ခန္ဓာကိုယ်ဝတာ၊ ပိန်တာဟာ အရေးမပါကြောင်းကို ဆယ်လီတွေရဲ့ဝတ်စုံတွေဝတ်ဆင်ပြီး သက်သေပြခဲ့တဲ့ Katie Sturino

Megababe ကိုတည်ထောင်သူ၊ ‘Body Talk’ ကိုရေးသားသူ Katie Sturino ဟာ နာမည်ကြီးဆယ်လီတွေရဲ့ ဝတ်စုံကိုလိုက်ဝတ်ဆင်ပြီး အင်တာနက်ပေါ်မှာ လူစိတ်ဝင်စားမှုတွေ ထပ်မံရရှိခဲ့ပြန်ပါတယ်။ Katie က ဘယ်လိုခန္ဓာကိုယ်ပုံစံမျိုးမဆို လှပတယ်လို့ယုံကြည်ထားပြီး ကိုယ့်ကိုယ်ကို ပိန်တယ်လို့ထင်ရလောက်အောင်နဲ့ မော်ဒယ်စံနှုန်းတွေကို လိုက်နာပြီး ဝတ်စုံတွေကို ဝတ်ဆင်ဖို့မလိုကြောင်းကို သက်သေပြခဲ့တာ ဖြစ်ပါတယ်။ Katie ရဲ့ပုံတွေဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကြောင့် ယုံကြည်မှုအားနည်းနေသူတွေအတွက် တကယ့်ကို စိတ်အားတက်ကြွစေမှာ အမှန်ပါ။

Katie ဟာ ဖက်ရှင်နယ်ပယ်အတွင်း ဘယ်လိုခန္ဓာကိုယ်ဆိုဒ်မျိုးကိုမဆို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေအတွက် တိုက်ပွဲဝင်ပေးနေသူပါ။ သူမဟာ #SupersizeTheLook လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် ပုံစံမျိုးစုံနဲ့ အရွယ်အစားအားလုံးဟာ လိုချင်တဲ့ပုံစံကို ဝတ်ဆင်နိုင်ကြောင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။
အင်တာဗျူးမှာ Katie က သူမရဲ့နောက်ဆုံးပရောဂျက်တွေ၊ ဖက်ရှင်နယ်ပယ်မှာ လက်ရှိလက်ခံထားတဲ့ ဆိုဒ်အခြေအနေတွေ၊ နွေရာသီနဲ့ ဆောင်းဦးရာသီမှာ အမျိုးသမီးတွေအတွက် သူမရဲ့စတိုင်လ်အကြံပြုချက်တွေကို ပြောပြခဲ့ပါတယ်။

Katie က သူမဂုဏ်အယူရဆုံးအရာဟာ သူမနောက်ဆုံးထွက်ရှိထားခဲ့တဲ့ ‘Book Talk’ စာအုပ်ဖြစ်ပြီး ဒါဟာ သင့်ရဲ့အနက်ရှိုင်းဆုံး ခန္ဓာကိုယ်ပြသနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ လမ်းညွှန်ချက်စာအုပ် ဖြစ်ပါတယ်။ “ဒီစာအုပ်ကနေ ကျွန်မရခဲ့တဲ့ တုံ့ပြန်မှုဟာ အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းပြီး အကျိုးရှိပါတယ် ဒါဟာ ကပ်ရောဂါဖြစ်နေတဲ့ အခြေအနေမှာ ကျွန်မနဲ့တစ်ခြားသူတွေအတွက် တောက်ပတဲ့အလင်းရောင်တစ်ခု ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ဒီလိုအခြေအနေမျိုးမှာ ကိုယ်အလေးချိန်တက်ဖို့ကို အာရုံစိုက်တာက ကပ်ရောဂါကြီးကနေ လွတ်မြောက်နိုင်ဖို့ အရေးကြီးတဲ့အချက်ဖြစ်ပြီး ဒီလိုအခြေအနေကို ကျော်ဖြတ်ပေးမယ့် ခန္ဓာကိုယ်ပဲဖြစ်ပါတယ် ဒါကြောင့် သင့်ရဲ့အဝတ်အစားပုံစံတွေနဲ့ သင့်ခံစားချက်ထက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကို အသိအမှတ်ပြု တန်ဖိုးထားလက်ခံတတ်ဖို့က ပိုအရေးကြီးပါတယ်” လို့ Katie က ဆိုပါတယ်။

Katie ရဲ့ပန်းတိုင်က ခန္ဓာကိုယ်အရွယ်အစား အမျိုးမျိုးရှိတဲ့ အမျိုးသမီးတွေကို ခွန်အားပေးဖို့ဖြစ်ပြီး သူတို့ကို ယုံကြည်မှုပိုရှိစေရန် ကူညီခြင်း၊ သူတို့ရဲ့စတိုင်လ်တွေကို ဂုဏ်ပြုခြင်းနဲ့ အရွယ်အစားအားလုံးကို အသိအမှတ်ပြုခြင်းတို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ခန္ဓာကိုယ်ပုံစံဟာ ဘယ်လိုဆိုဒ်ပဲဖြစ်နေပါစေ ကိုယ်တိုင်ယုံကြည်မှုရှိနေဖို့က အဓိကအကျဆုံးဖြစ်တယ်လို့ Katie က အကြံပြုထားတာ ဖြစ်ပါတယ်။

Credit-SHWEMOM

Photos from katie stuniro’s instagram

  • Leave a Comment

Categories