ဖိလစ်ပိုင်လူမျိုးများစွာက ပိုကောင်းပြီး ပိုတာရှည်ခံတဲ့ လက်လုပ်ဖိနပ်ကို စတိုင်ကျကျ ကိုယ်တိုင်ပြုလုပ်ပြီး သူတို့ရဲ့ ကမ္ဘာ့အဆင့်မှီအရည်အသွေးများကြောင့် လူကြိုက်များလာသည်ကို မြင်ရသည်မှာ အလွန်ကောင်းမွန်ပါတယ် ။ Zedric Zaragoza အမည်ရှိ အမျိုးသားက ပြည်တွင်းဖြစ်ကုန်အမှတ်တံဆိပ်များနဲ့ ကုန်အမှတ်တံဆိပ်များရဲ့ ပိုင်ရှင်ဖြစ်ပါတယ် ။ Abaca ကျတောါ ကမ္ဘာပေါ်မှာ အသန်ဆုံးအမျှင်များထဲမှတစ်ခုဖြစ်ကြောင်း သိရပါတယ် ။ Abaca မှ ထုတ်လုပ်တဲ့ အရည်အသွေးမြင့် ထုတ်ကုန်များက ကြာရှည်ခံသည်ကို သိရှိထားသောကြောင့် Zedric Zaragoza က ဖိနပ်တစ်ရံဖန်တီးရန် ပစ္စည်းကိုရှာတဲ့အခါ ဖိလစ်ပိုင်က Abaca ကို ရွေးချယ်ခဲ့လိုက်ပါတယ် ။
Zaragoza ဟာ သူ့ရဲ့ လုပ်ငန်းကိုစတင်တဲ့ အခါ ၎င်းဖိနပ်က ဖက်ရှင်လောကမှာ အသစ်အဆန်းမဟုတ်ခဲ့ပေမဲ့ Zaragoza က သူ့ရဲ့ ကိုယ်ပိုင်နာမည်ကို ကုန်အမှတ်တံဆိပ်အဖြစ် သုံးရန်ဆုံးဖြတ်ခဲ့ပါတယ် ။ သူကဆင်းရဲတဲ့မိသားစုမှာကြီးပြင်းခဲ့တာကြောင့် အခြားလူတွေကို လှုံ့ဆော်ပေးဖို့ သူ့ရဲ့အကြောင်းကို ဝေမျှခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ် ။ ဒါဟာ သူ့မိသားစုကို ဆင်းရဲတွင်းကနေရုန်းထွက်ဖို့ သူ့ရဲ့ ပန်းတိုင်ပါပဲ ။ အဲဒါက သူ့အိပ်မက်တွေကို ရောက်ဖို့ ပိုကြိုးစားရုန်းကန်စေခဲ့တယ် လို့ Zaragoza က ပြောပြလာခဲ့ပါတယ် ။
Zaragoza ဟာ သူရဲ့ idol Mr. Robin Padilla နဲ့ မကြာသေးမီက အင်တာဗျူးခံခဲ့ရတယ်လို့ Zaragoza က Facebook မှာ ပြောပြလာခဲ့ပါတယ် ။ Zaragoza ရဲ့ထုတ်ကုန်များအကြောင်း လေ့လာပြီးနောက် အထူးသဖြင့် သူ့ရဲ့ ကုန်အမှတ်တံဆိပ်က ပြည်တွင်းအောင်မြင်ကျော်ကြားသူတွေဆီကနေ တစ်ဟုန်ထိုးကျော်ကြားစေခဲ့ပါတယ် ။ Unisex Abaca ဖိနပ်တစ်ရံနဲ့ ပျော်ရွှင်စွာစီးကြသူအချို့မှာ နာမည်ကြီး PBA ကစားသမား Barkley Eboñaနဲ့ Alaska Aces မှ Jaycee Marcelino တို့ပါဝင်ခဲ့ပါတယ် ။
JRose (KB Chimmy One)
Zawgyi
