သူ့ရဲ့အိမ်နားက ဖားတွေရဲ့သဘာဝ ဓာတ်ပုံတွေကို ရိုက်ကူးဝေမျှခဲ့တဲ့ ဓာတ်ပုံဆရာ Ajar Setiadi

အင်ဒိုနီးရှား တောရိုင်းတိရိစ္ဆာန် ဓာတ်ပုံဆရာ Ajar Setiadi ဟာ အင်ဒိုနီးရှားနိုင်ငံ Bogor မြို့ရှိ သူ့ရဲ့အိမ်အနီးမှာနေထိုင်တဲ့ ဖားတွေကို ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ဓာတ်ပုံတွေဟာ အရောင်အသွေးစုံတိရိစ္ဆာန်တွေရဲ့ သဘာဝဆန်အပြုအမူလေးတွေကို ဖော်ပြနေတာဖြစ်ပါတယ်။ Setiadi ဟာ ဒီတိရိစ္ဆာန်တွေကို အိမ်မွေးတိရိစ္ဆာန်တွေလိုမျိုး ပြုမူဆက်ဆံပြီး သူ့ရဲ့ဥယျာဉ်တွင် ဒီအကောင်လေးတွေကို ဓာတ်ပုံရိုက်ဖို့ ကင်မရာနဲ့ဖမ်းယူလိုက်တဲ့အချိန်မှာပဲ သေးငယ်တဲ့အံ့သြဖွယ်ရာ တစ်ခုလိုမျိုးခံစားရတယ်လို့ ဆိုပါတယ်။

သူရိုက်ကူးထားတဲ့ ပုံတစ်ပုံထဲတွင်တော့ ဖားတစ်ကောင်ဟာ ထီးလိုမျိုးအရွက်တစ်ရွက်ကို ကိုင်ထားခဲ့တာဖြစ်ပြီး တစ်ခြားဓာတ်ပုံတစ်ပုံတွင်တော့ ဖားနှစ်ကောင် ကခုန်နေတာကို တွေ့နိုင်ပါတယ်။ Setiadi ဟာ အရမ်းကိုထူးခြားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ခဲ့ပြီး ဖားတွေဟာ မုန်တိုင်းအတွင်းတွင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတဲ့ သူငယ်ချင်းနှစ်ဦး သို့ ချစ်သူနှစ်ဦးနဲ့ တူနေတာဖြစ်ပါတယ်။

တောရိုင်းတိရိစ္ဆာန် ဓာတ်ပုံဆရာ Setiadi ဟာ အမျိုးမျိုးသော တိရိစ္ဆာန်တွေရဲ့ လျို့ဝှက်ဘဝကို အမြဲစိတ်ဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။ Setiadi ရဲ့ဓာတ်ပုံအများစုဟာ သဘာဝကိုရိုက်ကူးထားတဲ့ ပုံတွေဖြစ်ပြီး သူ့ရဲ့အိမ်အနီး အချိန်တော်တော်များများ အကုန်ခံကာ ရိုက်ကူးထားခဲ့တဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာတွေ့ရတဲ့ ဖားတွေဟာာ အင်ဒိုနီးရှား Bogor နဲ့ အာရှတစ်ခွင်လုံးတွင်တွေ့ရတဲ့ ဖားတွေကို ရိုက်ကူးထားခဲ့တာပါ။

Setiadi ရဲ့အနီးကပ် ရိုက်ကူးထားတဲ့ ထူးခြားတဲ့ ဓာတ်ပုံတွေဟာ သူ့ရဲ့အရည်အချင်းတွေကို အတိုင်းသာမြင်သာနိုင်ပါတယ်။ Setiadi က သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ သူဟာမိုးရွာတာကို နှစ်သက်တာဖြစ်ပြီး ဒါက Australian green tree frogs တွေကို မြင်တွေ့ရတဲ့အတွက်ကြောင့်လု့ိ ဆိုပါတယ်။ ဖားတွေဟာ ပန်းများ၊ ဟင်းသီးဟင်းရွက်များနဲ့ အခြားအပင်များအောက်တွေမှာ ခိုလှုံလေ့ရှိကြကြောင်းကို ဓာတ်ပုံဆရာက ပြောပြထားပါသေးတယ်။

Setiadi ဟာ ဓာတ်ပုံအနည်းငယ်ကိုသာ ရိုက်ကူးနိုင်ခဲ့ပေမယ့်လို့ သူတစ်ခါမှမမြင်ဖူးတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေဟာ ဓာတ်ပုံပြိုင်ပွဲပေါင်းများစွာမှာ အနိုင်ရခဲ့ဖူးတာပါ။ Setiadi ဟာ ဖားပုံတွေကို ရိုက်ကူးတဲ့အပြင် အင်းဆက်များ၊ အခြားတွားသွားသတ္တဝါ အမျိုးအစားများ၊ ကြွက်များ၊ ငှက်များ၊ ငါးများနဲ့ တစ်ခါတစ်လေ လူတွေကို ဓာတ်ပုံရိုက်ရတာ သဘောကျသူတစ်ယောက်ပါ။ Setiadi က သူဓာတ်ပုံကောင်းတစ်ပုံရဖို့ အနည်းငယ်စိုစွက်နေတာမျိုးကို စိတ်မဝင်စားဘူးလု့ိ ပြောပြခဲ့ပါတယ်။

1

2

3

4

5

6

7

8

9

Credit-SHWEMOM

Photos from Ajar Setiadi’s Instagram

  • Leave a Comment

Categories