ခန္ဓာကိုယ်ကြွက်သားတည်ဆောက်ပုံကို အမျိုးသားများ သာမက အမျိုးသမီးများပါ စိတ်ဝင်စားကြပြီး အံ့အားသင့်ဖွယ် ပုံစံအဖြစ် ပြောင်းလဲတတ်ကြသည်။
သို့ဖြစ်၍ ရုရှားနိုင်ငံမှ Natalya Kuznetsova အမည်ရှိ အသက် ၃၀နှစ်အရွယ် မိန်းကလေးသည် အလေးချိန် ၄၀ကီလိုဂရမ်ရှိခဲ့သော မိန်းမလှလေးတစ်ယောက်ကနေ မြင်သူတိုင်း ငေးမောအားကျစေမည့် ကာယဗလမယ်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သည်။
မိန်းကလေးသည် ခန္ဓာကိုယ်ကြွက်သားတည်ဆောက်ပုံနှင့် ပက်သက်ပြီး အားကစားလုပ်ရခြင်းကို အသက် ၁၄နှစ်အရွယ်ကတည်းက စပြီးစိတ်ဝင်စားခဲ့သည်။
ထို့ကြောင့် မိန်းကလေးသည် အားကစားအတွက် အချိန်များစွာပေးခဲ့ရင်း ကြိုးစားအားထုတ်ခဲ့ခြင်းဖြင့် ကြွက်သားတည်ဆောက်မှုသင်တန်းပေးဆရာတစ်ယောက်အဖြစ် ရပ်တည်လျက်ရှိသည်။
မိန်းကလေးသည် ရုရှားကာယဗလမယ် အဆင့်၃၀ချန်ပီယံဆုကို ရရှိထားပြီး နာမည်ကြီးလာခဲ့ရာ အပြင်ထွက်သည့်ခါတိုင်း သူမနှင့်ဓာတ်ပုံတွဲရိုက်ရန် တောင်းဆိုခဲ့ကြသည်။
Hlaing (Love Feeling)
Zawgyi
အမျိုးသားများ အားကျရသည့် ဗိုက်ကြွက်သားအလှ 6-packs အား ပိုင်ဆိုင်ထားသော မိန်းကလေး
Hlaing (Love Feeling)