China Xinhua News ရဲ့ Facebook စာမျက်နှာမှာ Harbin ပြည်နယ်က မွေးဖွားတဲ့ အသက် ၂၈ နှစ်အရွယ် တရုတ်လူမျိုး Wang Chao ရဲ့ အဖြစ်အပျက်ကို ဖော်ပြခဲ့ပါတယ် ။ Heilongjiang ပြည်နယ်ကနေ သူဟာ လွန်ခဲ့တဲ့ ၂နှစ်က အင်္ဂလန် Coventry တက္ကသိုလ်မှ မော်တော်ကားဒီဇိုင်းဘွဲ့ရရှိခဲ့ပါတယ် ။ သူဇာတိမြေကိုပြန်လာပြီးတဲ့နောက်မှာ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ၄နှစ်တာလေ့လာခဲ့တဲ့ ဗဟုသုတတွေကို အသုံးချချင်တယ်လို့ပြောပြီး “ Dream race car” ကိုဖန်တီးခဲ့လိုက်ပါတယ် ။ အင်ဂျင်အပြင် အခြားအစိတ်အပိုင်းများ၊ ဒီပြိုင်ကားရဲ့ အစိတ်အပိုင်းများကို အခြားကားများရဲ့ ကျန်ရှိတဲ့ အစိတ်အပိုင်းများမှ တပ်ဆင်ခဲ့တာပါ ။ Wang Chao ဟာ ဒီဇိုင်း၊ ထုတ်လုပ်ခြင်းနဲ့ တပ်ဆင်ခြင်းမှ အရာအားလုံးကို သူ့ရဲ့ ကိုယ်ပိုင်စူပါကားဖြစ်တဲ့ ဇိမ်ခံကားအဖြစ် ထွက်လာသည်အထိ သူတစ်ယောက်တည်းတာ ပြုလုပ်ခဲ့တာပါ ။ ဒါဟာဒီအသက် ၂၈ နှစ်အရွယ်အတွက် ကြီးမားတဲ့အောင်မြင်မှုတွေနဲ့ မာနတစ်ခုဖြစ်ပြီး ဒါဟာပိုကြီးတဲ့ အိမ်မက်တစ်ခုရဲ့အစလည်းဖြစ်နိုင်ပါတယ် ။
1
2
3
4
5
6
7
8
Jasmine (Mckzone Daily)