သမီးလေးကို စနောက်ပြီး ငပျောသီးကို လက်ဆောင်ပေးခဲ့သော်လည်း ဖခင်ကပေးလိုက်သော လက်ဆောင်ကို စိတ်မပျက်ဘဲ အပျော်ကြီးပျော်နေသည့် အသက်၂နှစ်အရွယ်သမီးလေး

မိဘများနှင့် သားသမီးတို့ဟာ ငယ်စဉ်ကတည်းကပင် နှလုံးသားချင်းသာမကဘဲ စိတ်ချင်းလည်း ရင်းနှီးလှသော ဆက်ဆံရေးမျိုးဖြင့် တည်ဆောက်ထားသင့်သည်ဟု ထင်မြင်မိပေသည်။သို့မှသာလျှင် သားသမီးတို့၏ ဘဝဟာ ပိုမိုပြီးပြည့်စုံကာ ပျော်ရွင်ချမ်းမြေ့စေမှာဖြစ်ပါတယ်။

ယခုတွင်လည်း ဖခင်တစ်ဦးဟာ သမီးဖြစ်သူကို စနောက်သည့်သဘောဖြင့် ငပျောသီးလေးကို သေချာထုတ်ပိုးပြီး လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပါတယ်။ဖခင်က သမီးလေးဟာ လက်ဆောင်ကိုမြင်သွားခဲ့လျှင် စိတ်ဆိုးမည်ဟု ထင်မြင်ထားခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း သမီးလေးဟာ စိတ်းဆိုးခြင်းလုံးဝမရှိသည့်အပြင် ဖခင်ပေးသောလက်ဆောင်ကို တန်ဖိုးထားခဲ့ပြီး ပျော်ရွင်စွာဖြင့်ပင် ဘေး၌ရှိနေသောမိခင်ကို ခွာခိုင်းပြီး တစ်ခါတည်း စားသောက်ခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories