဝအတိုင်း ဝိုင်းစက်နေတဲ့ ကျောက်တုံး
(၁၃)
မီးမကျွမ်းသွားဘဲ အကျက်ညီနေတဲ့ ဂျယ်လီ
(၁၄)
အရောင်နဲ့တကွ သေချာစီထားတဲ့ ချောကလက်လုံးလေးများ
(၁၅)
သံပုရာသီးစိတ်ကြောင့် ကိုလာတွေက အောက်ကို ဆက်မကျသွားဘဲ ခုလို ဖြစ်နေတာပဲဖြစ်ပါတယ်။
(၁၆)
စိတ်ကျေနပ်စရာကောင်းတဲ့ hala သီးရဲ့ အတွင်းဘက်ပိုင်း
(၁၇)
ဇနီးဖြစ်သူရဲ့ လက်ထပ်လက်စွပ်နဲ့ ခင်ပွန်းဖြစ်သူရဲ့ လက်ထပ်လက်စွပ်တို့က အံ့ဝင်ခွင်ကျ
(၁၈)
ပြီးပြည့်စုံအောင် အလုပ်လုပ်တတ်တဲ့ဆုကိုတော့ ဒီကြိုးတွေကိုဆက်ပေးထားတဲ့ လျှပ်စစ်အင်ဂျင်နီယာကို ပေးသင့်ပြီ.
(၁၉)
အံ့သြဖို့ကောင်းအောင်ကို ကျေနပ်ဖို့ကောင်းတဲ့ ကျောက်တုံးတာဝါ
(၂၀)
အပြာစစ်စစ် မဖြစ်သွားခင် လှပနေတဲ့ သုတ်ဆေးဘူး
(၂၁)
အအေးဘူးကို ရောနှောမထားဘဲ စနစ်တကျ မျိုးတူလေးတွေ စီလိုက်တော့ လှလည်းလှတယ်။ ကိုယ်လိုချင်တာကိုလည်း အဆင်သင့်ယူရုံပဲ
(၂၂)
ရေခဲမုန့်က အပြစ်အနာအဆာ မရှိဘဲ လှလွန်းလို့..
(၂၃)
ဖုန်းကို အရောင်လေးတွေ ကိုက်အောင် စီစဉ်ထားတာ…
(၂၄)
အပေါ်ယံအခွံခွာလိုက်တာ ခုလို ပြီးပြည့်စုံမှုကို မြင်တွေ့လိုက်ရတာပါပဲ
(၂၅)
ကားမောင်းသူတိုင်း သဘောကျလောက်မယ့် ဓာတ်ပုံတစ်ပုံ
(၂၆)
ကော်ဇောနဲ့ ကြမ်းခင်းတို့ရဲ့ ပြီးပြည့်စုံမှု
(၂၇)
မြင်လိုက်တာနဲ့ စိတ်ကျေနပ်မှုရသွားစေမယ့် စနစ်တကျ ခင်းကျင်းပြသထားမှု
(၂၈)
ဘူးလေးတွေ စီထားတာများ စနစ်ကျ လှပလိုက်တာ
(၂၉)
နံရံပေါ်က ပန်းချီကားတစ်ချပ်လိုမျိုး လှပနေတဲ့ ရှုခင်း
(၃၀)
ဒီလိုမျိုးတိုက်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အတော်လေးလည်း ပြီးပြည့်စုံတယ်။
ဖော်ပြပေးခဲ့တဲ့ ပြီးပြည့်စုံလှတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ဝမ်းသာကျေနပ်မှုတွေကို ခံစားခဲ့ရလား ပရိသတ်တို့ရေ။ ကိုယ်တိုင်ရော ပြီးပြည့်စုံလှတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးဖူးလား။ ပြန်ပြီးတော့ မျှဝေပေးခဲ့ပါအုံးနော်။
Ref;Brightside
Credit-celeguru