လူများစွာတို့သည် မိမိတို့မွေးမြူထာသော တိရိစ္ဆာန်လေးတွေကိုလည်း မိသားစုဝင်များအနေဖြင့် သတ်မှတ်ထားကြတာဖြစ်ပါတယ်။အမှန်တကယ်တွင်လည်း တိရိစ္ဆာန်လေးတွေဟာ မိသားစုဝင်အဖြစ်သတ်မှတ်ရသည်အထိပင် သခင်အပေါ်တွင် သစ္စာရှိသူများဖြစ်ကြပါတယ်။
သို့သော်လည်း လူသားအချို့အနေဖြင့် တိရိစ္ဆာန်လေးများကို လူသားတစ်ဦးကံသို့ ပြုမူဆက်ဆံနိုင်ကြမည်မဟုတ်ပေ။အမျိုးသားတစ်ဦးကတော့ သူမွေးမြူထားသည့် ခွေးကလေးတစ်ကောင်ကို သူငယ်ချင်းကဲ့သို့ပင် ပြုမူဆက်ဆံနေခဲ့တာလည်းဖြစ်ပါတယ်။ခွေးကလေးကို ဆိုင်ကယ်ဦးထုပ်ဆောင်းစေပြီး ဆိုင်ကယ်နောက်မှတင်ဆောင်ကာ လူသားတစ်ဦးလို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
လမ်းပေါ်တွင် မြင်တွေ့သူအချို့ဟာဆိုလျှင် ခွေးကလေးကဆိုင်ကယ်စီးနေသည်ဟုပင် သတိမထားမိဘဲ လူတစ်ဦးလိုက်စီးလာကြသည်ဟုသာ ထင်မှတ်နေခဲ့ကြတာဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ခပ်တည်တည်ဖြင့် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး လူသားတစ်ဦးလို ဆိုင်ကယ်နောက်မှလိုက်စီးနေသည့် ခွေးတစ်ကောင်ကြောင့် လူအများမှ အလွန်သဘောကျနေရသည့်အဖြစ်
Shoon (Cele Daily)