မိသားစုေတြကို ဆင္းရဲတြင္းကေန ႐ုန္းထြက္ေစႏိုင္ရန္ လက္လုပ္ဖိနပ္မ်ား ကိုယ္တိုင္ျပဳလုပ္ၿပီး ေအာင္ျမင္မႈရရွိေနတဲ့ အမ်ိဳးသား
ဖိလစ္ပိုင္လူမ်ိဳးမ်ားစြာက ပိုေကာင္းၿပီး ပိုတာရွည္ခံတဲ့ လက္လုပ္ဖိနပ္ကို စတိုင္က်က် ကိုယ္တိုင္ျပဳလုပ္ၿပီး သူတို႔ရဲ႕ ကမာၻ႔အဆင့္မွီအရည္အေသြးမ်ားေၾကာင့္ လူႀကိဳက္မ်ားလာသည္ကို ျမင္ရသည္မွာ အလြန္ေကာင္းမြန္ပါတယ္ ။ Zedric Zaragoza အမည္ရွိ အမ်ိဳးသားက ျပည္တြင္းျဖစ္ကုန္အမွတ္တံဆိပ္မ်ားနဲ႔ ကုန္အမွတ္တံဆိပ္မ်ားရဲ႕ ပိုင္ရွင္ျဖစ္ပါတယ္ ။ Abaca က်ေတာါ ကမာၻေပၚမွာ အသန္ဆုံးအမွ်င္မ်ားထဲမွတစ္ခုျဖစ္ေၾကာင္း သိရပါတယ္ ။ Abaca မွ ထုတ္လုပ္တဲ့ အရည္အေသြးျမင့္ ထုတ္ကုန္မ်ားက ၾကာရွည္ခံသည္ကို သိရွိထားေသာေၾကာင့္ Zedric Zaragoza က ဖိနပ္တစ္ရံဖန္တီးရန္ ပစၥည္းကိုရွာတဲ့အခါ ဖိလစ္ပိုင္က Abaca ကို ေ႐ြးခ်ယ္ခဲ့လိုက္ပါတယ္ ။
Zaragoza ဟာ သူ႔ရဲ႕ လုပ္ငန္းကိုစတင္တဲ့ အခါ ၎ဖိနပ္က ဖက္ရွင္ေလာကမွာ အသစ္အဆန္းမဟုတ္ခဲ့ေပမဲ့ Zaragoza က သူ႔ရဲ႕ ကိုယ္ပိုင္နာမည္ကို ကုန္အမွတ္တံဆိပ္အျဖစ္ သုံးရန္ဆုံးျဖတ္ခဲ့ပါတယ္ ။ သူကဆင္းရဲတဲ့မိသားစုမွာႀကီးျပင္းခဲ့တာေၾကာင့္ အျခားလူေတြကို လႈံ႕ေဆာ္ေပးဖို႔ သူ႔ရဲ႕အေၾကာင္းကို ေဝမွ်ခဲ့တယ္လို႔ ရွင္းျပခဲ့ပါတယ္ ။ ဒါဟာ သူ႔မိသားစုကို ဆင္းရဲတြင္းကေန႐ုန္းထြက္ဖို႔ သူ႔ရဲ႕ ပန္းတိုင္ပါပဲ ။ အဲဒါက သူ႔အိပ္မက္ေတြကို ေရာက္ဖို႔ ပိုႀကိဳးစား႐ုန္းကန္ေစခဲ့တယ္ လို႔ Zaragoza က ေျပာျပလာခဲ့ပါတယ္ ။
Zaragoza ဟာ သူရဲ႕ idol Mr. Robin Padilla နဲ႔ မၾကာေသးမီက အင္တာဗ်ဴးခံခဲ့ရတယ္လို႔ Zaragoza က Facebook မွာ ေျပာျပလာခဲ့ပါတယ္ ။ Zaragoza ရဲ႕ထုတ္ကုန္မ်ားအေၾကာင္း ေလ့လာၿပီးေနာက္ အထူးသျဖင့္ သူ႔ရဲ႕ ကုန္အမွတ္တံဆိပ္က ျပည္တြင္းေအာင္ျမင္ေက်ာ္ၾကားသူေတြဆီကေန တစ္ဟုန္ထိုးေက်ာ္ၾကားေစခဲ့ပါတယ္ ။ Unisex Abaca ဖိနပ္တစ္ရံနဲ႔ ေပ်ာ္႐ႊင္စြာစီးၾကသူအခ်ိဳ႕မွာ နာမည္ႀကီး PBA ကစားသမား Barkley Eboñaနဲ႔ Alaska Aces မွ Jaycee Marcelino တို႔ပါဝင္ခဲ့ပါတယ္ ။
JRose (KB Chimmy One)