နေ့စဉ်သုံးပစ္စည်းတွေနဲ့ အိုင်ဒီယာကောင်းတို့ပေါင်းစပ်ကာ ထွက်ပေါ်လာတဲ့ ပီပြင်လှတဲ့ အနုပညာလက်ရာတွေ

အိုင်ဒီယာကောင်းလွန်းတဲ့ ဒီပန်းချီဆရာက အမြဲတမ်း လူတွေကိုဆွဲဆောင်နိုင်မယ့် ပန်းချီတွေကို ဖန်တီးပေးချင်သူ တစ်ယောက်ပါ။ သူဟာ ဒီနှစ်သြဂုတ်လကနေစတင်ပြီး ‘Life in a Notebook’ ဆိုတဲ့ ဖန်တီးမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖန်တီးမှုလက်ရာတွေဟာ သူ့ရဲ့ပန်းချီလက်ရာတွေကို နေ့စဉ်သုံးပစ္စည်းတွေကို အသုံးပြုပြီး ဖန်တီးပေါင်းစပ်ထားတဲ့ ပြီးပြည့်စုံတဲ့ သရုပ်ဖော်မှုလေးတွေ ဖြစ်စေခဲ့ပါတယ်။ ဒီလက်ရာတွေက အရမ်းကိုခမ်းနားနေတာမဟုတ်ပေမယ့် ကြည့်ရှုသူ့ရဲ့စိတ်တွေကို ဆွဲခေါ်ဆောင်သွားနိုင်တဲ့ လက်ရာမြောက်အနုပညာတွေပဲ ဖြစ်ပါတယ်။

သူ့ရဲ့ဖန်တီးမှုတွေဟာ ကြည့်ရှုသူတွေကို စိတ်ပျော်ရွှင်မှုပေးနိုင်ဖို့ကို ရည်ရွယ်ပြီး ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။

သူအသုံးပြုထားတဲ့ ပစ္စည်းတွေဟာ အလွယ်တကူပဲတွေ့ရတတ်တဲ့ စာအုပ်တွေ၊ paper clip ‌တွေ၊ binder clip တွေ၊ အကြွေစေ့၊ ခဲတံ၊ computer mouse ၊ မျက်မှန်ထည့်တဲ့ဘူး၊ ဘက်ထရီ၊ ခဲဖျက်၊ သစ်ရွက်၊ ကြယ်သီး၊ ဆေးထိုးအပ်၊ ဖုန်း၊ သွားကြားထိုးတံ၊ နာရီနဲ့ တစ်ခြားသော အသုံးအဆောင်တွေကို လိုက်ဖက်စွာပေါင်းစပ်ဖန်တီးထားတဲ့ လက်ရာမြောက်အနုပညာတွေပဲ ဖြစ်ပါတယ်။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

Credit-SHWEMOM

photos from oddlysequential.sl’s instagram

  • Leave a Comment

Categories